သူပိုင်ဆိုင်တဲ့လယ်မြေပေါ်မှာနေကြာပန်း ၂ သန်းကျော်စိုက်ပျိုးခဲ့တဲ့ လယ်သမားကြီး

[email protected] thompsonstrawberryfarm

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်ထဲမှာပဲ နေနေရပြီး စိတ်ကျဉ်းကျပ်နေမှာ အမှန်ပါပဲ။ ဘယ်အချိန်မှ ပြီးဆုံးနိုင်မှန်းမသိတဲ့ ဒီကပ်ရောဂါကြီးကြောင့် လူတိုင်းဟာ စိတ်ညစ်နေရပြီး အလုပ်ပျက်အကိုင်ပျက် ဖြစ်နေကြပါတယ်။ အခုလည်း အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ လယ်သမားကြီးတစ်ယောက်ဟာ အများပြည်သူ စိတ်ပျော်ရွှင်ဖို့အတွက် သူပိုင်ဆိုင်တဲ့ မြေယာပေါ်မှာ နေကြာပန်း ၂ သန်းကျော် စိုက်ပျိုးပေးခဲ့ပြီး ဘယ်သူမဆို လာရောက်လည်ပတ်ခွင့်ပေးခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

We are in the heart of the season…..there are flowers everywhere!!

A post shared by Thompson Strawberry Farm (@thompsonstrawberryfarm) on

အဆိုပါလယ်သမားကြီးကတော့ အမေရိကန်နိုင်ငံ၊ Wisconsin ပြည်နယ်မှာ နေထိုင်တဲ့ Scott Thompson လို့ အမည်ရတဲ့ လယ်သမားကြီးပဲ ဖြစ်ပါတယ်။ Scott ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်ကတည်းက လယ်ယာမြေလုပ်ငန်းကိုပဲ တစိုက်မက်မက်လုပ်ကိုင်ခဲ့တဲ့ ဝါရင့်လယ်သမားကြီးတစ်ဦး ဖြစ်ပါတယ်။ သူပိုင်ဆိုင်တဲ့ လယ်ယာမြေမှာ ဖရုံသီး၊ စတော်ဘယ်ရီ အစရှိတဲ့ အသီးအနှံတွေကို စိုက်ပျိုးရောင်းချနေခဲ့တာပဲ ဖြစ်ပါတယ်။

READ
ရဲ့အရာရှိတွေကို ခုခံအကြမ်းဖက်ခဲ့တဲ့ အဖော်ချွတ်မော်ဒယ် အဖမ်းခံခဲ့ရ

 

လက်ရှိအချိန်မှာတော့ သူ့ရဲ့ ဖောက်သည်တွေနဲ့ အများပြည် စိတ်ပျော်ရွှင်အောင် သူပိုင်ဆိုင်တဲ့ လယ် ၂၂ ဧကပေါ်မှာ နေကြာပန်း ၂ သန်းကျော် စိုက်ပျိုးခဲ့ပါတယ်။ အခုဆိုရင်တော့ နေကြာပန်းတွေဟာ အစွမ်းကုန် ဖူးပွင့်နေပြီး မြင်လိုက်တာနဲ့ အရမ်းကို စိတ်ချမ်းသာစေမယ့် နေကြာပန်းခင်းကြီးတစ်ခု ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ လူတိုင်းလိုလို လာရောက်လည်ပတ်နိုင်ပြီး ဓာတ်ပုံတွေပါ ရိုက်နိုင်ကြောင်းလည်း သိရပါတယ်။

 

“အဓိကကတော့ လူတိုင်းဒီအချိန်မှာ အပြင်ထွက်ရင်တောင် စိတ်ချမ်းချမ်းသာသာနဲ့ ထွက်ချင်ကြမှာ အမှန်ပါပဲ။ ကျွန်တော့်နေကြာပန်းစိုက်ခင်းကြီးက အကျယ်ကြီးဆိုတော့ social distancing လည်း ကောင်းကောင်းလုပ်နိုင်ပါတယ်။ မနက် ၁၀ နာရီကနေ ည ၇ နာရီအတွင်း ကြိုက်တဲ့အချိန် လာရောက်လည်ပတ်နိုင်ပါတယ်။ တစ်ခုပဲ။ ရာသီဥတုအခြေအနေကို သတိထားပေးဖို့ပါပဲ။ မိုးအရမ်းရွာတဲ့နေ့တွေဆိုရင်တော့ ကျွန်တော်တို့ နေကြာပန်းခင်းက ပိတ်ပါတယ်”လို့ Scott က ပြောကြားခဲ့ပါတယ်။

READ
အသေခံဗုံးခွဲသူအပေါ် ခုန်အုပ်ပြီး လူအုပ်ကြီးကို ကယ်တင်လိုက်တဲ့ ခွေးလေး

 

 

View this post on Instagram

 

Even the butterflies love the sunflowers!!

A post shared by Thompson Strawberry Farm (@thompsonstrawberryfarm) on

Pyi Hein  Kyaw

SHARE