(၁၁)ကားမြောက်ရိုက်ပြီးရင် လုံးဝ အဆုံးသတ်ဖို့ သေချာသွားပြီဖြစ်တဲ့ Fast & Furious

[email protected] fastandfuriousmovies

Fast & Furious ဇာတ်ကားတွေဟာ လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားတွေပါပဲ။ ကမ္ဘာတစ်ဝှမ်းမှာ လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ Fast & Furious ဇာတ်ကားတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း တော်တော်လေးကို အောင်မြင်တဲ့ ဇာတ်ကားတွေပါပဲ။ အခုဆိုရင်တော့ ဒီ Fast & Furious ဇာတ်ကားတွေဟာ Fast & Furious 10 နဲ့ 11 ထွက်ပြီးရင် လုံးဝကို ပြီးဆုံးသွားတော့မှာ ဖြစ်ပြီး အဆိုပါ ဇာတ်ကားနှစ်ကားကိုလည်း နာမည်ကြီး ဒါရိုက်တာ Justin Lin က ပြန်လည်ရိုက်ကူးမှာ ဖြစ်ကြောင်း Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

လက်ရှိမှာတော့ Fast & Furious 9 ဇာတ်ကားဟာလည်း COVID 19 ကပ်ရောဂါကြောင့် ပြသချိန် တော်တော်လေးကို နောက်ဆုတ်ခဲ့ရပြီးဖြစ်ပါတယ်။ ဒီ Fast & Furious 9 ဇာတ်ကားမှာဆိုရင်လည်း WWE နပန်းလောကရဲ့ နာမည်ကြီး နပန်းသမားတစ်ယောက်ဖြစ်တဲ့ John Cena တစ်ယောက်ပါဝင်လာမှာ ဖြစ်တာကြောင့် ဒီဇာတ်ကားကို Fast & Furious ပရိသတ်တွေက တော်တော်လေးကို စိတ်ဝင်စားနေခဲ့ပါတယ်။ ဒီဇာတ်ကားအရှေ့က ထွက်ရှိခဲ့တဲ့ Fast & Furious Presents: Hobbs & Shaw ဇာတ်ကားဟာဆိုရင်လည်း ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်ဒေါ်လာ ၇၅၉ သန်း ဝင်ငွေရှိတဲ့အထိကို အောင်မြင်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

READ
ဒဏ်ကြေးကောက်လို့ဆိုပြီး လ၀ကအရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ခရီးသည်

 

 

View this post on Instagram

 

Fast & Furious Presents: Hobbs & Shaw. In theaters August 2. #HobbsAndShaw #FastFurious @hobbsandshaw

A post shared by #F9 (@thefastsaga) on

အခုနောက်ဆုံးရိုက်ကူးမယ့် Fast & Furious 10 နဲ့ 11 ဇာတ်ကားတွေဟာလည်း အရင် ဇာတ်ကားတွေဖြစ်တဲ့ Fast & Furious 3,4,5,6,9 ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ Justin Lin ကပဲ ပြန်လည်ရိုက်ကူးပြီး Fast & Furious ကို အဆုံးသတ်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ “ဒီ Fast & Furious ဇာတ်ကားတွေဟာ ပြီးဆုံးသွားပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဇာတ်ကားတွေနဲ့ ပတ်သတ်ပြီး အမှတ်တရတွေ အများကြီးရှိခဲ့ပါတယ်။ နောက်ဆုံးရိုက်ကူးမယ့် ဒီဇာတ်ကားနှစ်ကားကိုလည်း အကောင်းဆုံးဖြစ်အောင် ရိုက်ကူးသွားပါ့မယ်”လို့ Justin က ပြောကြားခဲ့ပါတယ်။

READ
လူစိမ်းတစ်ဦးကို ဒေါ်လာ(၂၅၀) ကူညီလိုက်မိရာက၊ ဒေါ်လာ (၇)သိန်းကျော် ရသွားခဲ့သူ

 

 

View this post on Instagram

 

Happy birthday @mrodofficial

A post shared by Fast & Furious (@fastandfuriousmovies) on

Pyi Hein Kyaw

SHARE