ပုံမှန်ဆိုရင် ပြသခွင့်မရနိုင်တဲ့ တရုတ်စီးရီး Win the World ဇာတ်ကား ပြန်လည်ပြသခွင့်ရ

Image:Youku & Fan 's IG

Fan Bingbing က တော့ အခွန် အရှုပ်တော် ပုံတွေ ကြောင့်တ ရုတ် အနုပညာ လောက နေ ပျောက် ချက် သား ကောင်း နေတာ ကြာခဲ့ပါပြီ။တရုတ် အနုပညာ လောက က နေ နှစ်နှစ် လောက် ပျောက်နေခဲ့တဲ့ သူမ က တော့ အခု ပြန် ပေါ် လာတော့မှာပါ။သူမရဲ့ တရုတ်ဒရမ်မာစီးရီး သစ်ကိုတော့ ပြ သ တော့မှာပါ။ဒီစီးရီး က  တော့ (၂၀၁၈) သူ မရဲ့ အခွန် ရှောင် အရှုပ် တော်ပုံ ကိစ္စ ကြောင့်  ဟို မ ရောက် ဒီ မ ရောက်နဲ့ မပြ ရပဲ ဖြစ် နေခဲ့တာပါ။ဒီ အ ကြောင်း ကို တော့ scmp မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Fan Bingbing 范冰冰 (@bingbing_fan) on

ဇာတ်ကားရဲ့ နာမည်က တော့ Win the World ပါ။Qin မင်းဆက် (221BC-206BC) သမိုင်း ကြောင်း ဇာတ်ကား ဖြစ်ပြီး Youku video platform က နေ ပြသမှာ လို့ တရုတ်မီဒီယာ တွေ မှာ ဖော်ပြ ခဲ့ပါတယ်။ဘယ် နေ့ ပြ မလဲ ဆိုတဲ့ ရက် အတိအကျ ကတော့ မသိရ သေးပါဘူး။ Talent Television and Film က နေမ ထုတ်ပြီး  Fan  ကတော့ ဒီကားမှာ ခေါင်းဆောင် မင်းသမီး နေရာက နေ ပါဝင် သရုပ်ဆောင်ထားတာပါ။သူမနဲ့ အတူ မင်းသား Gao Yunxiang လည်း ပါဝင် ထားပါတယ်။တရုတ်နိုင်ငံမှာတော့ ရိုက်ကူးရေး စရိတ် အများဆုံး TV စီးရီး လို့ လည်း  ပြော ကြပါတယ်။Fan က တော့ ဒီကားမှာ  Qing ဆိုတဲ့ မုဆိုးမ စွန့် ဦး တီထွင်သူ ပါ။သူမ ကတော့ တရုတ်နိုင်ငံရဲ့  ပထမ အင်ပါယာ  Qin မင်းဆက်ကို ထူထောင်မယ့် Qin Shi Huang (Gao) ကို ကူညီ ပေးခဲ့ပြီး မဟာတံတိုင်း တံတား ကြီး ကို ဆော က် တဲ့ နေရာ မှာ ငွေ ကြေး ထောက်ပံ့ ကူညီ ပေးတဲ့ သူ နေရာ ကနေ ပါဝင် မှာပါ။

READ
ဘွဲ့ မရခဲ့တဲ့အတွက် မိဘအပေါ်တာဝန်မကျေသလို ခံစားရတယ်ဆိုတဲ့ အေးမြတ်သူ
Image:Youku

ဒီစီးရီး ကတော့  ပါဝင်ထားတဲ့  ခေါင်း ဆောင် သရုပ်ဆောင် နှစ်ယောက် ကြောင့် ထုတ်လုပ်ရေး တွေ နှောင့် နှေး ခဲ့ရ တဲ့ ဇာတ်ကားပါ။Fan က အခွန် ရှောင် တဲ့ ကိစ္စ ကြောင့် ဒဏ် ငွေ ယွမ် သန်း (၆၀၀) ပေးဆောင်ခဲ့ရပါတယ်။Fan တစ်ယောက် တည်းက တင် ပြဿနာ ကြုံ ခဲ့ရတာ မဟုတ်ပဲ  မင်းသား Gao ကလည်း အမျိုးသမီး တစ်ယောက်ကို လိင် ပိုင်း ဆိုင်ရာ စော်ကား တယ်လို့ စွပ်စွဲ ခံရပြီး သြစ တြေးလျ ဆစ်ဒနီမြို့မှာ အဖမ်းခံ ခဲ့ရပါတယ်။အဲ့ဒီအမှု မပြီး ချင်း  နိုင်ငံ ထွက် ခွာ ခွင့် ကို ပိတ် ပင်ခံခဲ့ရပါတယ်။ဒီနှစ် မတ် လမှာတော့ လိင်ပိုင်းဆိုင်ရာ စွပ်စွဲ ချက်အမှု က နေ တရားသေ လွတ် လာ ခဲ့ပါတယ်။ တရုတ် ကို ပြန်ရောက်လာခဲ့ပါတယ်။

READ
ဖခင်ဖြစ်သူရဲ့ မင်္ဂလာပွဲမှာ ချစ်သူ Selena Gomez နဲ့ အတူ ပျော်မြူးနေတဲ့ JB
Image:Youku

မင်းသား Gao တစ်ယောက် ဆစ်ဒနီမှာ သော င် တင် နေလို့ မင်းသားLi Chen နဲ့ အစား ထိုးဖို့ အထိ ပါ တောင် ထုတ်လုပ်ရေးဘက်က ပြင်ဆင် ခဲ့ပါတယ်။တရုတ် အနုပညာလောကမှာတော့ အခုလို မျိုး ပြဿနာတွေ ရှိ နေတဲ့ အနုပညာရှင်တွေ ရဲ့ ဇာတ်ကားတွေကို ပြသ ခွင့် မပြု ပဲ ပိတ် ပင်ထားလေ့ရှိပါတယ်။ဒါပေမယ့်Win the World  ကို Youku မှာ ပြသမယ်ဆိုတဲ့ သတင်းကို ကြား တော့ အားလုံး အံ့အား သင့် နေကြပါတယ်။ဒါပေမယ့် အပိုင်း (၇၆)ပိုင်း ရှိတဲ့ ဇာတ်ကား ကို အပိုင်း (၆၀) ၀န်းကျင်  လောက် နဲ့ ချုံ့ ပြီး ပြသ ရမှာ ဖြစ်ပြီး တစ်ချို့ အပိုင်းတွေ ကတော့ ဖြတ် တောက် ခံရမှာပါ။

#SHWEMOM

SHARE