ထိပ်တန်းဗြိတိန် တက္ကသိုလ်တစ်ခုကနေ ဘွဲ့ယူနိုင်ခဲ့တဲ့ မလေးရှား သိုးကျောင်းသားလေး

Khairul Aiman Hamdan/Facebook

မလေးရှားနိုင်ငံ Kelantan ပြည်နယ်က Meet Afiq အမည်ရှိတဲ့ သိုးကျောင်းသားလေးတစ်ယောက် ဗြိတိန်နိုင်ငံမှာ စာလေ့လာသင်ယူနေတာ အခုဆိုဘွဲ့ရသွားပြီဖြစ်ပါတယ်။သူ့ရဲ့ဘွဲ့ယူတဲ့အခမ်းအနားကို မိဘတွေတက်ရောက်နိုင်ဖို့ သူဟာ ဗြိတိန်မှာသန့်ရှင်းရေးဝန်ထမ်းလုပ်ကာပိုက်ဆံစုပြီး မိဘတွေကို ပို့ပေးခဲ့ပါတယ်။သူဟာ Kelantan မှာနေတုန်းက စာကိုဒီလောက်ထိမလေ့လာခဲ့တဲ့အတွက် အခုလိုအခြေအနေကိုရောက်လာမယ်လို့ မထင်ထားမိဘူးဆိုပြီး ဆိုရှယ်မီဒီယာမှာ သူ့ရဲ့ဘ၀အကြောင်းကိုအခုလိုပဲပြောပြခဲ့ပါတယ်။

 “အရင်ကျောင်းမှာတုန်းက စာမေးပွဲတွေကို ကောင်းစွာမဖြေနိုင်ခဲ့တဲ့အတွက် ကျောင်းထုတ်ခံခဲ့ရပေမယ့် ဗြိတိန်ရောက်တော့ စာကိုကြိုးစားလေ့လာသင်ယူခဲ့တော့ ဗြိတိန်တက္ကသိုလ်ကနေ Accounting and Finance မေဂျာကို ဂုဏ်ထူးနဲ့ဘွဲ့ရရှိခဲ့ပါတယ်”လို့ Meet Afiq ကပြောပါတယ်။

Khairul Aiman Hamdan/Facebook

Meet Afiq ဟာ ကျောင်းတွင်းဖြေဆိုရမယ့်စာမေးပွဲ(၆)ကြိမ်မှာ (၄)ကြိမ်တိုင်ကျရှုံးခဲ့တဲ့အတွက် အရင်ကျောင်းကနေ ထွက်ခဲ့ရပါတယ်။ဒါပေမယ့် သူ့ရဲ့အမေကလက်မလျော့ပဲ သူ့ရဲ့ပညာရေးကိုပြီးဆုံး ထိတိုင် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်။

Meet Afiq ကိုယ်တိုင်ကလည်း စာကိုလေ့လာသင်ယူချင်တဲ့အတွက် မိဘတွေဆီကအကူအညီကို ယူပြီး အင်္ဂလန်နိုင်ငံက Essex ကောင်တီကတက္ကသိုလ်တစ်ခုမှာပညာဆက်လက်သင်ယူခွင့် ရရှိခဲ့ပါတယ်။

Afiq ရဲ့အဖေ၀င်ငွေဟာ တစ်လကို RM(၁၅၀၀)သာရရှိတဲ့အတွက် သူသာစာကိုသေချာကြိုးစားလေ့လာ သင်ယူမယ်ဆိုရင် သူ့ဘ၀မှာကောင်းမွန်တဲ့ အခွင့်အလမ်းတွေရရှိလာမှာကို သူသိရှိခဲ့ပါတယ်။ဒါ့ကြောင့် သူဟာစာကိုလေ့လာသင်ယူနေရင်း ကျောင်းသမဂ္ဂမှာ အချိန်ပိုင်းအလုပ်တွေကိုလုပ်ပြီး အပိုဝင်ငွေတွေကိုရှာခဲ့ပါတယ်။

“My name is Afiq. I’m that guy whose story went viral, where I worked as a cleaner in the UK, to pay for my parents'…

Posted by Humans of Kuala Lumpur on Tuesday, August 20, 2019

“ကျွန်တော်မနက်(၄)နာရီလောက်ကထပြီး ကျောင်းကိုစက်ဘီးသွားကာ မနက်(၅)နာရီမှာအလုပ်စလုပ်ရပါတယ်။ ကျောင်းခန်းကြမ်းပြင်တွေ၊ ခုံတွေ၊ စားပွဲတွေနဲ့အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပေးရပါတယ်။ ကျောင်းကြီးသန့်ရှင်းသွားတာကိုမြင်ရတာ ကျွန်တော်အရမ်းပျော်တယ်လို့’’ Afiq ကသူဖြတ်သန်းခဲ့ရတဲ့ကျောင်းသား ဘ၀ကိုပြောပြခဲ့ပါတယ်။

CERITA BUDAK JAGA KAMBING TERBANG KE ENGLAND"Kau asal mana?"'Subang bang'"Tak payah bohong, cakap je aku dah tau…

Posted by Khairul Aiman Hamdan on Monday, July 15, 2019

“ကျွန်တော်တစ်ပတ်ကို(၃)ရက်အလုပ်လုပ်ပါတယ်။တစ်ရက်ကို (၅)နာရီကနေ(၆)နာရီလောက်အလုပ်လုပ်တဲ့အတွက် တစ်နာရီကို RM(၄၀)ရတာကြောင့် တစ်ပတ်ကို ကျွန်တော့ရဲ့လုပ်အားခဟာ RM(၅၀၀)ရပါတယ်” လို့သူ့ရဲ့အချိန်ပိုင်းလုပ်အားခတွေကိုလည်းပြောပြခဲ့ပါသေးတယ်။အဲ့လိုအချိန်ပိုင်းလုပ်အားခတွေကိုစုပြီး မိဘတွေဆီကိုပို့ကာ သူ့ဘွဲ့ယူတဲ့အခမ်းအနားကိုတက်ရောက်စေခဲ့တာဖြစ်ပါတယ်။

Thae Su

SHARE