အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး အီးပေါက်ပြိုင်ပွဲ

Vice/Twitter

အိန္ဒိယနိုင်ငံသားတွေကတော့ လုပ်လိုက်ရင် ဆန်းဆန်းပြားပြားတွေချည်းပါပဲ။ အခုလည်း အီးပေါက်ပြိုင်ပွဲ တဲ့။ ကြံကြံဖန်ဖန်တွေ လုပ်နေကြပြန်ပါပြီ။

စက်တင်ဘာ (၂၂)ရက်နေ့မှာ ဘောလိဝုဒ်အဆိုတော် ယာတင် ဆန်ဂွိုင်း က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲနာမည်ကို WTF : What the Fart လို့ ခေါ်ပါတယ်။

ပြိုင်ပွဲကို ဂူဂျာရတ်ပြည်နယ် အနောက်ပိုင်းမှာရှိတဲ့ ဆူရတ်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် (၄၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒီအဆိုတော်ကြီးဟာ ဘယ်လိုတောင် စိတ်ကူးစိတ်သန်းတွေ ရသလဲ မသိကြပါဘူး။

ဆန်ဂွိုင်းက VICE သတင်းစာနဲ့ အင်တာဗျူးမှာ သူက မိသားစုနဲ့ရုပ်ရှင်ကြည့်တဲ့အချိန်ဆို လေလည်လေ့ရှိကြောင်းနဲ့ အဲဒီလိုအချိန်ဆိုရင် တခြားသူတွေရဲ့ရယ်မောခြင်းကို ခံရကြောင်း ဖွင့်ဟသွားခဲ့ပြီးအဲဒီကနေ ဒီလိုပြိုင်ပွဲမျိုးလုပ်ဖို့ စိတ်ကူးရသွားတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆန်ဂွိုင်းရဲ့ စည်းမျဉ်းတွေမှာတော့ လေလည်တဲ့သူတွေဟာ အသံကျယ်ရမယ်၊ ဘယ်လောက်အကွာအဝေးအထိ နံလည်းဆိုတာကိုလည်း ယှဉ်ပြိုင်ရမယ်၊ လေလည်တဲ့အသံဟာ ဘယ်လောက် နားဝင်ပီယံရှိတယ်ဆိုတာကိုလည်း ပြိုင်ရမယ်ဆိုတာတွေ ပါရှိပါတယ်။

READ
ကြောက်စရာကောင်းလွန်းလို့ အဆုံးထိ မကြည့်ရဲကြဘူးလို့ နာမည်ကြီးနေတဲ့ သရဲကား

ဆန်ဂွိုင်းက အသက် (၂၀)ကနေ (၂၅)နှစ်အတွင်း လူငယ်တွေဟာ လေလည်ရမှာကို ရှက်တတ်ကြပြီး အဲဒါဟာ သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်သွားနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဒီပြိုင်ပွဲကို ပြိုင်ပွဲဝင်တွေက အခမဲ့ ၀င်ရောက်ယှဉ်ပြိုင်ကြရတာဖြစ်ပြီး ဆုကြေးငွေအဖြစ် ရူပီး (၅၀၀၀)ကနေ (၁၅၀၀၀)အတွင်း ရရှိခဲ့ကြတာပါ။

ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ လေလည်တယ်ဆိုတာ ကိုယ်လည်ချင်တဲ့အချိန် လည်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ပဲ အခြေအနေတွေ ပေါင်းဆုံမှသာ ဖြစ်တတ်တာမျိုးလို့ မှတ်ချက်ပေးနေကြပါတယ်။

READ
ခြေထောက်ညပ်နေလို့ ရဲတွေရောက်လာမယ့် မနက်ကိုပဲ စောင့်လိုက်ရတဲ့ သူခိုးကံဆိုး

တချို့ကလည်း ပြိုင်ပွဲကို ၀င်ပြိုင်ဖို့အတွက် လေလည်နိုင်မယ့်စားစရာတွေချည်း ရွေးချယ်စားထားရမယ်လို့ မှတ်ချက်ပေးခဲ့ကြတယ်။

Linn

SHARE