ပညာရှင်များ စမ်းသပ်နေပြီဖြစ်တဲ့ ဗိုက်ဆာတာကို ပျောက်စေမယ့် ဆေးတစ်မျိုး 

‘Fat pill’ လို့ ခေါ်တဲ့ အဝလွန်တာကို တိုက်ဖျက်ပေးမယ့် ဆေးလုံးတစ်မျိုးကို ယူကေက သိပ္ပံပညာရှင်များ တီထွင်စမ်းသပ်နေပြီဖြစ်ပြီး နောက် ၅ နှစ်အတွင်း သောက်သုံးနိုင်ကြတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးလုံးရဲ့ အလုပ်လုပ်ပုံကတော့ သောက်သုံးထားသူကို အစားစားချင်စိတ် တားဆီးပေးပြီး ကိုယ့်ကိုယ်ကို ဗိုက်ပြည့်နေတယ်လို့ပဲ ဦးနှောက်ကို ထင်နေစေမှာ ဖြစ်ပါတယ်။ ဒီဆေးကို စမ်းသပ်နေခဲ့တာ ၄ နှစ်ရှိပြီဖြစ်ပေမယ့် လူတွေကို သောက်ခိုင်းပြီး စမ်းသပ်တဲ့ အဆင့်ကတော့ ယခုမှ ဖြစ်လာတာပါ။ ဆေးရဲ့ ရည်ရွယ်ချက်ကတော့ အဝလွန်တဲ့ ပြဿနာကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။

Pixabay

ယခုအခါ လူတွေနဲ့ စမ်းသပ်မယ့် အဆင့်အတွက် လန်ဒန်ရှိ ကွင်းမေရီတက္ကသိုလ်ကနေ အသက် ၁၈ မှ ၇၅ အတွင်း လုပ်အားပေး အယောက် ၄၀ ကို ခေါ်ယူမှာ ဖြစ်ပါတယ်။ စမ်းသပ်ချက် ပထမအဆင့်မှာတော့ အဝလွန်တာ မဟုတ်ဘဲ အနည်းငယ် ဝသူ အယောက် ၂၀ ကို ထိုဆေးသောက်ခိုင်းပြီး အစားစားချင်စိတ် တကယ်ပျောက်လားဆိုတာ စမ်းသပ်မှာ ဖြစ်ပါတယ်။ သူတို့တွေဟာ အူမကြီးခွဲထားဖူးသူ၊ အူမကြီးမကောင်းသူ၊ ဆီးချိုရှိသူ မဖြစ်ရပါဘူး။

READ
စိတ်ဖိစီးမှုများကိုပြေပျောက်စေရန် နည်းလမ်းကောင်း(၆)မျိုး
Pixabay

ဒုတိယအဆင့်မှာတော့ အဝလွန်တဲ့ အယောက် ၂၀ ကို ဆေးသောက်ခိုင်းကာ ၁၈ လကြာစောင့်ဆိုင်းပြီး တကယ်ဝိတ်ကျ မကျ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ အစားမစားခင်တိုင်း သောက်ရမယ့် ထိုဆေးကို သဘာဝပစ္စည်းတွေနဲ့ပဲ ထုတ်ထားတာဖြစ်ပြီး ပါဝင်ပစ္စည်း အသေးစိတ်ကိုတော့ မကြေညာသေးပါဘူး။

ဆေးရဲ့ သက်ရောက်မှုဟာ အူကနေ ဖြတ်ပြီး အူမကြီးအောက်ပိုင်း ရောက်သွားကာ ထိုကနေ အစားစားချင်စိတ်ကို ဟန့်တားပေးမယ့် အင်ဆူလင်ဟော်မုန်းတွေကို ထွက်လာစေတာဖြစ်ပါတယ်။ ဒါဟာ အဝလွန်တဲ့ လူတွေ လုပ်လေ့ရှိတဲ့ အစာအိမ်ခွဲစိတ်လိုက်တဲ့နည်းနဲ့ အကျိုးသက်ရောက်မှု တူပါတယ်။ ဒါပေမယ့် ခွဲစိတ်တဲ့အခါမှာတော့ ကုန်ကျစရိတ် များစွာ ပိုကြီးပါတယ်။

“Fat pill” ကို သောက်သုံးဖို့က ငါးကြီးဆီ ဆေးလုံးကို သောက်ရသလိုပဲ ဖြစ်မှာပါ။ အခုလို လူတွေနဲ့ စမ်းသပ်နိုင်တော့မှာဟာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒီစမ်းသပ်ချက်သာ အောင်မြင်ရင် အဝလွန်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာပါ” လို့ သုတေသနအဖွဲ့ဝင် ပရော်ဖက်ဆာ Ashley Blackshaw က ဆိုပါတယ်။

READ
အယ်လ်ဇိုင်းမားကို မကြာခင် အမြစ်ပြတ်ကုသနိုင်တော့မည်
Pixabay

အဝလွန်တဲ့လူတွေ အစာအိမ်လမ်းကြောင်း ခွဲစိတ်စရိတ်မှာ ပေါင် ၁၅,၀၀၀ (မြန်မာငွေ သိန်း ၃၀၀ ခန့်)အထိ ကုန်ကျနိုင်ပါတယ်။ အဝလွန်သူတိုင်း ခွဲစိတ်မှုကို ခံယူဖို့ မတတ်နိုင်ကြပါဘူး။ ဒါကြောင့် ယခု “Fat pill” သာ စမ်းသပ်မှု အောင်မြင်သွားခဲ့ရင် အဝလွန်တဲ့ ပြဿနာကို ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: Dailymail

SHARE