သင်ဇာဝင့်ကျော်ရဲ့ နာမည်ကို တက်တူးထိုးပြီးအားပေးခဲ့တဲ့ အမျိုးသမီးပရိသတ်

thinzar wint kyaw/sakarwar facebook

မြန်မာနိုင်ငံရဲ့ နာမည်ကျော် အမျိုးသမီးသရုပ်ဆောင်တွေကြားမှာ ကိုယ်ပိုင် ရပ်တည်ချက်နဲ့ အနုပညာအလုပ်တွေကို ပြုလုပ်နေသူတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူတစတ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ညို့အားပြင်းတဲ့အလှကြောင့် ပုရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားပြီး အမျိုးသမီး ပရိသတ်တွေလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။

thinzar wint kyaw facebook
thinzar wint kyaw facebook

သြဂုတ်လ ၁၈ ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်ရဲ့ အမာခံ အမျိုးသမီးပရိသတ်တစ်ယောက်က သင်ဇာဝင့်ကျော်ရဲ့ နာမည်ကို သူမရဲ့ ပုခုံးပေါ်မှာ တက်တူးထိုးခဲ့တာကို ဖေစ်ဘုတ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အဲဒီအကြောင်းကို သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပြန်လည်မျှဝေထားတာလည်းဖြစ်ပါတယ်။

sakarwar facebook
sakarwar facebook

သင်ဇာကတော့ သူမအတွက် အရမ်းကို အဓိပ္ပါယ်ရှိလွန်းပါတယ်ဆိုပြီးတော့ ဖေစ်ဘုတ်မှာရေးသားထားတာဖြစ်ပါတယ်။ သင်ဇာကတော့ သူမကို အမာခံအားပေးနေတဲ့ ပရိသတ်တွေကြောင့် အရမ်းကို ဝမ်းသာနေမှာအမှန်ပါပဲ။

thinzar wint kyaw facebook

Source: Thin Zar Wint Kyaw

SHARE