ဟောလိဝုဒ်ရုပ်ရှင်ကားကြီး ပြန်လည်ရိုက်ကူးတော့မယ့် Fan Bingbing

တရုတ်ရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်တဲ့ Fan Bingbing ကတော့ ရုပ်ရှင်ကားကြီး ပြန်လည် ရိုက်ကူး တော့မယ် လို့ သိရပါတယ်။အခွန်ရှောင်တဲ့ ကိစ္စတွေကြောင့် မနှစ်က ပျောက်ချင်းမလှ ပျောက်ခဲ့ရတဲ့ သူမကို အခု ဆိုရင်တော့ နိုင်ငံတကာရုပ်ရှင်ပိတ်ကားထက်မှာ ပြန်မြင်တွေ့ ရအုံးမှာပါ။အသက် (၃၇)နှစ်ရှိနေတဲ့ သူမဟာ တရုတ် ရဲ့ ၀င်ငွေ အကောင်းဆုံး မင်းသမီးတွေ ထဲက တစ်ယောက်ပါ။သူမအခု ရိုက်မယ့် ဇာတ်ကားကတော့ James Bond-style ဇာတ်ကား ဖြစ်ပြီး နာမည်ကတော့ ‘355’ပါ။ ရိုက်ကူးရေးကိုတော့ ဒီနှစ် ကုန်ပိုင်းလောက်မှာ စ တင်မှာပါ။

cfen.si
cfen.si

‘355’ မှာတော့ Fan က Jessica Chastain, Marion Cotillard, Penélope Cruz ၊ Lupita Nyong’o  တို့နဲ့ အတူတွဲ သရုပ်ဆောင် သွားမှာပါ။ရုပ်ရှင်ကားကိုတော့ ဗြိတိန်ဖွား အမေရိကန်ဒါရိုက်တာ Simon Kinberg  က ရိုက်ကူး မှာပါ။ဇာတ်ကားအတွက် တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ခန့်မှန်းချေ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ( $75) သန်း ကိုတော့ ဆုံးရှုံးခဲ့ရပါတယ်။ပရောဂျက်အတွက် ထည့်ထားတဲ့ ငွေကို ရင်းနှီးမြှုပ်နှံသူတွေ ဘက်ကနေ ပြန် ထုတ် သွား တယ်လို့ သိရပါတယ်။Fan Bingbin နဲ့ အရင်က လက်တွဲ လုပ်ခဲ့ဖူးတဲ့ Huayi Brothers က ပရောဂျက် ထဲက နေ နုတ် ထွက်သွားခဲ့ပါတယ်။Huayi Brothers ကတေ့ တရုတ်ရဲ့ နာမည်ကြီး entertainment company တွေထဲက တစ်ခုပါ။

READ
ကိုယ်ဝန်ရှိနေပြီဆိုတဲ့ Kylie
cfen.si
dailymail

ဒီလို နုတ်ထွက်ရတာတွေဟာ Fan တစ်ယောက် အခွန်ရှောင်တဲ့ ကိစ္စ ကြောင့် ဖြစ်နိုင်ပါတယ်။ဒီကိစ္စဟာ သူမ အတွက် တော့ တရုတ်မှာ  အမည်းစက်တစ်ခု လို ဖြစ်နေတဲ့ ကိစ္စပါ။အခွန်ရှောင်တဲ့ ကိစ္စကြောင့် ပရိသတ် တွေ ဆီကနေ လည်း ခွင့်လွှတ်ပေးဖို့ တောင်းခံခဲ့ရ ပါသေးတယ်။’355′ ရုပ်ရှင်ဟာ အခွန်အရှုပ်တော်ပုံကိစ္စအပြီးမှာ Fan ရဲ့ ပထမဆုံး ပရောဂျက်ပါ။Weibo မှာတော့ Fan ရဲ့ အနာဂါတ်အနုပညာလှုပ်ရှားမှု အပေါ် ထောက်ခံအားပေးသူ နဲ့ ကန့်ကွက် ဆန့်ကျင်သူဆိုပြီး အုပ်စုနှစ်စုကွဲ နေပါတယ်။Fan ဟာ တစ်ဖက်ကအလုပ်တွဲ လုပ်တဲ့ ကုမ္ပဏီ လုပ်ငန်းရှင်နဲ့ ဥပဒေအရ တရားမ၀င် စာချုပ်တစ်စောင်ချုပ်ဆိုပြီး တစ်ဖက်မှာလည်း ပေးဆောင်ရတဲ့ အခွန်လျော့ အောင်  အာဏာ ပိုင်တွေ ကို ပြတဲ့ စာချုပ်တစ်စောင်ချုပ်ဆို ပြီး တစ်ဖက်လှည့် အခွန်တိမ်းရှောင်ခဲ့တယ်လို့ အာဏာ ပိုင် တွေ ဘက်က  ပြောခဲ့ပါတယ်။အခွန်ရှောင်မှုကြောင့် ဒဏ်ငွေ တရုတ်ယွမ်ငွေ သန်း(၈၀၀) ပေးဆောင်ခဲ့ရပါတယ်။

READ
အဝင်းနဲ့ရွှေမှုံရတီတို့ပါဝင်တဲ့ နာမည်ကြီးနေတဲ့"Good Kisser" Music Video
cfen.si
dailymail

Source Dailymail

SHARE