
Thor မင်းသားကြီး Chris Hemsworth ကိုတော့ Shwemom ပရိသတ်ကြီးနဲ့ အထူးတလည် မိတ်ဆက်ပေစရာမလိုလောက်အေင်ကို တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ Chris ကိုတော့ သူ့ရဲ့ ပရိသတ်တော်တော်များများက Thor ဇာတ်ရုပ်နဲ့ သိရှိခဲ့ကြပြီး ဖြစ်ပေမယ့် Chris ဟာ Extraction, Snow White and the Huntsman, Sta Trek အစရှိတဲ့ နာမည်ကြီး Hollywood ရုပ်ရှင်ဇာတ်ကားတွေမှာပါ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ Chris တစ်ယောက် သူ့ရဲ့ IG မှာတင်ခဲ့တဲ့ အမိုက်စားဓာတ်ပုံတွေကြောင့် Chris ရဲ့ ပရိသတ်တော်တော်များများ အံ့သြဆွံအနေခဲ့ကြောင်း သိရှိရပါတယ်။
View this post on Instagram
အပေါ်ပုံထဲမှာ တွေ့ရတဲ့ Chris ကတော့ လုံးဝအမိုက်စား ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အဆိုပါ ပုံတွေကို Chris တစ်ယောက် Lord Howe ကျွန်းမှာ Thor: Love and Thunder ဇာတ်ကားရိုက်ကူးနေတဲ့ အချိန်တုန်းက Drone နဲ့ ရိုက်ခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး အပေါ်စီးကနေ ကြည့်တဲ့ မြင်ကွင်းမှာတောင်မှ Chris ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း အမိုက်စား abs တွေက ထင်ထင်ရှားရှားကြီါ်ကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ပုံထဲမှာ Chris အပြင် သူ့ရဲ့ ဇနီးဖြစ်သူ စပိန်မင်းသမီး Elsa Pataky ကိုပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။ အမှန်တော့ Chris ဟာ Thor: Love and Thunder ဇာတ်ကားရိုက်ကွင်းကို မိသားစုပါ အတူတူခေါ်လာခဲ့ပြီး ရိုက်ကွင်းပြီးဆုံးတဲ့ အချိန် Lord Howe ကျွန်းမှာ နေရစ်ခဲ့ပြီး အပန်းဖြေ အနားယူနေတာပဲ ဖြစ်ပါတယ်။
View this post on Instagram
Chris တစ်ယောက် တင်ခဲ့တဲ့ ဓာတ်ပုံတွေဟာ IG မှာ react ပေးသူ ၄ သန်း နီးပါး ရှိခဲ့ပြီး လူတော်တော်များများက Chris ရဲ့ အမိုက်စား abs တွေကို ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် တစ်ချို့တွေကလည်း Chris ရဲ့ abs တွေဟာ အာကာသကနေ လှမ်းကြည့်မယ်ဆိုရင်တောင် ထင်ထင်ရှားရှား မြင်တွေ့ရမှာဖြစ်တယ်လို့ နောက်ပြောင်ပြီး comment ပေးခဲ့တာတွေလည်း ရှိသလို တစ်ချို့ကျတော့လည်း အပြင်မှာ Thor ရဲ့ abs တွေကို လက်နဲ့ သေသေချာချာ ပွတ်သပ်ကိုင်ကြည့်ခြင်ကြောင်း မှတ်ချက်ပေးခဲ့တဲ့ ပရိသတ်တွေလည်း ရှိကြပါတယ်။
View this post on Instagram
Pyi Hein Kyaw