အိမ်နီးချင်းမိတ်ဆွေကောင်းပီသကြောင်း လက်တွေ့ပြသခဲ့တဲ့ အမေရိကန်လယ်သမားများ

[email protected] Anderson

ကိုယ့်ရဲ့ မိတ်ဆွေကောင်း ဒါမှမဟုတ် အိမ်နီးချင်းကောင်းဆိုတာ ကိုယ်ဒုက္ခရောက်နေတဲ့ အချိန်တွေ၊ ကိုယ်အကူအညီလိုအပ်နေတဲ့အချိန်တွေမှာသာ သိနိုင်တာပါ။ လူတွေဆို အပေါ်ယံမျက်နှာဖုံးတွေ တပ်ထားကြတာများပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ ကိုယ့်ကို အပေါ်ယံပေါင်းတာလား ဒါမှမဟုတ် တစ်ကယ်ခင်လို့ပေါင်းတာလားဆိုတာ ကိုယ်အခက်အခဲနဲ့တွေ့နေတဲ့အချိန်မှသာ သိနိုင်တာပဲ ဖြစ်ပါတယ်။ အခုလည်း အမေရိကန်နိုင်ငံက လယ်သမားကြီးတစ်ယောက်ကတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဘဝတူလယ်သမားတွေဟာ သူ့အတွက် တစ်ကယ့်မိတ်ဆွေကောင်းဆိုတာကို လက်တွေ့ကျကျ သိရှိခဲ့ရကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Facebook-@Don Anderson

အမေရိကန်နိုင်ငံ၊ North Dakota ပြည်နယ်ရှိ Crosby မြို့မှာနေထိုင်တဲ့ Lane Unhjem လို့ အမည်ရတဲ့ လယ်သမားကြီးတစ်ယောက်ဟာ စက်တင်ဘာလအစောပိုင်း အချိန်လောက် နေအိမ်မှာနေရင်း နှလုံးရောဂါရုတ်တရက်ထဖောက်ခဲ့တာကြောင့် အရေးပေါ်ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံမှာ ရက်တော်တော်ကြာနေပြီး ဆေးကုသမှုခံယူနေရပေမယ့် သူ့စိုက်ခင်းကို Lane တစ်ယောက် စိတ်မချဖြစ်နေခဲ့ရှာပါတယ်။ အကြောင်းကတော့ သူ့စိုက်ခင်းဟာ ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်သလို ရိတ်သိမ်းရမယ့်အချိန်မှာ မရိတ်သိမ်းနိုင်ရင် အသီးအနှံတွေဟာ ပုပ်သွားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

READ
(၂) ပတ်ကြာပျောက်နေတဲ့ ခွေးလေးနဲ့ ပြန်ဆုံတွေ့ခဲ့တဲ့ ကောင်လေးရဲ့ ဗီဒီယိုဖိုင်
Facebook[email protected] Anderson

ဒါပေမယ့် Lane တစ်ယောက် အိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့စိုက်ခင်းထဲက အသီးအနှံတွေဟာ အဆင့်သင့်ရိတ်သိမ်းပြီး ဖြစ်သလို ဂိုထောင်ထဲမှာပါ စနစ်တကျ သိမ်းဆည်းပေးထားတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာမှ သိလိုက်ရတာ သူဆေးရုံတက်ပြီး နောက်တစ်ရက်မှာပဲ သူ့အိမ်နီးချင်း လယ်သမားတစ်ယောက်ဖြစ်တဲ့ Don Anderson ဦးဆောင်တဲ့ လယ်သမား အယောက် ၅၀ နီးပါးဟာ ဧက ၁၀၀၀ ကျော်ရှိတဲ့ Lane ရဲ့စိုက်ခင်းက အသီးအနှံတွေကို ကူညီရိတ်သိမ်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

You reap what you sow! Thats the old saying that can apply to a lot of things in life. Well, today it has a two fold…

Posted by Don Anderson on Saturday, September 12, 2020

“ကျွန်တော်သိသိချင်းမှာ မျက်ရည်တောင် တစ်ကယ်ဝဲမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လုံးဝမထင်ခဲ့လို့ပါပဲ။ ကျွန်တော်စိတ်ထဲမှာတော့ အသီးအနှံတွေ ပျက်ဆီးနေလောက်ပြီလို့ပဲ ထင်ခဲ့တာကြောင့်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလောက်ကောင်းတဲ့ အိမ်နီးချင်းမိတ်ဆွေတွေ ရထားတာ ကျွန်တော့်အတွက် ဘုရားကပေးတဲ့ ဆုလဒ်တစ်ခုပါပဲ။ ကျွန်တော့်ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေတွေအကုန်လုံးကို ကျွန်တော်တစ်ကယ်ကျေးဇူးတင်ပါတယ်”လို့ Lane က ပြောကြားခဲ့ပါတယ်။

READ
ကင်ဆာနောက်ဆုံးဆင့် ဝေဒနာသည်လေးကို အားပေးစကားတွေဆိုခဲ့တဲ့ Marvel ဟီးရိုးများ

Pyi Hein Kyaw

SHARE