Harry Stylesနဲ့ လေယာဉ်ပေါ်မှာ ၁၀နာရီကြာ ဘေးချင်းကပ်ထိုင်ခွင့်ရခဲ့တဲ့ Alex Lomas

harry styles

Alex Lomas ဆိုတဲ့ ကောင်မလေးဟာ Harry Styles ရဲ့ ပရိတ်သတ်တွေကြားမှာတော့ ဒီရက်ထဲမှာ မနာလိုချင်စရာ
အကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ Alex Lomas ဟာ Harry နဲ့လေယာဉ်ပေါ်မှာ ၁၀နာရီကြာအောင်
ဘေးချင်းကပ်ထိုင်ခဲ့၇ပြီး စကားတွေ တောက်လျှောက်ပြောခွင့်ရခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်သူမဟာ သူမရဲ့အတွေ့
အကြုံတွေကို Social Media ပေါ်မှာ ပြန်လည် ဝေမျှခဲ့တာကြောင့် ဟယ်ရီရဲ့ မိန်းကလေး ပရိတ်သတ်တွေက မနာလို
ဖြစ်နေတာ ဖြစ်ပါတယ်။

Screen-Shot-2015-12-15-at-152724

Harry ရဲ့ ၁၀နာရီကြာ ခရီးက ဒီကောင်မလေးရဲ့ စိတ်ကူးအိမ်မက်ကို ပြည့်ဝစေခဲ့သလိုပါပဲ။ လော့စ်အိန်ဂျလိစ်ကနေ
မန်ချက်စတာကို ပျံသန်းခဲ့တဲ့ ဒီခရီးစဉ်မှာ Alex ဟာ Harry ရဲ့ Instagram ကိုကြည့်နေတုန်း ဘေးမှာ ဟယ်ရီ လာထိုင်
တာကို သိလိုက်ရတာပါ။ အဲ့ဒိကစပြီး စကားတွေ တောက်လျှောက်ပြောခဲ့ကြောင်း ပြန်ပြောပြပါတယ်။

READ
ပုံအလန်းတွေနဲ့ ပရိသတ်တွေကို ကြွေအောင်လုပ်လိုက်တဲ့ လုလုအောင်

ဟယ်ရီနဲ့အတူရိုက်ခဲ့တဲ့ Selfie အပါအဝင် အခြား Post များစွာကို တင်ခဲ့ပြီး Alex ဟာ ပျော်မဆုံးဖြစ်နေခဲ့တာပါ။ သူမ
social media ပေါ်မှာ တင်ခဲ့တဲ့ စာသားကတော့ ” ရှင်က အရမ်းချစ်ဖို့ကောင်းတာပဲ။ ရှင့်ရဲ့အချိန်တွေကိုပေးပြီး ကျွန်မ
နဲ့ စကားပြောခဲ့တဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်” ဆိုတာပဲဖြစ်ပါတယ်။

“သူအချိန်ပေးပြီး ကျွန်မနဲ့ စကားပြောခဲ့တယ်။ ကျွန်မတို့ရယ်လိုက်မောလိုက်၊ နောက်ပြောင်လိုက်နဲ့ အရမ်းကိုလှပတဲ့
အခိုက်အတန့်ပါပဲ”လို့လည်းရေးသားခဲ့ပါသေးတယ်။ ဟယ်ရီကလည်း သူ့ရဲ့ပရိတ်သတ် ကောင်မလေးကို သူဟာဒီနှစ်
အားလပ်ရက်မှာ Cheshireမှာရှိတဲ့ သူ့အိမ်ဆီပြန်မယ်ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။

“ကျွန်မတို့  ဘယ်လို ပင်ပန်းနေကြောင်း၊ ခရစ်စမတ်အတွက် အိမ်ကို ပြန်ရတာ ဘယ်လောက်စိတ်သက်ရာရကြောင်း”
တွေလည်း ပြောဖြစ်ခဲ့ပါတယ်လို့လည်း ရေးခဲ့ပါသေးတယ်။ ဟယ်ရီကတော့ နောက်ပိုင်းမှာ ပင်ပန်းနေတာကြောင့်
အိပ်ပျော်သွားခဲ့ပါတယ်။”

“သူအိပ်နေတဲ့ ပုံက အရမ်းကိုချစ်ဖို့ကောင်းတာပဲ”လို့လည်းရေးခဲ့ပါသေးတယ်။ သူအိပ်နေတဲ့ ပုံရော ဓာတ်ပုံမရိုက်ထား
ဘူးလားလို့ မေးနေတဲ့သူတွေအတွက်တော့ “ဟင့်အင်း ကျွန်မမရိုက်ခဲ့ပါဘူး။ သူအိပ်နေတဲ့ပုံကိုလုံးဝကိုဓာတ်ပုံမရိုက်ခဲ့
ပါဘူး။ ဒါက ယဉ်ကျေးမှုမရှိပဲ မလေးစားရာကျပါတယ်။”လို့လည်း သူမကပြောခဲ့ပါသေးတယ်။

READ
၂၀၁၈ အတွင်း တရှိန်ထိုးအောင်မြင်လာတဲ့ တောင်ကိုရီးယားဒီဂျေမလေး DJ Siena

Myanmar Online Media Team

Source:mirror.co.uk

[polldaddy poll=9234481]

SHARE