ကမ္ဘာ့ပထမတန်းစား ချိစ်ဟိုတယ်ခန်းလေးဆီ သွားကြည့်ခွင့်ရတဲ့အခါ…

Café Rouge

ချိစ်ချစ်သူတွေဟာ ဒီဟိုတယ်ဆီကို ရောက်တာနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိပ်မက်ကမ္ဘာလေးတစ်ခုထဲ ရောက်သွားသလိုခံစားရမှာပါ။ ဟိုတယ်က ကမ္ဘာ့ပထမဆုံး ချိစ်ပုံစံဒီဇိုင်းနဲ့ ပြုလုပ်ထားတဲ့ ဟိုတယ်ခန်းလေး ဖြစ်ပါတယ်။ လန်ဒန်က ကမ်ဒန်ရပ်ကွက်ထဲမှာ ဆောက်လုပ်ထားပါတယ်။ ဟိုတယ်ထဲမှာတော့ နံရံကပ်စက္ကူ၊ ပန်းချီကားတွေနဲ့ အိပ်ရာခင်းတွေ၊ ကူရှင်တွေအားလုံးကို ချိစ်ဆန်ဆန် ဆင်ယင်ထားတာပါ။ ဟိုတယ်ထဲက လက်ဆေးဆပ်ပြာတောင်မှ ချိစ်ရနံ့သင်းတဲ့ ဆပ်ပြာကို သုံးထားပါတယ်။

Café Rouge

ချိစ်ဟိုတယ်လေးဟာ တစ်နှစ်ကို ဗြိတိန်တစ်ယောက်ဟာ ပျမ်းမျှချိစ် (၂၄.၇) ဂရမ်စားပြီး တစ်နှစ်ကို တန်ချိန် (၇) သိန်းစားသုံးတယ်လို့ ဆာဗေးကောက်ချက်အပြီးမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဟိုတယ်မှာ တည်းတဲ့ ဧည့်သည်တွေကိုလည်း ချိစ်နဲ့ပတ်သက်ပြီး ချက်ပြုတ်ပုံ ချက်ပြုတ်နည်း စာအုပ်တွေ ထားပေးထားပါသေးတယ်။ ဧည့်သည်တွေဟာ ချိစ်လမ်းညွှန်စာအုပ်ရဲ့ အကူအညီနဲ့ ဟိုတယ်ခန်းထဲက မီးဖိုဆောင်ထဲမှာ စမ်းသပ်လုပ်ကိုင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

READ
(၄)မိနစ်ကြာ စီးရမယ့် ကမ္ဘာ့အရှည်လျားဆုံး ရေလွှာလျှောကြီး
Café Rouge

ဒီဟိုတယ်ခန်းလေးကို Café Rouge နဲ့ အတူ တွဲဖွင့်ထားတာ ဖြစ်ပါတယ်။ ဟိုတယ်မှာ ချိစ်အထူးမှာယူနိုင်တဲ့ ၀န်ဆောင်မှုလည်း ပေးပါတယ်။ အဲ့ဒီဝန်ဆောင်မှုကတော့ ဧည့်သည်တွေဟာ အစားအသောက်ထဲမှာ ချိစ်တွေ ရွှဲနစ်နေအောင် ဆမ်းထားပြီး ချိစ်များများနဲ့ မုန့်တွေ ဟင်းလျာတွေကို Café Rouge ကနေ အလွယ်တကူ မှာယူနိုင်မှာ ဖြစ်ပါတယ်။

Café Rouge

ထူးခြားတဲ့ ချိစ်ဟိုတယ်ခန်းလေးနဲ့ ပတ်သက်လို့ Café Rouge ရဲ့မားကတ်တင်းမန်နေဂျာကတော့ “ကျွန်တော်တို့ ကတော့ ကျွန်တော်တို့ နိုင်ငံက လူတွေကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အထူးအဆန်းလေးတစ်ခု ဖန်တီးပေးထားတာပါ။ ချိစ်ကြိုက်တဲ့သူတွေအတွက် သူတို့အနှစ်သက်ဆုံး အစားအသောက်တွေကို တစ်နေရာတည်းမှာ ၀န်ဆောင်မှုပေးနိုင်အောင်လည်း စီစဉ်ထားပါတယ်။ ကျွန်တော်တို့ အစားအသောက်တွေက အစ၊ အိပ်ခန်းအပြင်အဆင်၊ ဆိုဖာက အစ အတွင်းခန်းထဲက အခင်းအကျင်းတွေအားလုံးကို ချိစ်ပုံစံဒီဇိုင်းပေါက်နေအောင် အထူးပြင်ဆင်ထားတာပါ….” လို့ ပြောပြခဲ့တဲ့အကြောင်း Ladbible သတင်းကနေ တဆင့် ဖော်ပြပေးလိုက်ရပါတယ်။

READ
တာခ်ျမဟာမှာ ၃ နာရီထက်ပိုနေပါက အခကြေးငွေကောက်ခံတော့မယ့် စည်းကမ်းသစ်
Café Rouge

လင်းလင်း (ShweMom)

SHARE