California တောမီးကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာခဲ့လို့ ဝေဖန်ခံနေရတဲ့ အမျိုးသမီး

[email protected] coletteleclair_

လက်ရှိ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းမှာ ကပ်ရောဂါတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူတိုင်းလိုလိုမှာ အနည်းနဲ့အများ စိတ်ညစ်စရာတွေဆိုတာ ရှိတတ်ပါတယ်။ မကြာသေးခင်အချိန်က လောင်ကျွမ်းနေတဲ့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်က တောမီးကိုတော့ လူတိုင်း သိကြမှာပါ။ အခုလည်း ဒီ California တောမီးကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာခဲ့တဲ့ Influencer အမျိုးသမီးကြောင့် လူတော်တော်များများဟာ စိတ်အနှောင့်အယှက်ဖြစ်ပြီး အပြင်းအထန်ဝေဖန်နေကြကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါအမျိုးသမီးကတော့ Colette LeClair လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Colette ဟာ နာမည်ကြီး Influencer တစ်ယောက်ဖြစ်သလို လူသိများတဲ့ Fashion blogger တစ်ယောက်အဖြစ်လည်း နာမည်ကြီးပါတယ်။ အခုအချိန်မှာတော့ Cloette ဟာ လူတော်တော်များများရဲ့ အပြင်းအထန်ဝေဖန်မှုကို ခံနေရပါတယ်။ အကြောင်းကတော့ California တောမီးလောင်တဲ့ပုံစံကို Theme အဖြစ်ထားပြီး သူမရဲ့ ဝတ်စုံကိုလည်း မီးလောင်နေတဲ့ ပုံစံပြုလုပ်ပြီး အလှဓာတ်ပုံရိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

 

ပုံထဲမှာတွေ့ရတဲ့အတိုင်း Colette ရဲ့ ဓာတ်ပုံရိုက်တဲ့နေရာကလည်း California ပြည်နယ်ထဲက ကမ်းခြေတစ်နေရာမှာဖြစ်ပြီး မီးလောင်လို့ လိမ္မော်ရောင်သမ်းနေတဲ့ ကောင်းကင်ကို background ပုံစံသုံးခဲ့ပြီး ဖက်ရှင်ကျကျ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံတွေကို သူမရဲ့ Instagram အကောင့်နဲ့ Facebook မှာတင်ခဲ့ပြီး သိပ်မကြာခင် လူအများအပြားရဲ့ ဝေဖန်ခဲ့တဲ့အတွက်ကြောင့် comment တွေကိုတောင် ချက်ချင်းပိတ်ချခဲ့ပါတယ်။

READ
အရုပ်မနဲ့ချစ်ကြိုက်မိနေတဲ့ ကိုရီးယားအမျိုးသား

 

 

View this post on Instagram

 

13 days… okayyyyyyyy Santy

A post shared by Colette LeClair (@coletteleclair_) on

“ကျွန်မအနေနဲ့ကတော့ သဘောရိုးနဲ့ပဲရိုက်လိုက်တာပါ။ ဒါကို လူတွေက ဘယ်လို မြင်သွားလဲတော့ မငိဘူး။ California တောမီးလောင်တာကို အမှတ်တရနဲ့ အမြန်ဆုံး မီးငြိမ်းစေချင်လို့ ဝတ်စုံကိုလည်း မီးအရောင်ချုပ်ပြီး ဓာတ်ပုံအရိုက်ခံခဲ့တာပါ။ ကျွန်မကြောင့် အနှောင့်အယှက်ဖြစ်သွားရင်တော့ တစ်ကယ်ကိုတောင်းပန်ပါတယ်။ ကျွန်မဓာတ်ပုံဟာ ဒီအတိုင်းရိုက်လိုက်မိတဲ့ ဓာတ်ပုံတစ်ပုံထက် ဘာမှမပိုပါဘူး”လို့ Cloette က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

Thank you @cosmopolitan for taking a chance on me! I had the most incredible & kick ass team put together this top secret shoot with me on a cold, snowy day in New York City. @heyrayhansen @racheltorgs @rubcha @abby.silverman @ayakanai you all made my dreams come true I started Colette Prime a year and a half ago and my whole life changed. I cut off everything toxic and planted my seeds again. I started from ground zero. I took the biggest chance on myself because I knew it was worth it to grow into the person I was meant to be. It was incredibly hard and I did a lot of work on myself to get to this point. And every single one of YOU helped!! My brain & heart works on overdrive every day with ideas on how to help y’all. There is still a lot of work to do, but I have a foundation that’s stronger than ever. Thank you, thank you! Take care of yourselves too. Know that letting go and rebuilding yourself is possible. Plant dem new seeds! And never look back. The past is never ever better. and Alex, you helped me every step of the way. I love you, I kiss the earth that birthed you.

A post shared by Colette LeClair (@coletteleclair_) on


Pyi Hein Kyaw

SHARE