Fan Bingbing ပြန်လာပြီ………

တရုတ်မင်းသမီးချော Fan Bingbing  ကတော့ အခွန်ကိစ္စပြဿနာတွေကြောင့် ပရိသတ်တွေရှေ့မှောက်ကနေ အချိန် အတော်ကြာပျောက်ဆုံးနေခဲ့သူပါ။ အနုပညာလောကကို ကျောခိုင်းတော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေလည်း အများကြီး ထွက်ပေါ်ခဲ့ပါတယ်။

အခွန်တိမ်းရှောင်တယ်ဆိုပြီး တရုတ်အာဏာပိုင်တွေက သူမကို စွဲချက်တင်ခဲ့ကာ Fan Bingbing  တစ်ယောက် ဒဏ်ကြေးအဖြစ် ဒဏ်ကြေးငွေနဲ့ အခွန်ငွေ စုစုပေါင်း ယွမ်သန်းပေါင်း ၈၈၀ ပေးဆောင်ဖို့ သတိပေးစာထုတ်ပြန်ခံခဲ့ရပါတယ်။ ဒီငွေတွေကို ပေးဆောင်ဖို့ သူမပိုင်ဆိုင်တဲ့ အဆောက်အဦး (၄၁) ခုကိုရောင်းချခဲ့ရတယ်လို့  သိရပါတယ်။

အခုအခါမှာတော့ Fan Bingbing  အတွက် စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းရှိပါတယ်။ Fan Bingbing  တစ်ယောက် အခုဆိုရင်တော့ ပရိသတ်တွေဆီကို ပြန်လာခဲ့ပါပြီ။

pinterest
pinterest
pinterest

အခွန်အရှုပ်တော်ပုံတွေ စဖြစ်တည်းက ဆိုရှယ်မီဒီယာကနေပါ ပျောက်သွားတဲ့ သူမဟာ အခုဆိုရင်တော့ ဆိုရှယ် မီဒီယာကို ပြန်သုံးနေပါပြီ။ လူထုရှေ့မှောက်ကနေတော့ (၂၀၁၈) မေနဲ့ အောက်တိုဘာလတွေက ပျောက်သွားခဲ့ပါတယ်။ အစပိုင်းမှာတော့ အခွန်ရှောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး နောက်ပိုင်း (၂၀၁၈) အောက်တိုဘာ မှာတော့ အခွန်ကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ခဲ့ပါတယ်။ ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သူမဟာ Instagram မသုံးတာ (၉)လလောက်ရှိခဲ့ပါပြီ။ အခုဆိုရင်တော့ (၉)လအတွင်းမှာ ပထမဆုံးအကြိမ် Instagram ပြန်သုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလ (၄) ရက်နေ့က ပြန်သုံးခဲ့တာပါ။ ပရိသတ်တွေအတွက် သူမရဲ့ Selfie ပုံ (၂)ပုံကို ရှယ်ပေးခဲ့ပါတယ်။ Caption မှာတော့ “ပျော်ရွှင်စရာ နှစ်သစ်ပါ..ကျန်းမာကြပါစေ..ချစ်ပါတယ်..” ဆိုပြီး ရေးထားပါတယ်။

READ
ပိန်လို့၊၀လို့ ဆိုပြီး စိတ်ညစ်နေတဲ့ မိန်းကလေးတွေ ဖတ်ကြည့်သင့်တဲ့ ဖွေးဖွေးရဲ့စာ
pinterest
IG
IG

Fan ဟာ အခွန်ပြဿနာတွေဖြစ်နေချိန်မှာ လူထုရှေ့မှောက်ကနေတင်မဟုတ်ဘဲ ဆိုရှယ်မီဒီယာပေါ်ကနေပါ လုံးဝ ပျောက် သွားခဲ့တာပါ။ တရုတ် မီဒီယာ CCTV ရဲ့ Presenter ဟောင်းတစ်ယောက်ကနေ Fan ရဲ့ Air Strik ဇာတ်ကားကစာချုပ်ပါလို့ ပြောပြီး စာချုပ်တစ်စောင်ကို ထုတ်ပြခဲ့ ပါတယ်။ အဲ့ဒီစာချုပ်မှာတော့ Fan က တရားဝင် ဖော်ပြထားတဲ့ အနုပညာကြေးက ယွမ် (၁၀)သန်း၊ တရားမ၀င် တစ်ဖက်မှာ လက်ခံထားတဲ့ အနုပညာကြေးက ယွမ် သန်း(၅၀) ဖြစ်နေခဲ့ပါတယ်။ ဒီလိုကိစ္စတွေကြောင့်လည်း Fan  ဟာ တရားမ၀င်စာချုပ်တွေကို သုံးပြီး အခွန်ပေးဆောင်ဖို့ တိမ်းရှောင်တာမျိုးတွေ လုပ်ခဲ့ တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာပါ။ Fan ဟာ တစ်ဖက်က အလုပ်တွဲလုပ်တဲ့ ကုမ္ပဏီ လုပ်ငန်းရှင်နဲ့ တရားမ၀င် စာချုပ် တစ်စောင်ချုပ်ဆိုပြီး တစ်ဖက်မှာလည်း ပေးဆောင်ရတဲ့ အခွန်လျော့အောင်  အာဏာပိုင်တွေကို ပြတဲ့ စာချုပ်တစ်စောင်ချုပ်ဆို ပြီး တစ်ဖက်လှည့် အခွန်တိမ်းရှောင်ခဲ့တယ်လို့ အာဏာပိုင်တွေဘက်က  ပြောခဲ့တာပါ။

READ
ပရိသတ်အားပေးမှု ရလိုက်ပြန်တဲ့ မအေးသောင်းရဲ့”မောင့်ကဗျာသို့ လွမ်းချင်း
pinterest
pinterest

Source: dailymail

SHARE