လယ်ထဲက ကျိုင်းကောင်တွေကို ဖယ်ရှားဖို့ DJ သမား ငှားခဲ့တဲ့ အိန္ဒိယ လယ်သမားများ

Pixabay- yanivmatza, Twitter- Upcoprahol

Covid-19 ဟာ တရုတ်နိုင်ငံမှ တခြားနိုင်ငံတွေကို စတင်ပျံ့နှံ့နေတဲ့အချိန်နဲ့ တပြိုင်နက်တည်း တချို့သောနိုင်ငံတွေမှာ ကျိုင်းကောင်တွေ အစုလိုက်အပြုံလိုက်နဲ့ လယ်တွေ၊ လူနေအိမ်တွေထဲထိ ဝင်ရောက်လာနေကြတာကို သတိထားမိကြမယ် ထင်ပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ ကျိုင်းကောင်ပြဿနာကတော့ အာဖိရိကအရှေ့ဖက်ပိုင်းမှ စတင်လာခဲ့တယ်လို့ South China Morning Post မှာ ဖော်ပြထားခဲ့ပါတယ်။ အရင်ကတည်းကလည်း အာဖရိကအရှေ့ပိုင်းဒေသတွေမှာ ကျိုင်းကောင်ကပ်ဘေးကြုံတွေ့ခဲ့ရပေးမယ့်လို့ တစ်နှစ်မှာတော့ ကျိုင်းကောင်အုပ်ကြီးအနေနဲ့ ပါကစ္စတန်ဖက်ကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ ဒါဟာ အရှေ့တောင်အာရှနိုင်ငံတွေအတွက်တော့ ပထမဦးဆုံးပါပဲတဲ့။ တရုတ်နိုင်ငံဖက်ကတောင် အိမ်နီးချင်း ပါကစ္စတန်အတွက် ကျိုင်းကောင်ကိစ္စဖြေရှင်းပေးဖို့ ဘဲတပ်မတော်ကြီးလွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုလည်း Shwemom မှ မျှဝေခဲ့ဖူးပါသေးတယ်။

https://twitter.com/Miss_huma_/status/1265439194651987968?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1265439194651987968%7Ctwgr%5E&ref_url=https%3A%2F%2Fwww.storypick.com%2Ffarmers-blast-dj-to-ward-off-locusts%2F

အခုဆိုရင်တော့ ကျိုင်းကောင်တွေဟာ ပါကစ္စတ်မှတစ်ဆင့် အိန္ဒိယကို ရောက်ရှိနေပြီဖြစ်ပြီး အမေရိကရဲတချို့သောဒေသများမှာလည်း ရောက်ရှိနေပြီလို့ သတင်းတွေမှာ သိခဲ့ရပါတယ်။ ဒါပေမဲ့ Story Pick မှာ ဖတ်လိုက်ရတဲ့ အိန္ဒိလယ်သမားတွေရဲ့ ကျိုင်းကောင်မောင်းထုတ်ပုံတွေကတော့ အဆန်းပါပဲ။

READ
ဇနီးရဲ့တူမအတွက် (၁၂) နှစ်ကြာပေါင်းခဲ့တဲ့ ဇနီးကို စွန့်ပစ်ခဲ့တဲ့ ဘရာဇီးဘောလုံးသမား

ကျိုင်းကောင်တွေဟာ လက်ရှိမှာတော့ အိန္ဒိယရဲ့ Maharashtra, Uttar Pradesh, Punjab, Rajasthan, Gujarat, Madhya Pradesh နဲ့ Haryana ဒေသတွေမှာ ကျက်စားနေကြပါတယ်။ အဲဒီအထဲကမှ တချို့ဒေသတွေမှာရှိနေတဲ့ လယ်သမားတွေကတော့ ကျိုင်းကောင်တွေဟာ ကျယ်လောင်လွန်းတဲ့အသံတွေကို ကြောက်တယ်ဆိုတဲ့ သဘာဝအချက်ပေါ်မူတည်ပြီး ဖြတ်ထိုးဥာဏ်သုံးကာ အေခုလိုနည်းနဲ့မောင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်။

အဲဒါကတော့ DJ တစ်ယောက်ငှားပြီး လယ်ကွင်းတွေထဲ အသံချဲ့စက်တပ်ထားတဲ့ ကားနဲ့ လှည့်လည်ကာ သီချင်းတွေ အကျယ်ကြီးဖွင့်ကြတာပါပဲ။ လက်ရှိ ကျိုင်းကောင်တွေ ပြေးမပြေးတော့ မပြောတတ်ဘူး Twitter မှာတော့ တော်တော်လေး နာမည်ကြီးနေပါပြီ။

 

အရင်တုန်းကလည်း ဓားခုတ်ကောင်တွေကြောင့် ဒီဒေသတွေမှာ စိုက်ပျိုးမြေ ဧကပေါင်း ၁၂၅,၀၀၀ လောက် ဆုံးရှုံးနစ်နာခဲ့ဖူးပေမယ့် အခု ကျိုင်းကောင်တိုက်ခိုက်မှုကတော့ ၂၆ နှစ်အတွင်း အဆိုးရွားဆုံးပါပဲတဲ့။

READ
မီတာ(၁၃၀၀)ကျော်မြင့်တဲ့ တောင်ထိပ်ပေါ်မှာ မူးယစ်ပျော်ပါးလေ့ရှိတဲ့ စကော့တလန်သားများ

Penny

SHARE