ပရိတ်သတ်တွေကို အကြီးအကျယ် ဆွံ့အစေခဲ့တဲ့ John Cena ရဲ့ ဆံပင်ပုံစံ အသစ်

WWE နပမ်း အကျော်အမော် John Cena က သူရဲ့ အရင်လောကဟောင်းကို အချိန်တွေတော်တော်ကြာပြီးမှ တစ်ခေါက်ပြန်လည်း ရောက်ရှိလာခဲ့ပါတယ်။

ဒီဟဲဗီးဝိတ် အားကစားသမားဟာ ကြိုးဝိုင်းနဲ့ ဝေးကွာနေခဲ့တာ ကြာကြာလှရှိနေပါပြီ။ လက်ရှိ သူရဲ့ သရုပ်ဆောင်ပိုင်းမှာပဲ စူးစိုက်ထားခဲ့ပြီး ရုပ်ရှင်ဇာတ်ကာ တော်တော်များများမှာလည်း နေရာရနေပါတယ်။ အဲ့ဒါကို ပြီးခဲ့လက Smackdown ကို တစ်ကျော့ပြန်လာမယ်လို့လည်း ကြေငြာလိုက်ရော ပရိတ်သတ်တွေမှာ သူတို့ရဲ့ ဟီးရိုးကြီးကို  ဘယ်လိုများ ပြန်တွေ့ရမလဲဆိုပြီး နားမလည်ခြင်းများစွာနဲ့ စိတ်လှုပ်ရှားခဲ့ကြရပါတယ်။

twitter

ဒါပေမယ့် ဒီအချိန်မှာတော့ အားလုံးမျှော်လင့်နေတဲ့ သူတစ်ယောက်ဟာ အရင်နဲ့ အင်မတန် ကွဲပြားခြားနားတဲ့ အသွင်နဲ့ ပြန်ရောက်လာခဲ့ပါတယ်။ သူဟာ Becky Lynch နဲ့ တစ်ဖွဲ့တည်းနေပြီး Andrade Almas နဲ့ Zelina Vega တို့ကို ရင်ဆိုင်ဖို့ရောက်လာခဲ့တယ်။ ဒါထက် ပိုစိတ်ဝင်စားဖို့ကောင်းတာက သူရဲ့ ဆံပင်ပုံစံအသစ် ဖြစ်နေခဲ့ပါတယ်။ တော်တော်ကြာအောင် အရှည်ထားထားပုံရတဲ့ ဆံပင်စတိုင်ဟာ ပရိတ်သတ်တွေအတွက်တော့ အစိမ်းသက်သက်ကြီးလို့ ဖြစ်နေခဲ့တယ်။ Cena ဘာဖြစ်သွားတာလဲပေါ့…။

READ
နောင်လာမည့် ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို လူမည်း အသွင်အပြင်စရိုက်နဲ့ မြင်တွေ့ရဖွယ်ရှိ
WWE

လုံးဝကြီးကို ထူုးဆန်းနေတဲ့ Cena ရဲ့ ဆံပင်နဲ့ ပတ်သက်ပြီး တွစ်တာပေါ်မှာဆို ပြောနေဆိုနေကြသူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။ အခုလို ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး Cena ကတော့ သူဟာ လာမည့်နှစ်ထဲမှာ Jackie Chan နဲ့ အတူ ရုပ်ရှင်ဇာတ်ကားအသစ် တစ်ကားရိုက်ဖို့ရှိတဲ့အတွက်ကြောင့်လို့ ထုတ်ဖော်ခဲ့ပါတယ်။

ဇာတ်ရုပ်တစ်ခုအတွက် အရှည်ထားနေတာပါ.. ပြီးတော့ ဒါကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ သူတို့ကလည်း အရှည်ထားပေးဖို့ တောင်းဆိုခဲ့သလို ကျွန်တော့်အတွက်လည်း ဘာပြဿနာမှ မရှိပါဘူး” လို့ ပြောပါတယ်။

 

411Mania

အခုဆို လူတိုင်းက သူ့တို့ရဲ့ ငယ်ဘ၀တွေကို ဖျက်ဆီးတယ်ဆိုပြီး ဖြစ်နေကြတယ်လို့ Cena  အရွှန်းဖောက်လိုက်ပါသေးတယ်။ နပန်းထိုးသတ်ဖို့ ပြန်ရောက်လာတဲ့အခါမှာလည်း သူအနေနဲ့ မကောင်းမြင်မှုအကြီးကြီးတွေလည်း ခံစားခဲ့တယ်လို့လည်း ပြောပါတယ်။ Jimmy Fallon ကတော့ Cena ဆံပင်ပုံကို သဘောကျကြောင်း ထောက်ခံပြောဆိုခဲ့တာကို တွေ့ရပါတယ်။

READ
အဆန်ဆီယိုနဲ့ ညဘက်အတူတူအချိန်ဖြုန်းခဲ့တယ်ဆိုတဲ့သတင်းကို ငြင်းဆိုလိုက်တဲ့ ပေါ့ပ်အဆိုတော်မလေး

Source: Lad Bible

Matthew (ShweMOM)
SHARE