Henry Cavill ရဲ့ပို့စ်တစ်ခုကြောင့် The Witcher ရဲ့ second season နဲ့ ပတ်သက်လို့ ပရိသတ်တွေပူပန်နေကြောင်း thesun သတင်းကဆိုပါတယ်။ Cavill ဟာ The Witcher ရဲ့ အဓိကဇာတ်ဆောင်မင်းသား Geralt of Rivia အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ The Witcher ကတော့ မနှစ်တုန်းကမှ Netflix မှာ စတင်ပြသခဲ့တာပါ။
အခြား တီဗီရှိုးတွေလိုပဲ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါလည်းဖြစ်ပွားနေတဲ့အတွက် ဇာတ်ကားရဲ့ထုတ်လုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး လောလောဆယ် ဆိုင်းငံ့ထားရတာဖြစ်ပါတယ်။ သေချာတာကတော့ ၂၀၂၁ လောက်မှ Season 2 ထွက်ရှိတော့မှာပါ။
အင်္ဂလန်မှာလည်း ဒုတိယအကြိမ် national lockdown ဖြစ်လုနီးနီးဖြစ်နေတဲ့အတွက် Cavill က Yorkshire ကိုစွန့်ခွာပြီး အိမ်ပြန်တော့မယ်လို့ပြောခဲ့ပါတယ်။ “အင်္ဂလန်က ကြာသပတေးနေ့ကျရင် lockdown ပြန်လုပ်တော့မယ်။ ဒါကြောင့် အင်္ဂလန်မြောက်ပိုင်းကနေ တောင်ပိုင်းကိုပြန်သွားဦးမယ်ဗျာ။ စတူဒီယိုကိစ္စလည်း ရှိသေးတယ်။ The Witcher Season 2 အတွက်စောင့်နေကြသူတွေကိုကျေးဇူးတင်တယ်။ ကျွန်တော် သိပ်မကြာခင် ပြန်လာနိုင်ဖို့မျှော်လင့်ပါတယ်။ ကျန်းကျန်းမာမာနဲ့ ဂရုစိုက်နေကြဦးနော် သူငယ်ချင်းတွေ..” ဆိုပြီး သူ့အင်စတာဂရမ်ပေါ်က follower တွေကို နှုတ်ဆက်သွားခဲ့တာပါ။
ပရိသတ်အများစုကတော့ Cavill ကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ တစ်ချို့ကျတော့လည်း Season 2 အတွက် ပိုပြီးစိတ်ပူနေကြပါတယ်။ ဒီတစ်လောအတွင်း အကောင်းဆုံး တီဗီရှိုးတွေကို Netflix ကပြသနေတဲ့အထဲ အခုလို season တွေထွက်ဖို့ နှောင့်နှေးကြန့်ကြာနေတာဟာ တကယ်စိုးရိမ်ရကြောင်းဝေဖန်နေသူတွေလည်း ရှိနေပါတယ်။
ShweMom