လမ်းလျှောက်မြန်တဲ့သူတွေဟာ သက်တမ်းစေ့ကိုမှ ၁၅ နှစ် ပိုရှည်ရှည်နေနိုင်ကြောင်း တွေ့ရှိ

လမ်းလျှောက်မြန်တဲ့သူတွေဟာ ဖြေးညှင်း အေးဆေးစွာ သွားသူတွေထက် အသက်ပိုရှည်ကြောင်း၊ ၄င်းတို့ရဲ့ ကိုယ်အလေးအချိန် ထည့်သွင်စဉ်းစားဖို့ မလိုအပ်ကြောင်း၊ ၁၅ နှစ်လောက် ပိုနေရကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

လက်စတာ တက္ကသိုလ်က လေ့လာသူတွေဟာ ယူကေနိုင်ငံရဲ့ ပျမ်းမျှ အသက် ၅၂ အရွယ် လူအယောက် (၄၇၄,၉၁၉) ကို ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွင်း လေ့လာမှုပြုခဲ့ကြပါတယ်။

အဲ့ဒီမှာ လမ်းလျှောက်သွက်တဲ့ အမျိုးသမီးတွေရဲ့ သက်တမ်းက ၈၆.၇ နှစ် ကနေ ၈၇.၈ နှစ်အထိ၊ အမျိုးသားတွေက ၈၅.၂ နှစ်ကနေ ၈၆.၈ နှစ်အထိ ရှိကြောင်း တွေ့ရှိခဲ့ကြတယ်။ လမ်းလျှောက်နှေးတဲ့ သူတွေမှာတော့ အမျိုးသမီးတွေက ၇၂.၄ နှစ်၊ အမျိုးသားတွေက ၆၄.၈ နှစ်အထိသာ သက်တမ်းရှိကြောင်း သိရပါတယ်။

READ
ဘာမှမဖြစ်သလိုနေတတ်ပေမယ့် ရင်ထဲမှာအမြဲတမ်းနာကျင်နေတဲ့လူတွေရဲ့ အကျင့် (၅)မျိုး
shutterstock

လမ်းလျှောက်မြန်တဲ့သူတွေဟာ တကယ်လို့ ကိုယ်အလေးချိန်လွန်းကဲနေရင်တောင် ဒီလေ့လာတွေ့ရှိမှု အချိုးက မှန်ကန်ကြောင်း Mayo Clinic Proccedings ဂျာနယ်က ပြီးခဲ့အပတ်မှာ ဖော်ပြခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ University of Pittsburgh က ပရော်ဖက်ဆာ Stephanie Studenski ဟာ လူ့သက်တမ်း ခန့်မှန်းမှုနဲ့ လမ်းလျှောက်တဲ့ အလျင်က ဆက်နွှယ်နေကြောင်း ထုတ်ဖော်ခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန် လေ့လာသူတွေက လမ်းလျှောက်တဲ့ အလျင်ဟာ နှလုံးရောဂါ ဖြစ်ပွားနှုန်းကို ကျဆင်းစေပြီး သက်တမ်းပိုရှည်ရှည်နေနိုင်တာနဲ့ ဆက်နွှယ်နေတာကို ထပ်မံတွေ့ရှိခဲ့တယ်။

၂၀၁၈ ခုနှစ်တုန်းက  University of Sydney  ရဲ့ လေ့လာမှုမှာတော့ လမ်းလျှောက်တဲ့ အလျင်ကိုတင်တာ၊ သာမန် အလျင်နဲ့ လျှောက်တာဟာ အရွယ်မတိုင်ခင် သေဆုံးခြင်းကို ငါးဆ လျှော့ချပေးတယ်လို့ တွေ့ရှိရတယ်။

READ
ကိုယ့်ကိုနာကျင်စေတဲ့သူကို ခွင့်လွှတ်ဖို့ ဘယ်လိုကြိုးစားရမလဲ

အခု လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပရော်ဖက်ဆာ Tom Yates ရဲ့ တွေ့ရှိမှုကတော့ လမ်းလျှောက် နှေးသူတွေဟာ မြန်တဲ့သူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါနဲ့ ဆက်နွှယ်တဲ့ သေဆုံးခြင်း ဒုက္ခကို နှစ်ဆ ခံစားရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: Daily Mail

Matthew (ShweMOM)
SHARE