ဂျက်လီရဲ့ ပြောင်းလဲသွားပြန်တဲ့ ရုပ်ရည်ကြောင့် ထပ်မံအံ့သြခဲ့ရတဲ့ ပရိသတ်များ

ကွန်ဖူးစတားတစ်ယောက်ဖြစ်တဲ့ ဂျက်လီလျန်ဂျီဟာ ယနေ့အချိန်မှာတော့ ကျန်းမာရေး ပြန်ကောင်းနေပုံရပါတယ်။ မကြာသေးခင်က ဂျက်လီရဲ့ဓာတ်ပုံကို ပရိသတ်တစ်ဦးက မျှဝေခဲ့ရာမှာ အင်တာနက်ပေါ်မှာတော့ တော်တော်လေး ဂယက်ရိုက်ခဲ့ကြောင်း တရုတ်နိုင်ငံရဲ့ နာမည်ကျော် သတင်းစာ South China Morning Post က ဖော်ပြခဲ့ပါတယ်။

အသက်(၅၆) နှစ်ရှိပြီဖြစ်တဲ့ ဂျက်လီဟာ သိုင်းရွိုက်ရောဂါတစ်မျိုးကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသူပါ။ လွန်ခဲ့တဲ့ (၁) နှစ်ကျော်တုန်းကလည်း ကျန်းမာရေးချို့ယွင်းနေပြီး အဖိုးအိုကြီးတစ်ယောက်လိုတွေ့မြင်ရတဲ့ သူရဲ့ဓာတ်ပုံဟာ အွန်လိုင်းပေါ်မှာ တကယ်ပဲ လူပြောများခဲ့ပါသေးတယ်။ မနှစ်တုန်းကတော့ ဂျက်လီကိုယ်တိုင်က သူဟာ သိုင်းရွိုက်ရောဂါကို ခံစားနေရပြီး ဆေးစားနေရကြောင်းနဲ့ ဆေးကုသမှုခံယူနေရကြောင်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ၄င်းရောဂါဟာ လူတစ်ယောက်ရဲ့ ခုခံအားနဲ့ နှလုံးခုန်နှုန်းကို ပြောင်းလဲစေနိုင်ပါတယ်။

Instagram/jetli

ထိုစဉ်တုန်းက ထွက်လာတဲ့ ဂျက်လီရဲ့ဓာတ်ပုံကတော့ ဆံပင်တွေအားလုံးပြောင်နေကာ ဆွဲချလိုက်သလို အိုမင်းရင့်ရော်နေခဲ့တဲ့ အသွင်အပြင်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂျက်လီဟာ ကျန်းမာရေးအတော်ကောင်းလာပုံရပြီး ၄င်းဓာတ်ပုံနဲ့ ဆန့်ကျင်ဘက်အဖြစ် ပြန်လည် နုပျိုလာတာကို တွေ့ရတာ ဖြစ်ပါတယ်။ သူ့ကို ဆံပင်တွေလည်း ပြန်ပေါက်လာတာ တွေ့ရတဲ့အပြင် နေကာမျက်မှန်၊ ဦးထုပ်တို့နဲ့ အတူ တွေ့ခဲ့ရတာပါ။

READ
ကြည့်မ၀အောင် လှနေတဲ့ ဝတ်မှုံရွှေရည်
Instagram/jetli

ကင်မရာဘက်ကို ပြုံးပြီး ကြည့်နေတဲ့ ဂျက်လီရဲ့ယခု အခြေအနေကို တွေ့မြင်ပြီးနောက်မှာတော့ ပရိသတ်တွေက ကြည်နူးဝမ်းမြောက်ခဲ့ကြကြောင်း သိရပါတယ်။ တချို့ကတော့ အခုဓာတ်ပုံကို လွန်ခဲ့တဲ့ (၁၀) နှစ်ခန့်က ရိုက်ကူးထားတယ်လို့ ထင်ခဲ့မိကြောင်းနဲ့ အခုလို အသားအရည်စိုပြေပြီး ပြန်ကျန်းမာလာတာကို တွေ့ရတာဟာ အလွန်ဝမ်းသာစရာကောင်းတဲ့အကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Instagram/jetli

ဂျက်လီအနေနဲ့တော့ သူ့ရောဂါကို ထိန်းချုပ်ထားနိုင်ပြီလို့ ယူဆရပါတယ်။ ၄င်းပရိသတ်တွေကတော့ တစ်ချိန်တုန်းက ၀ူရှူးချန်ပီယံဖြစ်ခဲ့တဲ့ ဂျက်လီကို နောက်ထပ် အက်ရှင်ဇာတ်ကားသစ်တွေမှာ တွေ့မြင်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ လက်ရှိအချိန်မှာတော့ ဂျက်လီနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားဟာ Mulan ဖြစ်ကာ (၂၀၂၀) ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဂျက်လီကို အပြင်မှာ တွေ့ရတာ နည်းလာပါတယ်။ ဒါပေမယ့်လည်း မကြာခင်ကတော့ ဂျက်မားဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေရှာဖွေပွဲမှာ ဂျက်လီကို တွေ့ရှိခဲ့သေးကြောင်း South China Moring Post အရ သိရပါတယ်။

READ
စေ့စပ်လိုက်ပြီဆိုတဲ့ ကောလဟာလကို ပြန်လည်ဖြေရှင်းခဲ့တဲ့ VANESSA HUDGENS
Instagram/jetli

လင်းလင်း (ShweMom)

SHARE