Lady Gaga နဲ့ Bradley Cooper တို့နှစ်ဦးကြားက ဂယက်ကို ပိုမြင့်တက်သွားစေတဲ့ ဓာတ်ပုံ

Lady Gaga နဲ့ Bradley Copper တို့နှစ်ဦးဟာ “A Star is Born” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးနောက်မှာ တိတ်တခိုးချစ်နေကြတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Warner Bros Pictures

Lady Gaga ကတော့ လူလွတ်အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် Bradley Cooper ကတော့ Irine Shayk နဲ့ သူမနဲ့ရထားခဲ့တဲ့ အသက် (၁) နှစ်အရွယ်သမီးလေး Lea ရှိနေပါတယ်။

Wire Image

အဓိကဂရက်ကတော့ “A Star is Born” ရုပ်ရှင် ရိုက်ကွင်းနောက်ကမြင်ကွင်းတွေရယ်၊ အင်တာဗျူးတွေရယ်နဲ့ အဓိကကတော့ Lady Gaga ရဲ့ အကြည့်တွေ၊ Bradley Cooper နဲ့ ပတ်သက်တဲ့ ပြောပုံဆိုပုံတွေကြောင့် Lady Gaga က တစ်ဖက်သက်ချစ်နေတယ်လို့ ပရိတ်သတ်တွေက ကောက်ချက်ချခဲ့ကြပါတယ်။

အဲ့ဒီသတင်းကို ပိုပြီးလူစိတ်ဝင်စားစေခဲ့တာကတော့ “A Star is Born” ဇာတ်ကားရဲ့ premiere show မှာ Lady Gaga ဟာ Bradley Cooper တို့ ဇနီးမောင်နှံနှစ်ယောက်ကို မြင်နေရတာနဲ့တင် စိတ်ကသိကအောက်ဖြစ်နေတဲ့ပုံစံဖြစ်နေတာကြောင့်ပါ။

READ
အသည်းယားစဖွယ် ချစ်စရာကောင်းနေတဲ့ နွယ်နွယ်ထွန်းရဲ့ ခရီးသွားပုံရိပ်လေးများ
ABCျ

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Oscars ဆုပေးပွဲမှာလည်း “A Star is Born” ထဲက Shallow ဆိုတဲ့ သီချင်းကို နှစ်ယောက်သား စန္ဒယားလေးတီးရင်း အတူတူဖျောဖြေခဲ့ကြပါသေးတယ်။ Performance လုပ်နေတာမှန်ပေမယ့် နှစ်ယောက်သားကြည့်တဲ့ အကြည့်တွေ၊ အပြုအမူနဲ့လှုပ်ရှားဟန်တွေဟာ သရုပ်ဆောင်နေတာမျိုးမဟုတ်ဘဲ တကယ်ခံစားနေရတဲ့ အချစ်ရဲ့အငွေ့အသက်တွေ ပါဝင်နေတယ်ဆိုပြီး Lady Gaga ကို လူတော်တော်များများက ဝေဖန်နေကြပါတယ်။

သို့ပေမယ့် Lady Gaga ဟာ Oscar ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ ရုပ်သံလိုင်းတစ်ခုနဲ့အင်တာဗျူးအစီအစဉ်မှာတော့ သရုပ်ဆောင်သက်သက်ဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့ အခုလိုထင်တာဟာ သူတို့သရုပ်ဆောင်တာတော်လို့ဆိုတဲ့ သဘောနဲ့ ပြန်လျှောချခဲ့ပါတယ်။

သို့ပေမယ့် Lady Gaga နဲ့ Bradley Cooper တို့နှစ်ဦးကြားက ထနေတဲ့ဂယက်ကို ပြန်ပြီးအစဖော်ကာ ဇာတ်ရှိန်မြင့်တက်သွားစေတဲ့ ဓာတ်ပုံတစ်ပုံကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တုန်းက Lady Gaga ရဲ့ ပရိတ်သတ်မှပြုလုပ်ထားခဲ့တဲ့ Instagram account မှာ တင်လာခဲ့ပါတယ်။ အဲဒီပုံကတော့၂၀၁၈ စက်တင်ဘာလတုန်းက Los Angeles မှာပြုလုပ်ခဲ့တဲ့ A Star is Born premiere show တုန်းက ဓာတ်ပုံတစ်ပုံပါ။

READ
ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ဓာတ်ပုံလေးတွေတင်ပေးလိုက်တဲ့ အိန်ဂျယ်လမုန်
REX/Shutterstock

ဓာတ်ပုံကိုကြည့်မယ်ဆိုရင်တော့ သာမန်သရုပ်ဆောင်နှစ်ယောက် တွဲရိုက်ထားတဲ့ ဓာတ်ပုံလို့ မြင်မိမှာဖြစ်ပေမယ့် စူးရှတဲ့အမြင်အာရုံနဲ့ ကြည့်မယ်ဆိုရင်တော့ Bradley Cooper ရဲ့ နှုတ်လမ်းအစွန်းက အနီရောင်အပျော့လေး (၂) ခုကို ယခုလိုပဲမြင်ရမှာပါ။

REX/Shutterstock

တိုက်ဆိုင်စွာနဲ့ပဲ ဘေးနားမှာ ရပ်နေတဲ့ Lady Gaga ဆိုးထားတဲ့ နှုတ်ခမ်းနီအရောင်ကလည်း Bradley Cooper နှုတ်ခမ်းထောင့်မှာစွန်းနေတဲ့ အရောင်နဲ့ တစ်ထပ်တည်းကျနေတာဖြစ်တဲ့အတွက် နမ်းများနမ်းထားကြသလားဆိုပြီး သတင်းတွေထွက်နေကြပါတယ်။

REX/Shutterstock

သို့ပေမယ့် တချို့ကကျတော့ အနီအစွန်းကို Photoshop နဲ့ ပြင်ထည့်ထားတာဆိုပြီး ပြောနေကျသလို အနီရောင်တောင်မှပဲ မတူတဲ့အရောင်ဆိုပြီး အငြင်းပွားနေကြပါတယ်။

REX/Shutterstock

အဲဒီပွဲမစခင်အချိန်တုန်းက Bradley Cooper ရဲ့ နှုတ်မ်းထောင့်စွန့်မှာ အနီအကွက်နဲ့ တူတာဆိုလို့ တစ်ခုမှတောင်မရှိပါဘူး။

REX/Shutterstock

Source: Daily Mail

Penny

SHARE