Nadal အနားယူမယ်ဆိုတဲ့ သတင်းကြောင့် အထိန့်တလန့်ဖြစ်ခဲ့ရတဲ့ တင်းနစ်ပရိသတ်များ

[email protected]

တင်းနစ်လောကမှာတော့ Rafel Nadala ကတော့ မသိတဲ့လူ ရှားပါတယ်။ လူချစ်လူခင် အင်မတန်ပေါများပြီး သူ့ရဲ့ အမိုက်စားတင်းနစ်ရိုက်ချက်တွေနေဲ့ ချန်ပီယံဆုဖလားပေါင်း များစွာကို မကြာခဏ သိမ်းပိုက်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

မကြာသေးခင်က Nadal တစ်ယောက် အားကစားလောကမှ အနားယူတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် တင်းနစ်ပရိသတ်တွေခမျာ တော်တော်ရှော့ခ်ရသွားကြောင်း Yahoo sport သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

Happy moments of a sad day…

A post shared by Rafa Nadal (@rafaelnadal) on

ဒီသတင်းကို ထုတ်ပြန်ခဲ့တာကလည်း သတင်းဌာနအကြီးစားတစ်ခုကပါ။ ဒါ့ကြောင့် တင်းနစ်ပရိသတ်တေါခမျာ Rafel Nadal တစ်ယောက် တစ်ကယ်အနားယူတော့မယ်ထင်ပြီး တုန်လှုပ်ခဲ့ကြရပါတယ်။ နောက်ဆုံးမှာ အဖြေမှန်ကို သိလိုက်ရပါတယ်။ Nadal အနားယူတော့မယ်ဆိုတဲ့ သတင်းကတော့ မှန်ပါတယ်။ ဒါပေမယ့် တင်းနစ်လောကရဲ့ နာမည်ကျော် Rafael Nadal မဟုတ်ပါဘူး။ မြင်းပြိုင်ပွဲလောကက မြင်းစီးချန်ပီယံတစ်ဦးဖြစ်တဲ့ အခြား Nadal တစ်ဦးပဲ ဖြစ်ပါတယ်။

မြင်းစီးချန်ပီယံတစ်ဦးဖြစ်တဲ့ Nadal ဟာ မကြာသေးခင်အချိန်ကပဲ သူ့ရဲ့ ဘယ်ဘက်ခြေထောက်က ဒဏ်ရာတစ်ခုကြောင့် ပြိုင်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တော့ပဲ အားကစားလောကက အနားယူဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ ဒါကို သတင်းဝင်မဖတ်ပဲနဲ့ သတင်းခေါင်းစဉ်နဲ့တင် ပရိသတ်တွေကို အထိတ်တလန့်ဖြစ်ခဲ့ ကျတာပါ။ Rafel Nadal မဟုတ်မှန်း ပရိသတ်တော်တော်များများ သိသွားတဲ့အချိန်မှာတော့ အဆိုပါသတင်းနဲ့ ပတ်သတ်ပြီး ဟာသလုပ် နောက်ပြောင်ခဲ့ကြပါတယ်။

Pyi Hein Kyaw

SHARE