GOT ပရိသတ်အချင်းချင်း အငြင်းပွား ရန်ဖြစ်နေကြတဲ့ ထူးချွန်ဆုဆန်ကာတင်စာရင်း

(၂၀၁၉) ခုနှစ်ရဲ့ Emmy Award ဆုပေးပွဲမှာတော့ Game of Thrones ဒရာမာအခန်းဆက်ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေဟာ ဆုပေးပွဲထဲ ချီးမြှင့်မယ့်ဆုတွေကို သိမ်းကြုံးရယူနိုင်ဖွယ် ရှိနေပါတယ်။ အင်္ဂါနေ့တုန်းက ထွက်ရှိလာတဲ့ Emmy Award ဆန်ကာတင်စာရင်းထဲမှာတော့ GOT သရုပ်ဆောင် (၁၀) ဦးဟာ ဆုလျာထားတဲ့စာရင်းထဲ ပါဝင်နေတာပါ။ ယခုနှစ် Emmys အတွက် ဆန်ကာတင်စာရင်းဝင်နေတဲ့ GOT ဇာတ်ကောင်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Emilia Clarke

Emilia Clarke ဟာ ဒရာမာဇာတ်လမ်းတွဲတွေထဲ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်အဖြစ် ဆန်ကာတင်စာရင်းမှာ ပါနေတာ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခန်းမှာဆိုရင်တော့ သူမဟာ ဘာသာစကား(၃) မျိုးနဲ့ ပြောပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Kit Harington

View this post on Instagram

#kitharington #jonsnow #gameofthrones

A post shared by Kit Harington (@kitharingtonn) on

Kit Harington ဟာ ဒရာမာဇာတ်လမ်းတွဲတွေထဲ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်အဖြစ် ဆန်ကာတင်စာရင်းထဲ ပါနေပါတယ်။ ပရိသတ်အချို့က ဇာတ်လမ်းရဲ့ နောက်ဆုံးပိုင်းတွေမှာ Harington စကားပြောတဲ့အခန်း သိပ်မပါဘူးလို့ ဆိုကြပေမယ့် သူ့ကိုတော့ ဇာတ်လမ်းတစ်ခုလုံးရဲ့ အဓိကသရုပ်ဆောင်အဖြစ် လက်ခံထားကြပါတယ်။

Sophie Turner

Sophie Turner ကတော့ ဒရာမာဇာတ်လမ်းတွဲတွေထဲမှာ အကောင်းဆုံး မင်းသမီး ဇာတ်ပို့ထူးချွန်ဆုအတွက် လျာထားခံရတဲ့ထဲ ပါဝင်နေပါတယ်။ ပရိသတ်တွေကတော့ Sansa Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူမရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ဆန်ကာတင်ထဲ ပါသင့်တယ်လို့ ဆိုနေပါတယ်။

READ
Time မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာဖော်ပြခံရတဲ့အထိ အောင်မြင်နေတဲ့ Black Panther

Maisie Williams 

Maisie Williams ဟာလည်း ဒရာမာဇာတ်လမ်းတွဲတွေထဲ အကောင်းဆုံး မင်းသမီး ဇာတ်ပို့ထူးချွန်ဆုအတွက် လျာထားခံရပါတယ်။

Lena Headey 

View this post on Instagram

Taking it very seriously @sally_gay 😘😘😘

A post shared by Lena Headey (@iamlenaheadey) on

နောက်ထပ် အကောင်းဆုံး မင်းသမီး ဇာတ်ပို့ထူးချွန်ဆုအတွက် လျာထားခံရသူကတော့ Lena Headey ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေက Lena ရဲ့ ဇာတ်ဝင်ခန်းတွေဟာ ပြောပလောက်အောင် မရှိတဲ့အတွက် သူမကို ဇာတ်ပို့ဆန်ကာတင်စာရင်း သွင်းထားတာကို သိပ်မနှစ်သက်ကြပါဘူး။

Gwendoline Christie 

အကောင်းဆုံး မင်းသမီး ဇာတ်ပို့ထူးချွန်ဆုအတွက် ဆန်ကာတင်စာရင်းထဲပါဝင်သူ (၄) ယောက်မြောက်ကတော့ Gwendoline Christie ပဲ ဖြစ်ပါတယ်။ သူမကတော့ Ser Brienne of Tarth အဖြစ် ပါဝင်သရုပ်ဆောင်ကာ သူမရဲ့ သစ္စာစောင့်သိမှုနဲ့ သတ္တိဗျတ္တိတွေကို ပြသခဲ့သူပါ။

Nikolaj Coster-Waldau

သူကတော့ ဒရာမာရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် လျာထားခံရသူတွေထဲက တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်အချို့ကတော့ Coster ကို ဇာတ်ဆောင်မင်းသား ဆန်ကာတင်စာရင်းထဲ မထည့်သွင်းခဲ့တာကြောင့် စိတ်ပျက်နေကြပါတယ်။

READ
ပုံအမိုက်စားတွေနဲ့ အသည်းယားအောင် လုပ်လိုက်တဲ့ နွယ်န်ွယ်ထွန်း

Alfie Allen

View this post on Instagram

😘💔💪 @helenstills

A post shared by alfieallen (@alfieeallen) on

Alfie Allen ဟာလည်း အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုတွေထဲ လျာထားခံရသူတစ်ဦး ဖြစ်ပါတယ်။

Peter Dinklage

Peter Dinklage ဟာ Tyrion Lannister အမည်ရတဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့ပြီး Emmys (၃) ခုတောင် ရရှိပြီးပါပြီ။ အခုတဖန်မှာလည်း သူဟာ ဇာတ်ရုပ်နဲ့ အသင့်တော် အလိုက်ဖက်ဆုံး သရုပ်ဆောင်နိုင်တာကြောင့် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ဆန်ကာတင်စာရင်းထဲ ထပ်ပါနေခဲ့တာ ဖြစ်ပါတယ်။

Carice van Houten

သူမကိုတော့ အထူးဧည့်သည်ထူးချွန်ဆု အတွက် လျာထားပါတယ်။ သူမဟာ ဇာတ်လမ်းတွဲအပိုင်း(၃) ထဲမှာသာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲ ခဏတာ ပါဝင်ခွင့်ရတာ ဖြစ်ပေမယ့် သူမသရုပ်ဆောင်ရတဲ့ အခန်းကဏ္ဍဟာ အဓိကနေရာကျတဲ့အတွက် Carice ကို ဧည့်သည်ထူးချွန်ဆုအတွက် လျာထားတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE