YG Entertainment နဲ့ လက်တွဲဖြုတ်ခဲ့လို့ ပရိသတ်နှမြောတသအဖြစ်ဆုံး ဆယ်လီ (၃)ဦး

Seungri and Hanbin's Instagrams

YG Entertainment ဆိုတာကတော့ ဒိတ်ဒိတ်ကြဲဆယ်လီတွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ တောင်ကိုရီးယားမှာ နာမည်ကြီးနေတဲ့ Entertainment တွေထဲက တခုပဲဖြစ်ပါတယ်။ YG Entertainment ကမွေးထုတ်ပေးခဲ့တဲ့ အနုပညာရှင်တွေကတော့ Big Bang ၊ 2Ne1 ၊ Winner ၊ Epik High ၊ iKON ၊ Blackpink အစရှိသည့် Kpop အဖွဲ့တွေအပြင် Choi Ji Woo ၊ Yoo In Na ၊ Lee Sung Kyung ၊ Nam Jo Hyuk ၊ Cha Seung Won အစရှိတဲ့ မင်းသားမင်းသမီးတွေပဲဖြစ်ပါတယ်။

YG Entertainment Official Site

ယခုလက်တလောမှာတော့ မိမိ Entertainment အောက်မှာရှိတဲ့ အနုပညာရှင်တွေကို တာဝန်ယူကာကွယ်ပေးမှုမရှိတဲ့ Company တစ်ခုအဖြစ် ပရိသတ်တွေကပြောဆိုနေကြပါပြီ။  Blackpink အဖွဲ့ကသာလျှင် လက်ရှိကျဆင်းနေတဲ့ YG Entertainment ရဲ့ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းနေတဲ့ တခုတည်းသော အဖွဲ့သာဖြစ်တယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။ ဒါ့အပြင် မိမိအနုပညာရှင်ကို ကာကွယ်မပေးနိုင်တဲ့အပြင် ဖိအားပေးမှုတွေ ချုပ်ချယ်မှုတွေကြောင့် တချို့အနုပညာရှင်တွေဟာ အဖွဲ့ထဲက နှုတ်ထွက်ခဲ့တဲ့အပြင် YG Entertainment နဲ့ပါလက်တွဲဖြုတ်ခဲ့တာတွေရှိပါတယ်။ သူတို့တွေထဲက အချို့ကို အောက်မှာဖော်ပြလိုက်ပါတယ်။

1. Minzy

Minzy ကတော့ 2Ne1 အဖွဲ့ထဲက အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးပါ။ Minzy ကတော့ ၂၀၁၆ ဧပြီလမှာ 2Ne1 အဖွဲ့မှထွက်ရာကစပြီး 2Ne1 ဆိုတာအဖွဲ့ဝင် ၄ ယောက် မရှိရင် မဖြစ်နိုင်ပါဘူးဆိုပြီး ကျန်အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ၂၀၁၆ နိုဝင်ဘာလမှာ 2Ne1 ကို ဖျက်သိမ်းခဲ့ပါတယ်။ အခုဆိုရင် အဖွဲ့သားတွေဟာ သူတို့ရဲ့ အနုပညာလမ်းကို ကိုယ်စီလျှောက်လှမ်းနေကြပါပြီ။ Minzy ကတော့ သူမ YG Entertainment လက်အောက်မှာ ရှိခဲ့တုန်းက ခံစားခဲ့ရတဲ့ ခံစားချက်တွေကို ဖွင့်ပြောခဲ့ပါတယ်။ သူမကတော့ 2Ne1 အဖွဲ့ထဲမှာ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့အလျှောက် အနုပညာရှင်တယောက်ရဲ့ဖိအားတွေနဲ့ Entertainment ရဲ့ ဖိအားတွေကို ပိုခံခဲ့ရပါတယ်။

 

 

View this post on Instagram

 

