ပရိသတ်တိုင်းကို အကြိုက်တွေ့စေခဲ့တဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ”ရဲ့ သရုပ်ဆောင်များ

စာရေးဆရာမ ဂျူးရဲ့ နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” ကိုတော့ “ည” ရုပ်ရှင်ကားဒါရိုက်တာ ထူးပိုင်ဇော်ဦးက ညပုံဖော်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ” အတွက် သရုပ်ဆောင်တွေကို သေချာစိစစ် ရွေးချယ်ခဲ့တဲ့နောက်မှာတော့ ပရိသတ်တွေကို ရုပ်ရှင်ကားရဲ့ အဓိကဇာတ်ဆောင်တွေနဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားမှာတော့ အိန္ဒြာကျော်ဇင်၊ဒေါင်း၊ ရဲထွဋ်၊ ဝင်းခန့်မိုး နဲ့ ကူးကူးဇင်အောင်၊အောင်ဇေယျမင်းထင်တို့က အဓိကပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ အလင်းသစ် မဂ္ဂဇင်းအယ်ဒီတာ၊ ဆယ်ကျော်သက်အရွယ် သား ၂ ယောက် ကို single mother အနေနဲ့ ပြုစုပျိုးထောင်နေတဲ့ ထက်မြက်သော မိခင် ဒေါ်ခင်သန့်စင် အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။

ဒေါင်းကိုတော့  နေရောင်ခန့်အဖြစ် တွေ့ရမှာဖြစ်ပါတယ်။

ဝင်းခန့်မိုးကိုတော့  ဒီပါ အဖြစ် ဒီရုပ်ရှင်ကားမှာတွေ့ရမှာဖြစ်ပါတယ်။

READ
"ဘူဒူရေငတ်လဲ....သိုက်မျယ်"ဆိုတဲ့ လုလုအောင်

ရဲထွဋ်ကတော့ ဒီပါရဲ့ အစ်ကိုဖြစ်သူ သိဒ္ဓိ အဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

နေရောင်ခန့် ညီမ မြတ်လေးခန့် (ကစ်ကစ်) အဖြစ်သရုပ်ဆောင်မယ့်သူကတော့  ကူးကူးဇင်အောင် ဖြစ်ပါတယ်။

မြတ်ကောင်းဆိုတဲ့ ဇာတ်ကောင်နေရာမှာတော့ သရုပ်ဆောင်အသစ်တစ်ဦးဖြစ်တဲ့ အောင်ဇေယျမင်းထင်ကသရုပ်ဆောင်မှာဖြစ်ပါတယ်။

သရုပ်ဆောင်အသစ် တော်တော်များများပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဦးစီးပြီး ရိုက်ကူးမယ့် ဇာတ်ကားဖြစ်လို့ ပရိသတ်တွေကတော့ အရမ်းကို မျှော်လင့်နေကြပါတယ်။ ဇာတ်ကောင်ကာရိုက်တာနဲ့ အံဝင်ကွင်ကျဖြစ်တဲ့ သရုပ်ဆောင်တွေကိုလည်း ပရိသတ်တွေက အရမ်းကို သဘောကျနေကြပါတယ်။

Source: Htoo Paing Zaw Oo

SHARE