ငှက်ကလေးတွေနေဖို့ သူပိုင်တဲ့ စိုက်ခင်းတစ်ဝက်ကို ခွဲပေးခဲ့တဲ့ လယ်သမားကြီး

[email protected] [email protected] varun_alagar

တောင်သူလယ်သမားတော်တော်များရဲ့ လယ်ကွင်းတွေ၊ စိုက်ခင်းတွေမှာ များသောအားဖြင့် စာခြောက်ရုပ်အကြီးကြီးတစ်ကောင် ထားထားတာ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ အဲဒီလိုထားထားတာဟာ သူတို့ရဲ့ လယ်ယာစိုက်ခင်းတွေထဲကို ငှက်တွေဝင်ပြီး ကောက်ပဲသီးနှံတွေကို ဖျက်ဆီးစားသောက်ပစ်မှာ စိုးရိမ်လို့ပါပဲ။ ဒီလိုစာခြောက်ရုပ်ကြီး ထားထားတဲ့အတွက်ကြောင့်လည်း တောင်သူလယ်သမားတွေကို အပြစ်သွားပြောလို့ မရပါဘူး။ ဒါပေမယ့် အခုပြောပြချင်တာကတော့ တစ်ခြားတောင်သူလယ်သမားတွေ မလုပ်နိုင်တဲ့ အလုပ်ကို ပြုလုပ်ခဲ့တဲ့ လယ်သမားအမျိုးသားကြီးတစ်ယောက်ပါပဲ။ အဆိုပါ လယ်သမားကြီးဟာ ငှက်တွေ လွတ်လွတ်လပ်လပ် အစာစားနိုင်ဖို့အတွက် သူပိုင်တဲ့ လယ်မြေတွေရဲ့ တစ်ဝက်ကို ကောက်ပဲသီးနှံတွေအပြည့် စိုက်ထားပေးကြောင်း My Modern Met သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါလယ်သမားကြီးကတော့ အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည်နယ်၊ Coimbatore မြို့မှာ နေထိုင်တဲ့ အသက် ၆၂ နှစ်အရွယ် လယ်သမားကြီး Muthu Murugan ပဲ ဖြစ်ပါတယ်။ Muthu ဟာ လွန်ခဲ့တဲ့ နှစ်တော်တော်များများကစပြီး သူပိုင်ဆိုင်တဲ့ လယ်ဧကတွေထဲက ဧကတစ်ဝက်လေးလောက်ကို ငှက်တွေ စားသုံးဖို့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးပေးခဲ့ပါတယ်။ Muthu ရဲ့ အဲဒီဧကဝက်လေးမှာ ပြောင်း၊လူး၊ဆပ်၊ နှံစားပြောင်း အစရှိတဲ့ ကောက်ပဲသီးနှံတော်တော်များများကို စိုက်ပျိုးပေးခဲ့ပါတယ်။ Muthu မျှော်လင့်ထားသလိုပဲ ငှက်တော်တော်များများဟာ Muthu ရဲ့ အဲဒီစိုက်ခင်းလေးမှာပဲ နေ့တိုင်းလိုလို လာစားနေကြပါတယ်။

 

 

View this post on Instagram

 

Munias I was on assignment recently to document the Scaly Breasted Munias and White Rumped Munias feeding on millets in my friend’s farm who has grown the millets not for produce but for nature’s winged beauties. When he asked me if I could photograph them for a few newspapers and document the same, I was happy to be behind the lens after more than five years as a photographer on assignment. In these images I wanted to show how the Munias get to the millets during different stages of the crop growth(the colour of the crops show them) and when the bird was having the millet in its beak. The first day was of no glory and he said it’s alright, thanks for trying it out for me. I was not convinced and I have never been satisfied when a shoot is incomplete. I went back early the next morning and awaited for a few hours, studied their pattern and soon was able to get them feeding. After more weighed steps, I was able to make a decent image showing the scene. My friend, an organic farmer has dedicated his time, effort and most of his savings just so that natural history is preserved. His idea is that the animals haven’t disappeared, they’ve only been displaced by us. If every farmer dedicates a small amount of land for the birds, then there won’t be crop raids by them in concentrated areas. https://m.timesofindia.com/city/coimbatore/farmer-shares-harvest-with-starving-birds/amp_articleshow/77580347.cms @timesofindia @canonindia_official @birdphotographers_of_india @sanctuaryasia @birdsonearth #wildtamilnadu_official #indianwildlifechannel #birds #birdwatching #wildlifephotography #nature #naturephotography #natureinfocus #sanctuaryasia #sigmalens #birdsofinstagram #millet #india #instagood #onassignment #office #photooftheday #instagram #canon #farmer #crop #coimbatore #kovai

A post shared by Varun Alagar Surendran (@varun_alagar) on

“အဓိကကတော့ ကျွန်တော်တို့ လူသားတွေအနေနဲ့ သဘာဝတရားကြီးဆီက ယူထားတာတွေ တော်တော်များနေပါပြီ။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ဘာပြန်ပေးနိုင်မလဲ စဉ်းစားကြည့်မိတော့ ဒီလိုလေးလုပ်နိုင်တာ သိလိုက်ရတယ်။ အခုဆို အဲဒီ ဧကဝက်စိုက်ခင်းလေးမှာပဲ စာကလေးတွေ၊ ကြက်တူရွေးတွေ၊ ခိုတွေ အများကြီး နေ့တိုင်းလိုလို လာစားကြတယ်။ အခြားကျွန်တော့်စိုက်ခင်းတွေကိုလည်း သူတို့ မဖျက်ဆီးဘူး။ အဲဒီစိုက်ခင်းလေးမှာပဲ သူတို့စိတ်ကြိုက်စားသောက်ကြတယ်။ ကျွန်တော်လည်းပျော်တယ်။ သူတို့လဲ ပျော်တယ်။ ကျွန်တော်လိုချင်တာ ဒါပါပဲ”လို့ Muthu က ပြောကြားခဲ့ပါတယ်။

READ
အချစ်မှာ ရုပ်ရည်မလိုကြောင်းသက်သေပြခဲ့တဲ့ ကမ္ဘောဒီးယားစုံတွဲ
[email protected] varun_alagar

Pyi Hein Kyaw

SHARE