ပရိတ်သတ်တွေ Photoshop ပြီးပုံဖော်ခဲ့ကြတဲ့ Rain နဲ့ Kim Tae Hee ရဲ့ရင်သွေးလေး

Rain က ပရိတ်သတ်​​Photoshop လုပ်ပေးထားတဲ့ သူနဲ့ကင်တေဟီးရဲ့အနာဂတ်ရင်သွေးလေးပုံကို သဘောကျစွာပြန်လည်တုန့်​ပြန်​ခဲ့ပါတယ်​။Rain ဟာ Superman is back ကိုရီးယားစီးရီးမှာ Lee Beom Soo အပိုင်းအတွက်ဧည့်သည်သရုပ်ဆောင်အဖြစ်​ရိုက်ကူးပေးခဲ့ပါတယ်။ ဒါကြောင့်​ Lee Beom Soo က Rain, Min Hyo နဲ့ Lee Si Eon တို့ကိုဖိတ်ပြီး စားသောက်ပွဲလေးကျင်းပခဲ့ပါတယ်။အဲ့အပွဲအပြီးမှာ Beom Soo ရဲ့ကလေးတွေက Rain ကို သူ့ရဲ့အနာဂတ်ရင်သွေးလေးပုံ Photoshop ပြီးလုပ်ထားတဲ့ ​ဖက်ခေါင်းအုံးလေးနှစ်ခုကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။သူဟာလက်ဆောင်လေးကိုရပြီးပြီးချင်း “ကျနော့်ကလေးတွေသာဒီလိုချစ်စရာကောင်းရင်​ကျနော်တော့တော်တော်အောင်မြင်​​ကျော်ကြားတော့မှာပဲ” ဆိုပြီးသဘောကျစွာတုန့်​ပြန်ခဲ့ပါတယ်။ သူ့ကို သားနဲ့သမီး ဘယ်လေးလိုချင်လဲမေးတော့ Beom Soo သမီးလေးလိုချစ်စရာကောင်းတဲ့သမီးလေးလိုချင်ပါတယ်လို့ဖြေခဲ့ပါသတဲ့။

Grinny (shwemom)
Source: Ilgan Sports

SHARE