အမျိုးထဲက ကလေးမလေးနှစ်ယောက်ကို အဓမ္မကျင့်နှိပ်စက်တာ ပေါ်သွားတဲ့သားအဖ

Facebook-Francis Keiling, Nathaniel Keiling

ဗာဂျီးနီးယားအနောက်ပိုင်းက သားအဖတော်စပ်သူအမျိုးသားနှစ်ယောက်ဟာ ဆွေမျိုးရင်းချာတော်စပ်သူကလေးမလေးနှစ်ယောက်ကို အဓမ္မကျင့်နှိပ်စက်တာမျိုးတွေ ရှိနေခဲ့တယ်ဆိုပြီး တိုင်ကြားလာခဲ့တဲ့အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဖြစ်စဉ်ကိုတော့ Daily Mail မှ ကိုးကားဖော်ပြလိုက်ပါတယ်။

Facebook-Francis Keiling
Facebook-Nathaniel Keiling

အသက် ၇၃ နှစ်အရွယ် Francis Keiling နဲ့ အသက် ၃၈ နှစ်အရွယ် Nathaniel တို့ သားအဖကတော့ ဒီကိစ္စမှာ သက်သေခိုင်လုံသလောက်ရှိနေပြီဖြစ်တဲ့ တရားခံနှစ်ဦးပါ။ Francis ရဲ့ Facebook အရ သူ့မှာ ကလေး ၃ ယောက်ရှိနေပြီး မြေးလည်း ၃ ယောက်ရှိနေပါတယ်။ နောက်ပြီး အိမ်တစ်အိမ်ထဲမှာ အမျိုးတွေနဲ့ အတူတူနေနေရတယ်ဆိုပြီးလည်း သူတင်ထားတဲ့ ဓာတ်ပုံတွေအရ သိခဲ့ရပါတယ်။ ဒါပေမဲ့ အခု အဓမ္မကျင့်နှိပ်စက်မှုကျူးလွန်းခံရတဲ့ ကလေးမလေး ၂ ယောက်ကတော့ Francis နဲ့ ဘယ်လိုတော်စပ်တယ်ဆိုတာ တိတိကျကျမဖော်ပြသေးပေမယ့်လို့ ဆွေးမျိုးအရင်းအချာတော်စပ်နေတယ်ဆိုတာကတော့ အမှုထုတ်ပြန်တဲ့သတင်းအရ သိသာနေခဲ့ပါပြီ။

ဗာဂျေးနီးယားပြည်နယ်အနောာက်ပိုင်း St. Francis De Sales ဘုရားကျောင်းမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဖြစ်ပွားခဲ့တာပါ။ ကလေးမလေးနှစ်ယောက်ထဲက တစ်ယောက်ဟာ ဘုရားကျောင်းထဲက မရရအောင်ထွက်လာခဲ့ပြီး သက်ဆိုင်ရာရဲတွေဆီကို ၂၀၁၉ ခုနှစ် မေလ မှာ သွားအကူအညီတောင်းလာခဲ့ပါတယ်။ ဘာကြောင့်လဲဆို အဲဒီနေ့က သူမကို Francis ဟာ ၂၄ နာရီအတွင်းမှာတင် သားမယား ၃ ကြိမ်တိုင်တိုင် ပြုကျင့်ခဲ့လို့ပါပဲ။ သူမနဲ့အတူတူ တခြားမိန်းကလေးတစ်ယောက်လည်း ရှိသေးကြောင်း၊ သူမတို့နှစ်ယောက်ကို မြေအောက်ထပ်ထဲမှာ ပိတ်လှောင်ထားပြီး ညအိပ်ရင် ဆေးရုံခုတင်လို့ကျဉ်းကျဉ်းကြပ်ကြပ်ပေါ်မှာ Francis နဲ့အတူတူတွဲပြီး အိပ်ရကြောင်း၊ မဟုတ်ဘဲ သူမက ထထွက်ပြီးတခြားမှာ သွားအိပ်ရင်လည်း Francis က လိုက်အိပ်ကြောင်း၊ တစ်ခါတစ်လေ ရိုက်နှက်တာတွေအထိ ပြုလုပ်လေ့ရှိကြောင်းစသဖြင့် တိုင်ကြားလာခဲ့ပါတယ်။ အမှုအသေးစိတ်ကိုတော့ တရားရုံးမှာကြားနာမှုမပြုရသေးတဲ့အတွက် ထုတ်ဖော်ပြောထားခြင်းမရှိသေးပါဘူး။

