ကောလဟာလတွေကို ဖြေရှင်းဖို့အတွက် လူရှေ့ထွက်လာပြီဖြစ်တဲ့ Fan Bingbing

တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ Fan Bingbingကတော့ ပရိသတ်တွေရှေ့ကနေ ပျောက်နေခဲ့တာ လာအတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူမဟာ ပရိသတ်တွေရှေ့ကနေပျောက်နေတဲ့အကြောင်းအရင်းတွေကို ပြောပြဖို့အတွက် လူတွေရှေ့ကို ပြန်ပြီး ရုပ်လုံးထွက်ပြလာခဲ့ပြီဖြစ်ပါတယ်။ Fan Bingbingကတော့ ယွမ်ပေါင်း သန်းနဲ့ချီတဲ့ အခွန်ငွေတွေကို ပေးဆောင်ဖို့အတွက် ရှောင်တိမ်းခဲ့တာဖြစ်ပါတယ်။

ABC News

Fan Bingbingကတော့ စုစုပေါင်း ယွမ် (၂၄၈) သန်းကိုပေးဆောင်ဖို့အတွက် ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ သူမကတော့ အခွန်ငွေနဲ့ ဒဏ်ကြေးအပါအဝင် ယွမ်သန်းပေါင်း (၈၈၀) ကို ပေးဆောင်ရတော့မှာဖြစ်ပါတယ်။  သတ်မှတ်ရက်အတွင်းမှာ ယွမ်သန်းပေါင်း (၈၈၀)ကို ပြန်မပေးနိုင်ခဲ့ဘူး ဆိုရင်တော့ Fan Bingbingဟာ ဒဏ်ငွေအပြင် အခြားပြစ်ဒဏ်တွေကိုပါ ခံရနိုင်ခြေရှိပါတယ်။

Vanity Fair

Fan Bingbingကတော့ သူမရဲ့ Weiboအကောင့်မှာလည်း ပြည်သူတွေနဲ့ သူမရဲ့ ပရိသတ်တွေကို သူမရဲ့ အမှားတွေအတွက် တောင်းပန်တဲ့အကြောင်းကို ပြောထားပါတယ်။ သူမရဲ့ လုပ်ရပ်တွေကြောင့် အရှက်ရမိတဲ့အကြောင်းနဲ့ ကွန်မြူနစ်ပါတီနဲ့ သူမရဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောထားပါတယ်။ ပရိသတ်တွေမရှိရင် Fan Bingbingဆိုတာ မရှိဘူးလို့လည်း သူမက ပြောထားပါသေးတယ်။

READ
အသက်(၂၃)နှစ်ပြည့်မွေးနေ့ပွဲကို လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ Demi Rose

ကနဦးပိုင်းမှာတော့ Fan Bingbingဟာ ငွေဖြူငွေမည်းပြုလုပ်တဲ့ ကိစ္စတွေမှာလည်း ပါဝင်နေတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။ အဲဒီသတင်းတွေကတော့ အခုအချိန်အထိ အခြေအမြစ်မရှိ ပျံ့နှံ့နေတုန်းပါပဲ။

ABC news

Source: Koreaboo

SHARE