သားအရင်းက အချိုးမပြေလို့ အိမ်မွေးခွေးလေးကို အမွေတွေအကုန်ပေးခဲ့တဲ့ လယ်သမားကြီး

Pixabay-danfador

ခွေးကလေးတွေဆိုတာ လူသားတွေအတွက် အကောင်းဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပါ။ အမြဲလိုလို လူသားတွေပေါ်မှာ အရိပ်တကြည့်ကြည့်နဲ့ ရှိနေတတ်ပြီး သခင်ဖြစ်သူတွေရဲ့ အရိပ်အကဲကို နားလည်တာလည်း ခွေးကလေးတွေပါပဲ။ ဒါ့အပြင် ဖွေးကလေးတွေဟာ လူသားတွေအတွက် အကောင်းဆုံးသော အဖော်မွန်တွေပါပဲ။ ဒါကို သက်သေပြသွားတဲ့ ခွေးကလေးကတော့ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ ခွေးကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် အဆိုပါ ခွေးကလေးကို သူ့ရဲ့ သခင် လယ်သမားကြီးတစ်ဦးက ပိုင်ဆိုင်သမျှ လယ်ာမြေတွေ အကုန်လုံးကို အမွေအဖြစ် ပေးအပ်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Lepale

အဆိုပါ လယ်သမားကြီးကတော့ အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၊ Chhinwara မြို့မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် Om Narayan Verma အမည်ရ လယ်သမားကြီးပဲ ဖြစ်ပါတယ်။ Narayan မှာ အလွန်ချစ်စရာကောင်းပြီး သူ့အပေါ်အရမ်းနားလည်တဲ့ ခွေးကလေးတစ်ကောင် ရှိပါတယ်။ အဆိုပါ ခွေးကလေးကတော့ Jacky အမည်ရ ခွေးကလေးပဲ ဖြစ်ပါတယ်။ Narayan တစ်ယောက် သူပိုင်ဆိုင်တဲ့ လယ် ၁၈ ဧကစလုံးအား Jacky ကို ပေးခဲ့တာကလည်း အကြောင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့သားဖြစ်သူဟာ သူ့ကို လုံးဝဂရုမစိုက်တဲ့ သားတစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ။ Narayan ပြောပြချင်အရဆိုရင် သူ့ရဲ့သားဟာ အချိန်ပြည့် သူ့အနားမှာ ရှိမနေပဲ အမြဲလိုလို အလေလိုက်ပြီး သူ့ကို စိတ်ဒုက္ခပေးနေတဲ့ သားတစ်ယောက်ဖြစ်ကြောင်း၊ ဒါ့ကြောင့် သူ့အနားမှာ အချိန်ပြည့်ရှိနေတဲ့ Jacky ကိုပဲ သူပိုင်ဆိုင်တဲ့ လယ် ၁၈ ဧကစလုံး ပေးလိုက်တာဖြစ်ကြောင်း သိရှိရပါတယ်။

READ
အကြွေး ဒေါ်လာ(၃)သောင်းကျော်ထားခဲ့ပြီး မိန်းကလေးနောက်လိုက်ပြေးသွားတဲ့ သတို့သမီး
Pixabay-Nandalal_Sarkar

“ဒီလိုမျိုး ခွေးကလေးတစ်ကောင်ကို လယ် ၁၈ ဧက အမွေပေးလို့ လူတော်တော်များများက ကျွန်တော့်ကို ရူးနေတယ်လို့ ထင်ကောင်းထင်ကြလိမ့်မယ်။ ကျွန်တော့်မှာ သားကော၊ မိန်းမကော ရှိပါတယ်။ သားဖြစ်သူကတော့ ဘာမှသုံးစားမရတဲ့ လူတစ်ယောက်ပါ။ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းပြီး ကျွန်တော့်ကို အချိန်ပြည့် အသက်တိုအောင် လုပ်နေတဲ့ သားဆိုးသားမိုက်ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ခွေးလောက်တောင် ကျွန်တော့်မကောင်းတဲ့ သားဆိုးသားမိုက်တစ်ယောက်ပါ။ ဒါ့ကြောင့် ကျွန်တော့်အမွေတွေကို ကျွန်တော့မိန်းမနဲ့ Jacky ကိုပဲ ပေးခဲ့တာပါ။ မိန်းမကိုတော့ ပိုင်ဆိုင်သမျှ အတွင်းပစ္စည်းတွေ အကုန်းပေးခဲ့မှာဖြစ်ပြီး Jacky ကိုတော့ လယ် ၁၈ ဧကပေးခဲ့မှာ ဖြစ်ပါတယ်”လို့ Narayan က Nai Dunia သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
အပူဒဏ်ကိုအံတုနေကြရတဲ့ ရေကန်ထဲက တရုတ်လူအုပ်ကြီး

Pyi Hein Kyaw

SHARE