ဘဝမှတ်တိုင် (၃) ခုကို ထူးထူးခြားခြား မှတ်တမ်းတင်ခဲ့တဲ့ သားအဖနှစ်ဦး

twitter/CiaranNB

လူတွေဟာ ဘဝမှတ်တိုင်အမျိုးမျိုးဖြတ်သန်းရပါတယ်။ ဒီလိုဖြတ်သန်းတဲ့အခါ အများစုက အမှတ်တရမှတ်တိုင်လေးတွေမှာ ဓာတ်ပုံရိုက်ကူးပြီး မှတ်တမ်းယူကြပါတယ်။ ဒီထဲတန်ဖိုးအရှိဆုံးကတော့ မိဘတွေနဲ့အတူ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံလေးတွေပါ။ ငယ်ဘဝကို ပြန်အမှတ်ရစေတဲ့အပြင် မိဘတွေမရှိတော့ရင်တောင် ဒီဓာတ်ပုံလေးတွေဟာ ဖြေသိမ့်စရာကျေနပ်စရာဖြစ်လာမှာပါ။

အခုဖော်ပြပေးမှာတော့ rachfeed သတင်းစာမျက်နှာကတဆင့် တွေ့ရတဲ့ သားအဖနှစ်ယောက်ရဲ့ဓာတ်ပုံလေးတွေအကြောင်းပါ။ Ciaran Shannon ဆိုသူ အမျိုးသားတစ်ဦးဟာ မကြာသေးခင်ကမှ ၄င်းရဲ့သမီးဖြစ်သူ Niamh နဲ့ အတူရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံသုံးပုံကို မျှဝေခဲ့ပါတယ်။ Shannon ဟာ သမီးဖြစ်သူရဲ့ပညာရေးမှတ်တိုင်တစ်ခုချင်းစီကို ဓာတ်ပုံရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

twitter/CiaranNB

ပထမဆုံးဓာတ်ပုံကတော့ Niamh မူလတန်းကျောင်းတက်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီဓာတ်ပုံကိုတော့ ၁၉၉၉ခုနှစ်က ရိုက်ကူးခဲ့တာပါ။ Shannon က Niamh ကို မူလတန်းကျောင်းသွားပို့တဲ့နေ့မှာ ရိုက်ကူးထားတာပါ။ “အဲ့ဒီတုန်းက ကျွန်တော်က သမီးထက်တောင်စိတ်လှုပ်ရှားနေခဲ့တာ။” လို့ Shannon ကပြန်တွေးရင်း ပြောပြပါတယ်။

READ
သခင်ဒုက္ခတွေ့နေတယ်ထင်ပြီး ကယ်ဖို့ အပြေးအလွှားသွားခဲ့တဲ့ ဆင်လိမ္မာလေး
twitter/CiaranNB

နှစ်တွေထပ်ကြာလာပေမယ့် သားအဖနှစ်ယောက်ဟာ ဒီချစ်စရာကောင်းတဲ့ ရိုးရာကိုထပ်ပြီးထိန်းသိမ်းထားဆဲပါပဲ။ ၂၀၁၃ခုနှစ်မှာတော့ Niamh  အထက်တန်းကျောင်းအောင်တဲ့အချိန် အရင်လိုပဲ ဓာတ်ပုံထပ်ရိုက်ပြန်ပါတယ်။

twitter/CiaranNB

၂၀၁၈ ခုနှစ်မှာတော့ Niamh က ကောလိပ်ကျောင်းအောင်ပြီး ဘွဲ့ရပါတယ်။ ဒီအခါမှာလည်း သားအဖနှစ်ယောက်ဟာ အရင်ပုံတွေလိုပဲ အရင်နေရာလေးမှာလက်ဆွဲပြီး ဓာတ်ပုံရိုက်ပြန်ပါတယ်။ ဓာတ်ပုံလေးတွေက ရိုးရှင်းပေမယ့်သားအဖနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကိုဖော်ပြနေပါတယ်။ သမီးရဲ့ပညာရေးအပေါ်မှာ အရမ်းဂုဏ်ယူနေတဲ့ ဖခင်တစ်ဦးရဲ့ပျော်ရွှင်မှုနဲ့ ကြည်နူးမှုတွေကိုလည်း တွေ့မြင်ရတာဖြစ်ပါတယ်။

ShweMom

SHARE