လိင်တူစိတ်ဝင်စားသူ ဖြစ်နေမလားဆိုပြီး ပရိသတ်တွေက စိုးရိမ်နေတဲ့ မင်းသမီး Yang Mi

[email protected] Mi

Yang Mi ကိုတော့ မြန်မာနိုင်ငံက ပရိသတ်တွေသိပ်စိမ်းလောက်မှာ မဟုတ်ပါဘူး။ The Witness, Fall In Love Like A Star, Tiny Times အစရှိတဲ့ Yang Mi မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေဟာ မြန်မာနိုင်ငံလူငယ်တွေကြားထဲမှာ ရေပန်းစားခဲ့တဲ့ ဇာတ်လမ်းကောင်းတွေ ဖြစ်ခဲ့လို့ပါပဲ။

wiebo/rthree

ဒါ့အပြင် Yang Mi ဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလက တရားဝင်ထုတ်ပြန်ခဲ့တဲ့ ထိပ်တန်းအနုပညာရှင်အယောက် ၂၀ စာရင်းထဲမှာ နံပါတ် ၂ နေရာကို ရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ နာမည်ကြီး တံဆိပ်တစ်ခုဖြစ်တဲ့ Mo&Co ဖက်ရှင်ရဲ့ Brand Ambassador တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီတစ်ခုပဲလားဆိုတော့လည်း မဟုတ်သေးပြန်ဘူး။ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ Micheal Kors နဲ့ Stuart Weitzman တို့ရဲ့ ပင်တိုင်မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။

Weibo/Mo&Co

ဒီလို အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ Yang Mi ဟာ အချစ်ရေးမှာတော့ ကံမကောင်းခဲ့ပါဘူး။ ဟောင်ကောင်က နာမည်ကြီးအဆိုတော် မင်းသားတစ်ဦးဖြစ်တဲ့ Hawick Lu နဲ့ ၂၀၁၄ ခုနှစ်မှာ တရားဝင်လပ်ထပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။ ကွာရှင်းခဲ့တဲ့ အကြောင်းအရင်းကိုတော့ နှစ်ဖက်စလုံးက လက်ရှိအချိန်အထိ တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ပါဘူး။

READ
KAI ကြောင့် (၇)နှစ်တာအတွင်းမှာ ရောင်းအားအမြင့်ဆုံးရရှိခဲ့တဲ့ Big Issue မဂ္ဂဇင်း
Twitter/YangMi

ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတက်လာတဲ့သတင်းတစ်ပုဒ်ဟာHawick Lu နဲ့ Yang Mi တို့ ကွာရှင်းခဲ့တဲ့အကြောင်းအရင်းများဖြစ်နေသလားဆိုတဲ့ ထင်မြင်ချက်တွေဟာ Yang Mi ရဲ့ ပရိသတ်တွေကြားထဲမှာ ပျံ့နှံ့နေပါတယ်။ အဲဒီသတင်းကတော့ Yang Mi တစ်ယောက်ဟာ တစ်ကယ်ပဲ လိင်တူချစ်သူလားဆိုတဲ့ သတင်းဖြစ်ပါတယ်။

[email protected] Mi

Asia One သတင်းဌာနက တင်ပြချက်အရ Yang Mi တစ်ယောက် လေဆိပ်မှာ selfie ရိုက်ထားတဲ့ဓာတ်ပုံထဲက အလင်းပြန်နေတဲ့ မျက်မှန်ထဲက စာအုပ်ကြောင့် ဒီလိုသတင်းတွေ ထွက်နေတာဖြစ်ကြောင်း သိရပါတယ်။ အဲဒီစာအုပ်ကတော့ အခြားမဟုတ်ပါဘူး။ ကျောင်းသူမိန်းကလေးနှစ်ယောက်ရဲ့ အချစ်ကို ပုံဖော်ထားတဲ့ ရုပ်ပြကာတွန်းစာအုပ်ဖြစ်ပါတယ်။ Yang Mi ဟာ ဒီလိုမျိုးစာအုပ်တွေဖတ်နေတာကြောင့် သူမဟာ တကယ်ပဲ မိန်းကလေးချင်း စိတ်ဝင်စားသူတစ်ယောက်ပဲလား၊ အိမ်ထောင်ရေး ပြိုကွဲခဲ့တာ အဲ့ဒါကြောင့်လားဆိုတာကိုတော့ သူမရဲ့ ပရိသတ်တွေက ဝေခွဲမရဖြစ်ပြီး စိုးရိမ်ပူပန်နေကြကြောင်း သိရပါတယ်။

READ
ပြည်မြို့မှာ Fan Meeting ပွဲ လုပ်ခဲ့တဲ့ ခီမောင်နှံ

Pyi Hein Kyaw

SHARE