READ
ကလေးတွေနဲ့ ဆက်ဆံရေးကောင်းဖို့ နည်းလမ်းထူးလေး အသုံးပြုလေ့ရှိတဲ့ ဆရာမ
Google Map

သားဖြစ်သူ Nathaniel ကိုတာ့ အခု အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက နေရပ်မှာပဲထိန်းသိမ်းခဲ့ပြီး Southern Regional ထောင်မှာ “First-degree Sexual Assault, Incest and Sexual Assault by a Parent or Guardian” ဆိုတဲ့ မိဘ သို့မဟုတ် အုပ်ထိန်းသူမှ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တရားရင်ဆိုင်စေခဲ့ပြီး ဖခင် Francis Keiling ကတော့ သြဂုတ်လ ၂၅ ရက်နေ့ကလည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။ Francis Keiling ဟာ ၂၀၀၀ ခုနှစ်တုန်းကလည်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဖလော်ရီဒါမှာ အဖမ်းခံခဲ့ရကြောင်းလည်း မှုခင်းမှတ်တမ်းရှိနေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုပဲ သားဖြစ်သူ Nathaniel ဟာလည်း ၂၀၀၁ ခုနှစ်တုန်းက ကိုယ်ထိလက်ရောက်နာကျဉ်စေမှုနဲ့ ဖလော်ရီဒါမှာ အဖမ်းခံခဲ့ရပါသေးတယ်တဲ့။

READ
IS ကို အပြီးတိုင်ချေမှုန်းလိုက်နိုင်ပြီဟု အီရန်သမ္မတကြောငြာ
Facebook/Southern Regional Jail
Facebook/Southern Regional Jail

ဒီသတင်းကိုကြည့်မယ်ဆိုရင် သမီးမွေးထားတဲ့ မိဘတွေအနေနဲ့ ကိုယ့်သွေးသားလေးတွေကို ဘယ်လိုလူမျိုးနဲ့မှ စိတ်ချနိုင်စရာ အကြောင်းကိုရှိမှာမဟုတ်တော့ပါဘူး။ အရင်တုန်းကထက် ယနေ့ခေတ်နောက်ပိုင်းမှာပိုပြီး အဓမ္မအကျင့်ခံရတဲ့ မိန်းကလေးတွေ၊ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ မိန်းကလေးတွေဟာာ တစ်နေ့ထက်တစ်နေ့ ပိုလို့တောင် များပြားလို့လာနေတာကို အားလုံးသတိထားမိကြမှာပါ။ ဒါတောင် အဓမ္မအကျင့်ခံရတဲ့ မိန်းကလေးအများစုဟာ ရှက်လို့၊ လူသိမခံချင်လို့၊ ကျူးလွန်သူကိုကြောက်လို့၊ ကျူးလွန်သူရဲ့ brainwash ခံထားရလို့ မတိုင်ကြားတဲ့အမှုတွေ ဘယ်လောက်တောင်များပြားနေခဲ့ပြီလဲ ကျွန်တော်တို့မသိနိုင်ပါဘူး။

Keiling သားအဖအမှုမှာဆိုရင်တော့ ရှေ့ထွက်ပြီး သတ္တိရှိရှိတိုင်ကြားရဲတဲ့ မိန်းကလေးနှစ်ယောက်ဟာ တော်တော်လေးကို ချီးကျူးဖို့ကောင်းနေပါတယ်။ ဒါပေမဲ့လည်း ၁၀ နှစ်တောင် နောက်ကျပြီးမှ တိုင်ကြားခဲ့တာပါ။ သားအဖနှစ်ယောက်ကိုတော့ အာမခံကြေး ဒေါ်လာ ၁ သိန်းစီပေးခဲ့ပေမယ့်လို့ အခုအချိန်အထိတော့ ထောင်ထဲမှာ ရှိနေဆဲဖြစ်ပြီး တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေခဲ့ကြပါတော့တယ်။

Penny

SHARE