ကျွန်တော်တို့ငယ်ငယ်တုန်းက Supergirl ဆိုရင် ဆံပင်ရွှေရောင်လေးနဲ့ ချစ်စရာမျက်နှာနဲ့ကောင်မလေး၊ ပေါင်တိုစကပ်လေးဝတ်ကာ ကမ္ဘာကြီးကို လိုက်ကယ်တင်တဲ့ ပုံစံမျိုးနဲ့ comic book တွေကတစ်ဆင့် ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင်တွေ၊ စီးရီးတွေမှာ မြင်တွေ့ဖူးကြပါလိမ့်မယ်။
ဒါပေမဲ့ မကြာခင်မှာကြည့်ရတော့မယ့် မင်းသမီး Melissa Benoist ရဲ့ Supergirl ဇာတ်ရုပ်ကတော့ အရင်သိခဲ့တဲ့ ဇာတ်ရုပ်တွေနဲ့ ပြောင်းပြန်နီးပါးဖြစ်နေခဲ့တဲ့ ပုံစံအသစ်မျိုးနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ပရိတ်သတ်တွေကတော့ ဒီပုံစံအသစ်ပြောင်းသွားတာနဲ့ ပတ်သက်လို့ အရမ်းကို အားပေးနေကြပါတယ်။
Melissa Benoist ရဲ့ Supergirl စီးရီးရဲ့ လာမယ့်အတွဲအသစ်ရဲ့ trailer ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ထွက်လာခဲ့ပါပြီ။ Melissa Benoist ဟာလည်း အရင်တုန်းက comic book တွေထဲကအတိုင်း စကတ်နဲ့ Supergirl တစ်ယောက်ဖြစ်ခဲ့ပေမယ့်လည်း trailer ရဲ့ နောက်ဆုံးမှာတော့ သူမရဲ့ လုံးဝပြောင်းလဲသွားတဲ့ ပြောင်းလဲမ့ကြီးးကို တွေ့ရမှာပါ။
အဲဒါကတော့ အဓိကဝတ်စုံပါပဲ။ ဝတ်စုံဟာ အရင်လိုမျိုး စကပ်နဲ့ အပြာရောင်၊ အနီရောင်တောက်တောက်တွေနဲ့ မဟုတ်တော့ဘဲနဲ့ Superman ရဲ့ Man of Steel ထဲကလိုမျိုး အပြာရောင်ဆိုလည်း အမှိန်၊ အနီဆိုလည်း ခပ်မှိန်မှိန် ခပ်ရင့်ရင့်အနေအထားရှိနေပြီး ဝတ်စုံအသားပါ ပြောင်းလဲသွားကာ စကတ်နေရာမှာ အသားကပ်ဘောင်းဘီရှည်အစား ဝင်ရောက်လာခဲ့ပါတယ်။ ဒီအပြင် ဆံပင်ဟာလည်း တခြား Supergirl တွေနဲ့မတူဘဲ ဆံမြိတ်လေးနဲ့ဖြစ်နေကာ Melissa Benoist သရုပ်ဆောင်တာချင်းတူတူ ဒီအတွဲသစ်မှာတော့ Supergirl ဇာတ်ကောင်အနေနဲ့ ပိုပြီးသန်သန်မာမာပြတ်ပြတ်သားသားရှိနေတဲ့ပုံ ပေါက်နေခဲ့ပါတော့တယ်။
Penny