오랜 시간이 지나가도 우리 서로 기억해요그땐 서로가 있었음을🎵 #2NE1

A post shared by MINZY (@_minzy_mz) on

ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲကို ရောက်ရှိလာပြီး Entertainment ရဲ့ထိန်းချုပ်မှုပတ်ဝန်းကျင်အောက်မှာကြီးပြင်းခဲ့ရတဲ့အတွက် လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာ မသိခဲ့တဲ့အပြင် ပုံမှန်ကလေးဘ၀ကိုလည်း မရရှိခဲ့ပါဘူး။ တခြားကလေးတွေလိုဆော့ကစားချင်ပေမဲ့ entertainment ထဲမှာရှိတဲ့ ကိုယ့်ထက် အသက်ကြီးတဲ့လူတွေနဲ့အတူ trainee ဆင်းနေခဲ့ရပါတယ်။ သူမတို့အဖွဲ့အောင်မြင်လာပေမဲ့လည်း ရုပ်ရည်ကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုကိုခံခဲ့ရတဲ့အပြင် CEO Yang Hyun-Suk ကိုယ်တိုင်ကလည်း “အရမ်းရုပ်ဆိုးတာပဲ” ဆိုပြီး မှတ်ချက်ပေးခြင်းကို ခံခဲ့ရပါတယ်။ အဖွဲ့ဝင်တွေကတော့ ဒီလိုမှတ်ချက်ပေးခံခဲ့ရတာကို မေ့ဖျောက်ဖို့ကြိုးစားခဲ့ပေမဲ့လည်း တကယ်တမ်းမလွယ်ကူကြောင်းပြောပြခဲ့ပါတယ်။

2NE1 Official Facebook

Minzy ဟာ သူမရဲ့ ဆယ်ကျော်သက်ဘ၀ကို အထီးကျန်မှု ၊ စိတ်ဓာတ်ကျမှု ၊ သိမ်ငယ်မှု ၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်စိတ်နဲ့ ကောလဟာလသတင်းတွေနဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။ 2ne1 အဖွဲ့ဝင်တွေနဲ့ ရှိနေခဲ့တဲ့ အချိန်တွေဟာ သူမအတွက် အရမ်းကိုနွေးထွေးတဲ့အမှတ်တရဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့အောင်မြင်လာတာနဲ့အမျှ အဖွဲ့ဝင်တယောက်ချင်းစီမှာ တကိုယ်တော်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေပြီး အရင်တုန်းကလို မတွေ့နိုင်ခဲ့တဲ့အတွက် ၀မ်းနည်းခဲ့ကြောင်းပြောပြခဲ့ပါတယ်။ ဒါကြောင့် သူမဟာ အနာဂတ်မှာ သူမဖြစ်ချင်တဲ့အရာတွေကို ရယူဖို့နဲ့ ကိုယ့်ဘ၀ကိုပြန်လည်တိုက်ပွဲဝင်ဖို့အတွက် 2ne1 အဖွဲ့ထဲထွက်ခဲ့ပြီး YG Entertainment ကနေပါလက်တွဲဖြုတ်ခဲ့ပါတယ်။ 2ne1 အဖွဲ့ကထွက်လိုက်ခြင်းဟာ အဖွဲကို စွန့်ခွာသွားတာမဟုတ်ပဲ သူ့ဘ၀အတွက် သူတိုက်ပွဲပြန်ဝင်ခြင်းသာဖြစ်ပြီး အခုချိန်ထိ 2ne1 အဖွဲ့ဝင်တွေနဲ့ ညီအမဆက်ဆံရေးရှိသေးကြောင်းပြောပြခဲ့ပါတယ်။ အခုဆိုရင် Minzy ဟာ The Music Works ဆိုတဲ့ Entertainment နဲ့လက်တွဲပြီး တကိုယ်တော်အနုပညာလှုပ်ရှားမှုတွေပြုလုပ်ပြီး အောင်မြင်တဲ့အနုပညာရှင်တယောက်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

READ
ဘီယွန်းဆေး မီးဖွားပြီးပြီဆိုတဲ့ သတင်းတွေ ထွက်နေ
2. Seungri

Seung Ri ကတော့ တကမ္ဘာလုံးက လက်ခံအားပေးတဲ့ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ Big Bang အဖွဲ့ထဲက အငယ်ဆုံးအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။ Seungri ကတော့ အဖွဲ့ထဲမှာ အငယ်ဆုံးအဖွဲ့ဝင်တယောက်ဖြစ်တဲ့အလျှောက် အတက်ကြွဆုံးနဲ့ အသွက်လက်ဆုံးအဖွဲ့ဝင်တယောက်ဖြစ်တဲ့အပြင် ကိုယ်ပိုင်စီးပွားရေးတွေမှာလည်း အောင်မြင်တဲ့သူထေးလေးတယောက်အဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။ ဒါ့အပြင် တကိုယ်တော် အနုပညာလှုပ်ရှားမှုတွေမှာလည်း အောင်မြင်တဲ့ အနုပညာရှင်တယောက်ဖြစ်တဲ့အပြင် ပရိသတ်ရဲ့ချစ်ခြင်းကို တပြုံကြီးရရှိထားတဲ့လူတယောက်လည်းဖြစ်ပါတယ်။ Seungri နဲ့ YG CEO ဆက်ဆံရေးကိုတော့ ပရိသတ်အများစု သိပြီးသားဖြစ်မှာပါ။

