ကျောက်သားနံရံတွေမှာ ဖန်စီကျကျနေရင်း ပင်လယ်ကြီးကို ခံစားနိုင်မယ့် ၅ ထပ်တိုက် အိမ်ဒီဇိုင်း

သြစတေးလျ ဒီဇိုင်နာတွေဟာ မြင့်မား မတ်စောက်တဲ့ ကျောက်ဆောင်ကြီးတွေရဲ့ ထိပ်မှာ စွဲတွယ်ပြီး ပင်လယ်လှိုင်းတွေအထက် တွဲလောင်း ဖြစ်နေမယ့် အိမ်ပုံစံတစ်ခုကို စိတ်ကူးပုံဖော်ခဲ့ကြပါတယ်။

modscape

ကျောက်ဆောင်အိမ်ဟာ သြစတေးလျ အနောက်တောင် ကမ်းရိုးတန်းဒေသတွေအတွက် ဒီဇိုင်ဆွဲထားတာဖြစ်ပြီး ကျောက်ဆောင်ရဲ့ မျက်နှာပြင် အစွန်းဘက်မှာ ထောက်တိုင်တွေနဲ့ ဆိုင်တွယ်ထားတဲ့ ပုံစံဖြစ်ပါတယ်။

ဒီ အိမ်နဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေကို သြစတေးလျနိုင်ငံက ဗိသုကာဆိုင်ရာ လုပ်ငန်းတစ်ခုဖြစ်တဲ့ Modscape Concpet က ဖန်တီးခဲ့တာဖြစ်ပြီး သဘောင်္ရဲ့ ကိုယ်ထည်မှာ တွယ်ကပ်နေတဲ့ ခရင်းကောင်ပုံစံကနေ စိတ်ကူးရရှိခဲ့ကြပါတယ်။

အိမ်က အလွှာ (၅) လွှာ ပါဝင်ပြီး အသင့်ထုတ်လုပ်ထားတဲ့ အိမ်ဆောက်ပစ္စည်း အပိုင်းတွေနဲ့ ဆင့်ထားတာမျိုးဖြစ်တယ်။

modscape

အခန်းတစ်ခန်းစီးတိုင်း၊ ကြမ်းပြင်တိုင်းကို ကျောက်သားနံရံထဲကို ရိုက်သွင်းထားတဲ့ စတီးပင်န်တွေနဲ့ တစ်နေရာတည်း ခင်ကျင်းထားပါတယ်။ အိမ်ကို ၀င်မယ်ဆိုရင် ထိပ်ဆုံး အလွှာကနေစပြီး ဓာတ်လှေကား (သို့) လှေကားကို အသုံးပြုရမှာဖြစ်ပါတယ်။ အဲ့ဒီကမှ တစ်ဆင့် အိပ်ခန်းတွေ၊ ဧည်ခန်း၊ မီးဖိုးခန်းတွေဆီ ဆင်းရမှာပါ။

READ
အိမ်၊ ရုံ၊ ဆိုင်တွေမှာ အိမ်သာဆိုင်းဘုတ်လေးတွေကို ဒီလို အဆန်းလုပ်လို့ရတယ်....
modscape

အောက်ဆုံး အလွှာကတော့ အပြင်ဘက်နေရာတစ်ခုလို ပါဝင်နေမှာဖြစ်ပြီး ရေပေါ်မှာ ပေါလော ပေါ်နေသယောင် ထင်ရပါတယ်။ ဒီ့အပြင် အဲ့ဒီ့အလွှာကနေ ပင်လယ် သမုဒ္ဒရာကြီးရဲ့ မြင်ကွင်းတွေကို ရင်သပ်ရှုမောဖွယ် ခံစားရနိုင်မှာဖြစ်တယ်လို့ သိရတယ်။

modscape
modscape

အတွင်းပိုင်း အပြင်ဆင်တွေမှာတော့ ပရိဘောဂ အနည်းအကျဉ်ကို ထည့်သွင်းလို့ရမှာ ဖြစ်သလို ပင်လယ်ကြီးနဲ့ မိုးကုပ်စက်ဝိုင်ရဲ့ ဆက်နွှယ်မှုတွေကို ခံစားနိုင်မယ်လို့ ဒီဇိုင်နာတွေကဆိုပါတယ်။ ဒီ ဒီဇိုင်ကို အနောက်တောင် ကမ်းရိုးတန်းပေါ်မှာ အိမ်တစ်လုံး ဖန်တီးတည်ဆောက်လိုတဲ့ စုံတွဲတစ်တွဲရဲ့ တောင်းဆိုမှုနဲ့ ဖန်တီးရေးဆွဲခဲ့ပါတယ်ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

Ref: Daily Mail

Matthew (ShweMOM)
SHARE