၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့် ရခဲ့ပေမယ့် ရှေးရိုးစွဲသမားတွေရဲ့ ဝေဖန်ခံနေရတဲ့ ကျွမ်းဘားမယ်

[email protected]

ဗားကျွမ်းကစားခြင်းဟာ ခန္ဓာကိုယ်ကြံ့ခိုင်ရမယ်၊ ပျော့ပြောင်းမှုရှိမယ်၊ လေ့ကျင့်မှုတွေအများကြီး လုပ်ရမယ့် အားကစားနည်းတစ်ခုဖြစ်ပေမယ့်လို့ ကျွန်တော့်အတွက်ကတော့ ကျွမ်းဘားဟာအားကစားသက်သက်ကြီးမဟုတ်ဘဲ အနုပညာလေးပါရောယှက်ပါနေပါတယ်။ ပြောရရင်တော်တော်လက်ဝင်တဲ့ကစားနည်းတစ်ခုပေါ့။

World of Buzz မှ ဖော်ပြချက်အရ မလေးရှားကျွမ်းဘားမယ်လေးဟာ ဂျပန်မှာပြုလုပ်မယ့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကျိမ်းသေသွားခဲ့ပါပြီတဲ့။ ဒါဟာသူမအနေနဲ့ ဂျာမနီမှာပြုလုပ်ခဲ့တဲ့ World Champion-ships မှာ အဆင့် ၁၆ နဲ့အောင်မြင်သွားခဲ့လို့ပါပဲ။

[email protected]

သူမနာမည်ကတော့ Farah Ann ပါ။ နိုင်ငံဂုဏ်ဆောင်အားကစားသမားတစ်ဦးပီပီ တခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်ရင် ဘယ်တော့မှ မျက်နှာမငယ်အောင်စွမ်းဆောင်ပေးခဲ့သူလေးပါ။ Farah Ann တစ်ယောက် ၂၀၂၀ အိုလံပစ်မှာဝင်ပြိုင်ခွင့်ရသွားပြီဆိုတာကို Astro Arena ဆိုတဲ့ Facebook မှ သူမရဲ့ပုံလေးနဲ့တကွ ဂုဏ်ပြုစာလေးတင်လာခဲ့ပါတယ်။ အဲဒီကစပြီး မထင်မှတ်ထားတာတွေဖြစ်လာခဲ့တာပါ။

Gimnas negara, Farah Ann Abd Hadi, layak ke Sukan Olimpik Tokyo 2020 selepas raih tangga ke-16 Individu All Round Kejohanan Dunia 2019 di Stuttgart, Jerman. Syabas Farah!!! 💪💪💪

Posted by Astro Arena on Saturday, 5 October 2019

Farah Ann ဟာ မလေးရှားနိုင်ငံသူဖြစ်တာကြောင့် ဂျွမ်းဘားကစားနေစဉ် ဝတ်ထားတဲ့အဝတ်အစားဟာ မလေးရှားနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့အပြင် တော်တော်လေးကိုအလွန်အကျွံဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း post အောက်က comment တွေမှာ Farah Ann ကို ဝေဖန်သူတွေ၊ မကောင်းပြောသူတွေနဲ့ စီကားလျက်ရှိနေပါတော့တယ်။ နိုင်ငံဂုဏ်ဆောင် အားကစားသမားတစ်ယောက်ဖြစ်ပေမယ့်လည်း နိုင်ငံရဲ့ရိုးရာယာဉ်ကျေးမှုက ရှေ့တန်းရောက်နေတဲ့အခါ Farah Ann တစ်ယောက် ဝေဖန်စကားသံတွေကို ထပ်တလဲလဲခံနေခဲ့ရပါတယ်။

READ
(၁၀)လီတာလောက်ရှိတဲ့ရေဖျဉ်းကြောင့် ကိုယ်ဝန်သည်နဲ့တူနေတဲ့ကောင်မလေး
[email protected]
[email protected]

ဒီကိစ္စနဲ့ပတ်သက်ပီး Farah Ann ကတော့ ဘာမှ တုန့်ပြန်ထားခြင်းမရှိပေမယ့်လည်း comment မှာပဲ သူမဖက်ကရပ်တည်ကာ ပြောထားတဲ့လူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဥပမာ ဒီ comment လိုပေါ့။ “ဦးနှောက်မရှိတဲ့ comment တွေကိုဖတ်ပြီး ကျွန်တော်တို့ဘာကြောင့် သူများတွေရဲ့နောက်မှာ ကျန်ခဲ့တာလဲဆိုတာ ကောင်းကောင်းနားလည်သွားခဲ့ပြီ။ အိုလံပစ်မှာ ဆုတွေရမယ့်အရေးလေ။ ရင့်ကျက်ကြပါဦး” တဲ့။

[email protected]
Facebook-Astro Arena

Penny

SHARE