 

Seungri က YG CEO ရဲ့ သတိပေးဆူပူခြင်းကို အများဆုံးခံရတဲ့ အပြင် တခါတလေ ဖိနပ်နဲ့ပြစ်ပေါက်ခြင်းကိုလည်း ခံရပါတယ်။ Seungri ကတော့ CEO ပစ်ပေါက်တဲ့ ဖိနပ်တွေကို ရောင်းစားရင် ကျွန်တော် အခုတော်တော်ချမ်းသာနေပြီလို့ အရွှန်းဖောက်ပြီး ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် hongkong မှာ seungri တကိုယ်တော် concert လုပ်နေခဲ့တုန်းကလည်း YG CEO ဟာ seungri အတွက် နောက်ခံအကသမား ၂ ယောက်သာထားပေးခဲ့ပြီး ကျန်တဲ့အကသမားတွေအကုန်လုံးကို ထိုင်းမှာပြုလုပ်ခဲ့တဲ့ BLACKPINK ရဲ့ concert ကိုသွားခိုင်းခဲ့ပါတယ်။ နောက်ခံအကသမားတွေက တကိုယ်တော် concert တခုအတွက်အလွန်အရေးပါတဲ့အရာတခုဖြစ်ပါတယ်။ seungri ကတော့ နောက်ခံအကသမား ၂ ယောက်နဲ့တင် သူ့ရဲ့ တစ်ကိုယ်တော် concert ကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးလည်း ပရိသတ်တွေက YG CEO ဟာ ခွဲခြားဆက်ဆံတယ်ဆိုပြီး မကျေမနပ်ဖြစ်ခဲ့ကြပါသေးတယ်။

 

 

View this post on Instagram

 

メリクリスマス merry Christmas everyone thank u so much 🎄🎅#Osaka #大阪 #thegreatseungritour

A post shared by @ seungriseyo on

ယခင်လပိုင်းအနည်းငယ်တုန်းက Seung Ri ဟာ Burning Sun club ကိစ္စနဲ့ပတ်သတ်ပြီး တရားဥပဒေရဲ့ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီး ထိုကိစ္စနဲ့ပတ်သတ်ပြီး Big Bang အဖွဲ့ထဲက နှုတ်ထွက်ခဲ့တဲ့အပြင် YG Entertainment ကပါနှုတ်ထွက်ခဲ့ပြီး အနုပညာလောကထဲကို ပြန်လည်အခြေချဖို့ အစီအစဉ်မရှိတော့ပါဘူးလို့ပြောခဲ့ပါတယ်။ ထိုအချိန်မှာ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတုန်းပါ။ ပရိသတ်တွေကတော့ YG Entertainment ဟာ Seungri ရဲ့ Entertainment နဲ့ စာချုပ်ရပ်တန့်ချင်တဲ့တောင်းဆိုချက်ကို သဘောတူခဲ့တဲ့အတွက် အပြစ်တင်ဝေဖန်ခဲ့ကြပြီး YG Entertianment ယခုကဲ့သိုအောင်မြင်ကျော်ကြားခဲ့ရခြင်းဟာ Big Bang ရဲ့စွမ်းဆောင်ချက်တချို့ပါဝင်ခဲ့ပြီး ယခုကဲ့သို Seugri ရဲ့တောင်းဆိုချက်ကို အလွယ်တကူသဘောတူခဲ့တဲ့အတွက် အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ယခုလက်ရှိမှာတော့ Seungri ရဲ့ သတင်းကို အတိအကျမည်သူမှမသိရသေးပါဘူး။ သူ့ပရိသတ်တွေကတော့ Seungri ကို အမြန်ဆုံးဒီကိစ္စတွေက လွတ်မြောက်စေချင်နေကြပါပြီ။

