လက်လွှတ်မခံသင့်တဲ့ Fan Bingbing ရဲ့ ဇာတ်ကား( ၅)ကား

Image:IG/Fan Bingbing

Fan Bingbing ကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ပါ။သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ ကိုတော့ တရုတ်မှာတင်မကပဲ ဟောလိဝုဒ်အထိ ပါ ထိုးဖောက်နိုင်ခဲ့သူပါ။တရုတ်ရဲ့နာမည်ကြီး ထိပ်တန်း မင်းသမီး ဖြစ်ပြီး ဇာတ်ကားတွေ အများကြီးမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သူပါ။Fan Bingbing  ပါဝင် ထားတဲ့ ဇာတ်ကား ကောင်းတွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ ပရိသတ်တွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကား တစ်ချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

X-Men: Days of Future Past

 

X-Men: Days of Future Past ကတော့ Fan Bingbing  ရဲ့ ဟောလိဝုဒ်ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားပါ။စူပါဟီးရိုး ဇာတ်ကားအမျိုးအစားပါ။Iron Man 3 တုန်းက Fan Bingbing  ရဲ့ သရုပ်ဆောင်ချက်ေ တွ  အတွက် ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရ ပေမယ့်လည်း ဒီကားမှာတော့ အရင်ထက် ပိုအဆင်ပြေ လာခဲ့ပါတယ်။ဇာတ်ကား မှာတော့ အဓိက နေရာက မဟုတ်ပဲ Minor Role နေရာကနေ ပါဝင် ခဲ့ရတာပါ။

The Empress of China

The Empress of China  ကတော့ တရုတ်ရဲ့ သမိုင်းကြောင်းဇာတ်ကားလေးပါ။သူမရဲ့ ဇာတ်ကား ကောင်းတွေ ထဲက တစ်ကားပါ။(၇)နဲ့ (၈)ရာစုလောက်တုန်းက Tang  မင်းဆက် ရဲ့ အကြောင်းကို ရိုက်ပြထားတာပါ။Fan Bingbing  က Wu Zetian ဆိုတဲ့ ဧကရီ ဘုရင်မ နေရာက နေ ပါဝင် သရုပ်ဆောင်ထားတာပါ။ဒီကားမှာတော့ Fan Bingbing  အပြင် Zhang Fengyi ၊Aarif Rahman တို့ ပါဝင်ထားပါတယ်။

READ
မရိုက်စဖူး Sexy ပုံစံနဲ့ ကြော်ငြာရိုက်ကူးခဲ့တဲ့ Sooyoung(Girls’ Generation)

Lost in Beijing

Image:imdb

Lost in Beijing ဆိုတဲ့ ဇာတ်ကားမှာတော့ Tony Leung Ka-fai, Fan Bingbing, Tong Dawei, Elaine Jin တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ဒီကားကိုတော့   2007 Berlin International Film Festival မှာ ပြ သခဲ့ပါတယ်။Lost in Beijing  ကတော့ ဒါရိုက်တာ Li Yu မိန်းကလေး လိင်တူ အချစ် Fish and Elephant (2002) ၊Dam Street (2005). တို့ အပြီး တတိယမြောက် ဇာတ်ကားပါ။sex scene တစ်ချို့ ကြောင့် (၂၀၀၈) မှာ တော့ တရုတ်အာဏာ ပိုင်တွေ က ဒီဇာတ်ကားကို ပိတ်ပင်ခဲ့ပါတယ်။

READ
'I Live Alone' Reality Show မှာ ပါဝင်မယ့် Daniel Henney

Buddha Mountain


Buddha Mountain ကတော့ ဒါရိုက်တာ  Li Yu ရိုက်တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားမှာတော့ Sylvia Chang, Fan Bingbing နဲ့  Chen Bolin တို့ အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ဒီဇာတ်ကားတော့ တက္ကသိုလ်တက် ပညာသင်ရတာမျိုးကို စိတ်လုံးဝ မ၀င်စားတဲ့ လူငယ်တစ်စုရဲ့ အကြောင်းပါ။

I Am Not Madame Bovary

I Am Not Madame Bovaryကတော့ တရုတ်ဟာသ ဇာတ်ကားပါ။ဒါရိုက်တာ Feng Xiaogang ရဲ့ လက်ရာပါ။I Did Not Kill My Husband ဆိုတဲ့ Liu ရဲ့ ၀တ္ထု ကို ဇာတ်ကား အဖြစ်နဲ့ ပြန်ရိုက်ထားတာပါ။Fan Bingbing, Zhang Jiayi, Yu Hewei, Dong Chengpeng ၊ Guo Tao တို့ ပါဝင် ထားကြပါတယ်။ဒီကား ကတော့  2016 Toronto International Film Festival မှာ ပြသခဲ့ရပါတယ်။ Asia Pacific Screen Awards ပွဲမှာ Best Achievement in Directing (Feng Xiaogang)  က ရခဲ့ပါတယ်။

Ref;scmp

SHARE