Linkin Park ရဲ့ သူရဲကောင်း Chester ကို အောင့်မေ့လွမ်းဆွတ်နေကြဆဲ အမာခံပရိသတ်များ

Twitter/RichWalters

Linkin Park ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ Chester ကတော့ လူ့လောကကနေ ထွက်ခွာသွားခဲ့တာ (၃)နှစ်တင်းတင်း ပြည့်သွားပါပြီ။ Chester ဟာ အသက်(၄၁)နှစ်အရွယ် (၂၀၁၇)ခုနှစ် ဇူလိုင်(၂၀)ရက်နေ့မှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တာပါ။

သူ သေဆုံးသွားပေမယ့် သူရဲ့ပရိသတ်တွေကတော့ အခိုင်အမာ ရှိနေဆဲပါဘဲ။ လူတစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရ အားပေးတဲ့အခါ သူ သေသွားရင်တောင်မှ သူရဲ့ရုပ်ရှင်ကားတွေ၊ သီချင်းတွေကို ထပ်တလဲလဲ ပြန်နားထောင်ပြီး အားပေးမှုအရှိန်က မပြတ်သွားပါဘူး။

 

Chester လို အဆိုစွမ်းရည်သာမက လိဒ်ဂစ်တာဘက်မှာ ပိုင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်မှာလည်း အခိုင်အမာ ပရိသတ်တွေ အခုထက်ထိ ရှိနေဆဲပါ။ သူဟာ Grey Daze ကိုလည်း ဦးဆောင်သူဖြစ်ပြီး၊ (၉၂)ခုနှစ် ဝန်းကျင်လောက်ကတည်းက အနုပညာဘက်မှာ ရိုးရိုးသားသား သိက္ခာရှိရှိ လှုပ်ရှားလာခဲ့သူပါ။ သီချင်းရေးစပ်ရာမှာလည်း အလွန်တော်သူ ဖြစ်သလို၊ သရုပ်ဆောင်ဘက်မှာလည်း ပရမီမသေးပါဘူး။ သူ့ကို ချစ်တဲ့ပရိသတ်တွေက သူကွယ်လွန်ခြင်း (၃)နှစ်ပြည့်နဲ့ပတ်သက်ပြီး မှတ်ချက်တွေ ထောင်နဲ့ချီ ရေးသားခဲ့ကြပါတယ်။

 

ပရိသတ်တစ်ဦးက “အခုဆို သုံးနှစ်တောင် တင်းတင်းပြည့်သွားပြီ … အမွေအနှစ်တွေက ကျန်နေဆဲပါ … လူတစ်ယောက်ထွက်ခွာသွားတဲ့ နာကျင်မှုကို ခင်ဗျားတို့ ကောင်းကောင်း သိမှာမဟုတ်ပါဘူး … ကြည့်လိုက် … နားထောင်လိုက် ”လို့ မှတ်ချက်ရေးခဲ့ပါတယ်။

 

အခြားတစ်ဦးကတော့ “Chester  ကွယ်လွန်ခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ်မှာ … ပြောချင်တာက သူ ဘယ်ကိုသွားသည်ဖြစ်စေ တိတ်တိတ်ကလေး မကြေကွဲပါနဲ့လို့ ပြောချင်ပါတယ်  ”လို့ ရေးခဲ့ပါတယ်။ သူ့ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကတော့ Chester ဟာ အခုအချိန်ထိ သူတို့ နှလုံးသားထဲမှာ ရှင်သန်နေဆဲပါ။

 

လင်းသူရိန်

SHARE