READ
အလှတရားတွေနဲ့ ညှို့ယူလိုက်ပြန်တဲ့ Demi Rose
3. B.I

B.I ကတော့ iKON အဖွဲ့ရဲ့ member တစ်ဦးဖြစ်တဲ့အပြင် ခေါင်းဆောင်တယောက်လည်းဖြစ်ပါတယ်။ ဒုတိယ GD လို့ ပရိသတ်တွေကတင်စားရလောက်အောင် သီချင်းရေးတဲ့နေရာမှာအလွန်တော်ပြီး အရည်အချင်းတွေ အများကြီးရှိတဲ့အပြင် အဖွဲ့ဝင်တွေအတွက် ခေါင်းဆောင်ကောင်းတယောက်ဖြစ်တယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပေးကြပါတယ်။ YG Entertainment မှာ ၂ နှစ် trainee ဆင်းပြီးအကြာမှာ Mnet က ကျင်းပတဲ့ WIN: Who Is Next, Mix & Match, Show Me the Money 3 အစရှိတဲ့ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုရီးယားကို ကိုယ်စားပြုတဲ့ အဖွဲ့ဆိုတဲ့ အဓိပ္ပာယ်နဲ့ အဖွဲ့ဝင် ၇ ယောက်ပါတဲ့ iKON အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ သီချင်းရေးစပ်တဲ့နေရာမှာအလွန်တော်ပြီး iKON ရဲ့သီချင်းအများစုကို ရေးစပ်ခဲ့တဲ့အလျှောက် သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ Love Scenario ဟာ ကိုရီးယားမှာ အလွန်အောင်မြင်ခဲ့ပြီး ကလေးလူကြီးပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့အတွက် ထိုသီချင်းကို မဖွင့်ဖို့ တားမြစ်လိုက်ရတဲ့အထိတောင် ဖြစ်ခဲ့ပါတယ်။

 

 

View this post on Instagram

 

❤️300M🎬 #iKON #아이콘 #LOVESCENARIO #사랑을했다 #MV #300MILLION #YOUTUBE #YG

A post shared by iKON(아이콘) GET READY, SHOWTIME! (@withikonic) on

ဒါပေမဲ့ ရက်ပိုင်းအနည်းငယ်က B.I ဟာ လွန်ခဲ့တဲ့၃ နှစ်ခန့်ကဆေးသုံးဖို့ကြိုးစားခဲ့ဖူးတဲ့ကိစ္စနဲ့ ပတ်သတ်တဲ့သတင်းတွေကြောင့် iKON အဖွဲ့က နှုတ်ထွက်ခဲ့တဲ့အပြင် YG Entertainment ကနေပါ နှုတ်ထွက်ခဲ့ပြီး ပရိသတ်တွေကိုပါတောင်းပန်ခဲ့ပါတယ်။ YG Entertainment ဟာ ကနဦးအစပိုင်းတုန်းကတော့ B.I ဆေးသုံးဖို့ကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်းကို ငြင်းဆိုခဲ့ပေမဲ့ B.I ရဲ့ဖွင့်ဟ၀န်ခံချက်ထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှဆက်လက်ပြောကြားခြင်းမရှိတော့ပဲ B.I နဲ့စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။

B.I Instagram

ဒီအချက်နဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ ကိုယ့်အနုပညာရှင်ကို ကာကွယ်မပေးတဲ့ entertainment တခုအဖြစ်သတ်မှတ်ခဲ့တဲ့အပြင် ကုမ္ပဏီဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ကိုယ့်အတွက် အကျိုးအမြတ်အများကြီးရှာပေးခဲ့တဲ့ အဖွဲ့ဝင်တယောက်ကို ဒီလိုလွယ်လွယ်ထုတ်ပြစ်ရလားဆိုပြီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ပရိသတ်တွေကတော့ iKON အဖွဲ့ထဲကို BI ကိုပြန်ထည့်ဖို့အတွက် လတ်မှတ်ရေးထိုးပွဲတွေလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုကိစ္စတွေဖြစ်ပွားခဲ့ပေမယ့် ပရိသတ်တွေကတော့ B.I ကို နားလည်မှုအပြည်နဲ့ ယခုထိ ဆက်လက်ချစ်ခင်အားပေးနေဆဲပဲဖြစ်ပါတယ်။

Eaint Thet

Ref : Wikipedia

SHARE