ဗီဒီယိုရိုက်ကူးနေတဲ့ ပရိသတ်ကို တားဆီးခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီပီကာ

အိန္ဒိယနိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒီပီကာ ကတော့ သူမရဲ့ချစ်သူဖြစ်တဲ့ ရန်ဗီယာဆင်းနဲ့ တွဲလာချိန်မှာ ဗီဒီယို ရိုက်ကူးခဲ့တဲ့ ပရိသတ်တစ်ယောက်ကို တားဆီးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီပီကာ ဟာ သူမရဲ့ ရန်ဗီယာ တို့ ချစ်သူမဟုတ်ဘူးဆိုတာ မီဒီယာတွေရှေ့မှာ ငြင်းချက်ထုတ်ထားပေမယ့် သူမတို့ တစ်တွဲတွဲ ရှိနေခဲ့ကြတာကို လူတွေက သတိထားမိခဲ့ကြပါတယ်။

Style D’Mode

ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်နိုင်ငံရဲ့ Universal Studios ထဲမှာ သူမနဲ့ ရန်ဗီယာတို့ လက်တွဲပြီး လမ်းလျှောက်နေကြတုန်း ပရိသတ်တစ်ယောက်က ဗီဒီယို ရိုက်ကူးနေတာကို တွေ့ရှိသွားခဲ့တာပါ။

 

ချက်ချင်းဆိုသလိုပဲ ဒီပီကာ က အဲဒီပရိသတ်နားကို ရောက်လာခဲ့ပြီး ဒေါသထွက်နေတဲ့ အမူအရာနဲ့ ရိုက်ကူးခြင်းမပြုဖို့ တားဆီးခဲ့ပါတယ်။

READ
တတိယမြောက် ရင်သွေးလေးကို ဧပြီမှာ မွေးမယ့် Kate Middleton

 

တားဆီးဖို့ ခံခဲ့ရတဲ့ ပရိသတ်က သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ဒီပီကာနဲ့ ရန်ဗီယာတို့အတွဲဟာ ရုပ်ရှင်တွေထဲမှာသာ ကြည့်ကောင်းပြီး ဖော်ရွေမယ်လို့ ထင်ရပေမယ့် အပြင်မှာတော့ ပရိသတ်တွေကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီဗီဒီယို ကို ရိုက်ကူးခဲ့တဲ့ ပရိသတ်က ဇိုင်နက် လို့ အမည်ရတဲ့ အကောင့်ပိုင်ရှင်ပဲဖြစ်ပြီး ပရိသတ်တွေကို လေးစားမှုမရှိတဲ့ သရုပ်ဆောင်တွေအနေနဲ့ သူတို့ရဲ့ ပရိသတ်တွေကို ဆုံးရှုံးရလိမ့်မယ်လို့ ရေးသားခဲ့တာပါ။

READ
သာသနာ့ဘောင်ကနေထွက်ခွာပြီး လူဝတ်လဲလိုက်တဲ့ ထက်ထက်မိုးဦး
DNA India

ဒီပီကာရဲ့ တချို့ပရိသတ်တွေကလည်း လူတစ်ယောက်ကို ခွင့်မတောင်းပဲ ဗီဒီယိုရိုက်ကူးမှုက ရိုင်းပြတာသာဖြစ်ပြီး လူ့အခွင့်အရေးကို နားမလည်တာမျိုးလည်း ဖြစ်တယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ကြပါတယ်။

သတင်းတွေအရတော့ ဒီပီကာနဲ့ ရန်ဗီယာ တို့ဟာ ပြီးခဲ့တဲ့ (၂၀၁၃ ) ခုနှစ်ကတည်းက တွဲခုတ်ခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြေနေကြပြီး (၂၀၁၃) ခုနှစ်မှာ ရရှိခဲ့တဲ့ ဒီပီကာရဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုပေးပွဲမှာ စတင်တွေ့ရှိခဲ့ကြတာလို့ သိရပါတယ်။

Linn

Source : rvcj

 

SHARE