လူသားမော်ဒယ်တွေ နေရာမှာ 3D model တွေကို အစားထိုးပြခဲ့တဲ့ ဖက်ရှင် ဒီဇိုင်နာ

Image:IG/Anifa Mvuemba

လူတွေရဲ့ နေရာတွေ ကို တော့ စက်တွေ၊ စက် ရုပ်တွေ နဲ့ တခြား အရာတွေ က တစ်နေ့ တခြား အစားထိုး ၀င်လာ ပါ တယ်။အခုဆိုရင်တော့ ဖက်ရှင်ဒီဇိုင်နာ တစ်ဦး က နောင် အနာဂါတ် Runway ထက်မှာ တွေ့မြင်ရ မယ့်  3 D ဖက်ရှင် မော်ဒယ် တွေ နဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ကပ် ရောဂါ ကြောင့် Social Distancing ဖြစ် နေတဲ့ ဒီနေ့ လို ခေတ်ကြီးမှာတော့  နောက်ပိုင်းကျ ရင် လူသား မော်ဒယ် တွေ မဟုတ်ပဲ နဲ့ 3 D မော်ဒယ် တွေကိုပဲ အစားထိုးနိုင်ဖို့ အတွက် ဒီလို မျိုး virtual model တွေ ကို ဖန်တီး ခဲ့ ပုံရပါတယ်။ဒီ  အ ကြောင်းကိုတော့ CNN မှာ ဖော်ပြ ထားပါ တယ်။

Image:IG/Anifa Mvuemba
Image:IG/Anifa Mvuemba

ဖက်ရှင်ဒီဇိုင်နာ Anifa Mvuemba က လူသားမော်ဒယ်တွေ နေရာမှာ 3D model တွေ ကို အစားထိုး သုံး ပြ လိုက် တာပါ။ Mvuemba က တော့  Hanifa  ဖက်ရှင် Brand အတွက် သူမရဲ့   နောက်ဆုံး ပေါ်  Latest Collection  လက်ရာ တွေကို မေလ (၂၂)ရက်နေ့က မိတ် ဆက် ပေးလိုက်ပါတယ်။Instagram Live မှာ မိတ်ဆက် ပေးလိုက် တာပါ။ဒီ Show အတွင်းမှာ တော့ သူမက လူသား မော်ဒယ် တွေ မဟုတ်ပဲ digital model တွေကို အစားထိုး ခဲ့တာပါ။ခေါင်းတော့မ ပါ ပေမယ့် 3 D Body ပါ ရှိပါတယ်။

ဒီဇိုင်နာ ရဲ့ လက်ရာ အမိုက်စား ၀တ်စုံ တွေ ကိုတော့ ပေါ် လွင် အောင် ပြသ သွားနိုင်ခဲ့ပါတယ်။The Pink Label Congo collection မှာတော့ ဘောင်းဘီ Pant တွေ နဲ့ Dress တွေ ပါပါတယ်။ Mvuemba ရဲ့ ဒီဇိုင်း လက်ရာ တွေကို ရက်ပ်ပါ အဆိုတော် Cardi B တို့ လို နာမည်ကြီး ဆယ်လီတွေ က ၀တ်ဆင် ခဲ့ဖူးပါတယ်။Mvuemba က တော့ Covid-19 မတိုင်ခင်တည်းက သူရဲ့ ဒီဇိုင်းလက်ရာ တွေ ကို လူသားမော်ဒယ်တွေ နဲ့ မဟုတ် ပဲ ဒစ်ဂျစ်တယ် မော်ဒယ် တွေ နဲ့ အစားထိုးပြသွား မယ်ဆိုတဲ့ စိတ်ကူး ရှိခဲ့တာလို့ ဆိုပါတယ်။ဒီလို 3D Model တွေ ကို ဖန်တီးဖို့ (၇) လ လောက် အချိန်ယူခဲ့ ရတယ်လို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ် မော်ဒယ် တွေ ကို ၀တ်စုံနဲ့ Fit ဖြစ် ၊အံဝင် ခွင်ဂျ ဖြစ်ဖို့ အတွက် ပိုပြီးအာရုံစိုက် ဖို့ လိုတယ် လို့ ပြော ခဲ့ပါတယ်။

#SHWEMOM

SHARE