သားဖြစ်သူရဲ့ တန်ဖိုးကြီးအလှမွေးငါးကို စိတ်ရှုပ်လို့ဆိုပြီး ချက်စားခဲ့တဲ့ ဖခင်ကြီး

Pixabay-zoosnow

လူတစ်ချို့က ငါးမွေးတာကို ဂုဏ်တစ်ခုအနေနဲ့ မွေးကြသလို တစ်ချို့ကျတော့လည်း ငါမွေးရတာ ဝါသနာပါလို့ကို မွေးကြတာပါ။ အထူးသဖြင့် တန်ဖိုးကြီးငါးတွေ၊ ရှားပါးငါးတွေကို မွေးထားတဲ့လူတစ်ယောက်က သူ့ငါးတွေကို အရမ်းတန်ဖိုးထားကြပါတယ်။ အဲဒီလိုတန်ဖိုးထားပြီး မွေးထားရတဲ့ ငါးကို အခြားလူတစ်ယောက်က ချက်စားလိုက်တယ်ဆိုရင် တော်တော်လေးကို ဒေါသထွက်ကြမှာပါပဲ။ ဒါပေမယ့် တစ်ဖက်ချက်စားတဲ့လူက ကိုယ့်အဖေဖြစ်နေတဲ့အချိန်ကျရင်တော့ ဒေါသထွက်လို့လဲ မရပြန်ပါဘူး။ ဒီလို ငိုရခက်၊ရယ်ရခက်စေတဲ့ ကိစ္စတစ်ခုကတော့ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့ကြောင်း  Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-zoosnow

အင်ဒိုနီးရှားနိုင်ငံ၊ Java ကျွန်းမှာနေထိုင်တဲ့ Bayu လို့ အမည်ရတဲ့ အမျိုးသားဟာ ငါးမွေးရတာ အလွန်ဝါသနာပါပါတယ်။ ဒါ့ကြောင့် တစ်နေ့မှာတော့ Bayu ဟာ Arowana အမျိုးအစားငါးပေါက်လေးတစ်ကောင်ကို အလှမွေးငါးဆိုင်က ဝယ်ခဲ့ပါတယ်။ တော်တော်များများကတော့ အဆိုပါငါးကို Lucky fish လို့ သိကြပြီး ငါးပေါက်တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၈၀ (မြန်မာငွေ တစ်သိန်းနှစ်သောင်ကျော်) လောက် တန်ဖိုးရှိပါတယ်။ Arowana ငါးတွေရဲ့ ပင်ကိုယ်ကိုက ကြီးထွားမှုနှုန်း မြန်ဆန်ပါတယ်။ ဒီလိုနဲ့ အဆိုပါငါးလေးဟာ ကြီးလာတာနဲ့အမျှ Bayu ရဲ့ အိမ်မှာ ရှိတဲ့ ငါးကန်နဲ့ မဆန့်တော့ပါဘူး။

READ
(၉၀) ခုနှစ်များဆီက ဘောလီးဝုဒ်သရုပ်ဆောင်တွေ မဖြစ်မနေ လုပ်လေ့ရှိတဲ့ အရာများ..

https://www.instagram.com/p/CBcpiSEJUkX/

ဒီလိုနဲ့ Bayu တစ်ယောက် ငါးကန်အသစ်ဝယ်ပြီး ထားစရာနေရာလည်းမရှိတဲ့အတွက် စဉ်းစားရင်းနဲ့ သူ့အဖေအိမ်က ငါးကန်ကြီးကို သတိရသွားပါတယ်။ ဒီလိုနဲ့ Bayu တစ်ယောက် သူ့မိဘအိမ်ကို သွားပြီး Arowana ငါးကြီးကို သေသေချာချာ အစာကျွေးဖို့နဲ့ ဂရုစိုက်ဖို့ ဖခင်ဖြစ်သူကို သေသေချာချာ မှာကြားခဲ့ပါတယ်။ ဇွန်လ ၇ ရက်နေ့မှာတော့ သူ့ရဲ့အကိုဖြစ်သူက အကြောင်းအရာတစ်ချို့နဲ့ ပုံနှစ်ပုံပို့ခဲ့ပါတယ်။ အကြောင်းအရာကတော့ ဖခင်ကြီးဟာ Bayu ရဲ့ Arowana ငါးကြီးကို ဟင်းချက်စားလိုက်ပြီး ပုံနှဏ်ပုံကတော့ အဆိုပါ Arowana ငါးကို ဟင်းချက်ဖို့ အကြေးခွံချွတ်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

“ကျွန်တော်မွေးတဲ့ငါးတွေကို အဖေ့ဆီသွားမထားဖို့ ဆုံးဖြတ်လိုက်ပြီ။ ဘာကြောင့်ဒီလိုလုပ်ရတာလဲမေးတော့ တစ်နေ့တစ်နေ့ ပိုးဟပ်တွေကျွေးလိုက်၊ တီကောင်တွေကျွေးလိုက်နဲ့ အလုပ်ရှုပ်လို့တဲ့။ အဖေဆိုတော့လဲ ဘာမှမပြောတော့ပါဘူးဗျာ။ ကျွန်တော်တော်တော်တန်ဖိုးထားရတဲ့ ငါးဆိုတော့ စိတ်ထဲမကောင်းဘူးဗျာ” လို့ Bayu က ပြောကြားခဲ့ပါတယ်။

READ
တိရစ္ဆာန်လေးတွေရဲ့ သဘာဝကျကျ ရယ်စရာဓာတ်ပုံလေးများ

Pyi Hein Kyaw

SHARE