ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များနေတဲ့ သားအဖနှစ်ဦးရဲ့ ဓာတ်ပုံလေး

Twitter/Tori

ဆိုရှယ်မီဒီယာပေါ်မှာ သားအဖနှစ်ယောက်ရဲ့ ဘွဲ့ယူစဉ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတစ်ပုံဟာ အလွန်လူကြိုက်များနေကြောင်း people အွန်လိုင်းစာမျက်နှာပေါ်မှာ တွေ့ရှိရပါတယ်။ ၄င်းဓာတ်ပုံလေးကို အသက် (၁၉) နှစ်အရွယ် တိုရီရို့ခ်ျဆိုသူ အမျိုးသမီးလေးတစ်ဦးက တွစ်တာပေါ်မှာ ရှဲခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံလေးဟာ တက္ကဆက်ပြည်နယ် ဟန့်စ်ဗီးလ်အထက်တန်းကျောင်းကနေ တိုရီ ဘွဲ့ရတဲ့ပုံဖြစ်ပြီး ဖခင်နဲ့အတူ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

Twitter/Tori

ဓာတ်ပုံမှာ ပုံနှစ်ပုံတင်ထားခဲ့တာ ဖြစ်ပြီး တစ်ပုံမှာတော့ ကလေးမလေးတစ်ယောက်ဟာ ဘွဲ့ရဖခင်ဖြစ်သူရဲ့ လက်ထဲမှာ ရှိနေတာပါ။ ဖခင်က သူမကို နမ်းနေပါသေးတယ်။ နောက်တစ်ပုံကတော့ (၁၈) နှစ်ကြာပြီးနောက်မှာ ရိုက်ထားတဲ့ပုံပါ။ ဓာတ်ပုံအသစ်ထဲမှာတော့ ကောင်မလေးဟာ ကြီးလာပြီး ဘွဲ့ဝတ်စုံလေးနဲ့ဖြစ်ပါတယ်။ ပုံဟောင်းထဲမှာ ဖခင်ဖြစ်သူ ၀တ်ဆင်ထားတဲ့ ဘွဲ့ဝတ်စုံကိုပဲ ဓာတ်ပုံအသစ်ထဲမှာ သူမက ၀တ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

READ
လမ်းဘေးခွေးတွေကို သားသမီးတွေလို သဘောထားတဲ့ ဂရုဏာကြီးသူအမျိုးသမီး

ဓာတ်ပုံလေးတင်ပြီးနောက်မှာတော့ တိုရီက ဓာတ်ပုံထဲက အမျိုးသားဟာ သူမဖခင်ဖြစ်ကြောင်း စာရေးသားတင်ခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာရှိနေတဲ့ လူတွေကတော့ သူမရဲ့ ဓာတ်ပုံလေးကို အရမ်းသဘောကျနေကြပါတယ်။ တိုရီဟာ ဖခင်ဖြစ်သူ ဒန်းနစ်ရို့ခ်ျ၊ မိထွေးဖြစ်သူ ဂျေမီရို့ခ်ျနဲ့ မောင်လေး ဆီလက်စ်ရို့ခ်ျတို့နဲ့အတူ နေထိုင်ပါတယ်။

Twitter/Tori

တိုရီဘွဲ့ယူတဲ့နေ့မှာ အမှတ်တရပွဲလေးစီစဉ်ရအောင်ဆိုပြီး မိသားစုကနေ တိုရီ ကလေးဘ၀က ဓာတ်ပုံတွေကို ပြန်ရှာဖွေခဲ့ရာမှ ဖခင်ဖြစ်သူနဲ့ ရိုက်ကူးထားတဲ့ ပုံလေးကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံကိုတော့ တိုရီရဲ့ အဒေါ်က တွေ့ရှိခဲ့ပြီး ဓာတ်ပုံဟောင်းလေးအတိုင်း ဖန်တီးဖို့ အကြံရရာကနေ အခုလို ဘွဲ့ရအမှတ်တရဓာတ်ပုံလေး ထွက်ပေါ်လာတာဖြစ်ကြောင်းလည်း တိုရီက ပြောပြခဲ့ပါသေးတယ်။

 

လင်းလင်း (ShweMom)

SHARE