ပရိသတ်တွေနဲ့သူငယ်ချင်းတွေရဲ့Supriseကြောင့် မျက်ရည်ကျတဲ့အထိ ဝမ်းသာခဲ့ရတဲ့အေးသောင်း

မအေးသောင်းဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တဖန်ပြန်ပြီးတော့ ရရှိလာတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားတွေကို မနားတမ်းရိုက်ကူးနေရတာဖြစ်ပါတယ်။ သူမကတော့ ၂၀၁၈ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ “မုန်းစွဲ”ဇာတ်ကားနဲ့လည်း အကယ်ဒမီဇကာတင် စာရင်းဝင်ခဲ့ပေမဲ့ ဆုမရရှိခဲ့တာကြောင့် ပရိသတ်တွေက တော်တော်လေး စိတ်မကောင်းဖြစ်ခဲရပါတယ်။

ဒီကနေ့မှာတော့ အေးသောင်းရဲ့ ပရိသတ်တွေက အေးသောင်းရဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး Suprise ပွဲလေးတစ်ခုကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အေးသောင်းကတော့ “အသစ်အိမ် ဆိုင်သူငယ်ချင်းတွေ , မိတ်ဆွေတွေ နဲ့
Facebook ကကျမကိုချစ်ကြတဲ့ အမျိုးတွေ(Fanတွေပေါ့နော်) အားပေးနှစ်သိမ့်တဲ့ ဂုဏ်ပြုကြပွဲလေးကို မနေ့ကလုပ်ပေးခဲ့ပါတယ်။အရမ်းပျော်လွန်းလို့ မျက်ရည်တောင်ကျရပါတယ်။” လို့ရေးထားတာဖြစ်ပါတယ်။

အေးသောင်းရဲ့ ပရိသတ်တွေလည်း အပျော်တွေကို မျှဝေခံစားလို့ရအောင် အေးသောင်းရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
ရေသူမလေးအလား အထင်မှားရလောက်အောင် အလှတွေနဲ့ ဖမ်းစားလိုက်တဲ့ နွယ်နွယ်ထွန်း

Source: အသစ်အိမ်

SHARE