အရုပ်မလေးအလားအထင်မှားသွားလောက်အောင် ချစ်စရာကောင်းလွန်းနေတဲ့ သွန်းဆက်

ကိုရီးယားမလေးလို ဖြူဖွေးတဲ့အသားအရည်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နာလေးကို ပိုင်ဆိုင်ထားတဲ့မြန်မာမင်းသမီးလေး သွန်းဆက်တော့ ဗီဒီယိုဇာတ်ကားတွေကနေ တစ်ဆင့် ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ သူလေးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဖေစ်ဘုတ်ပေါ်မှာ အလှပုံရိပ်တွေကို မျှဝေပေးလေ့ရှိပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေလေ့ရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သွန်းဆက်ကတော့ ဒီကနေ့မှာ လည်း ဓါတ်ပုံ အသစ်လေးတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ ခရမ်းရောင်ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ သွန်းဆက်ကတော့ “သင်္ကြန်မှာလိမ်လိမ်မာမာနဲ့ ကဲမယ်ဆိုရင် ခရမ်းရောင် အရုပ်လေး တရုပ် လက်ဆောင်ပေးချင်လို့…. ယူမလား” လို့ရေးထားပြီး ဓါတ်ပုံလေးတွေကိုတင်ပေးထားတာဖြစ်ပါတယ်။

သွန်းဆက်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Thun Sett

SHARE