အိမ်မှာနေပြီး သားတွေမပျင်းအောင် တောင်တက်နံရံတစ်ခုဖန်တီးပေးခဲ့တဲ့ ဖခင်

[email protected] Oswell

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် စာသင်ကျောင်းတွေ အကုန်လုံးပိတ်ထားရပြီး ကလေးတွေလည်း အိမ်ထဲက အိမ်အပြင်မထွက်ပဲ အိမ်မှာချည်းပဲ နေနေရပါတယ်။ ကြာလာတာနဲ့အမျှတော့ ကလေးတွေအနေနဲ့ အိမ်က ပျင်းစရာနေရာကြီး ဖြစ်လာမှာပါပဲ။ ဒါ့ကြောင့် မိဘဖြစ်သူတွေက ကိုယ့်ကလေးတွေ အိမ်မှာနေရတာပျော်အောင် တစ်ခုခုဖန်တီးပေးသင့်ပါတယ်။ အခုလည်း ဖခင်ဖြစ်သူတစ်ယောက်ဟာ အိမ်မှာအမြဲနေနေရတဲ့ သူ့သားနှစ်ယောက်ပျင်းမှာစိုးလို့ အိမ်လှေကားနံရံမှာ တောင်တက်လို့ရတဲ့နေရာတစ်ခုဖြစ်အောင် ဖန်တီးပေးခဲ့ကြောင်း Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Oswell

David Oswell လို့ အမည်တဲ့ အမျိုးသားကြီးတစ်ယောက်ဟာ အိမ်မှာ သူ့ဇနီးဖြစ်သူ Clarie Smith, အသက် ၁၃ နှစ်အရွယ်ရှိတဲ့ သားအကြီးဖြစ်သူ George နဲ့ အသက် ၁၁ နှစ်အရွယ်ရှိ သားငယ် Eddie တို့နဲ့အတူတူ နေထိုင်လျက်ရှိပါတယ်။ တစ်ရက်တစ်ရက် သူ့သားနှစ်ယောက်ဟာ အိမ်မှာနေရတာ တော်တော်ပျင်းဖို့ကောင်းကြောင်း ညည်းညူနေတာနဲ့အမျှ david တစ်ယောက်ဟာ နောက်ဆုံးမှာတော့ သူ့သားတွေ မပျင်းရအောင် စိတ်လှုပ်ရှားစရာတစ်ခုခု ဖန်တီးဖို့ အကြံရခဲ့ပါတယ်။ အဲဒါကတော့ တောင်တက်နံရံအတုဆောက်ဖို့ပါပဲ။

READ
မကျွမ်းကျင်တဲ့လုပ်သားများကြောင့် ဖြစ်ပျက်ခဲ့ရတဲ့ ရယ်ရွှင်ဖွယ်အလွဲလေးများ
[email protected] Oswell

David ဟာ အွန်လိုင်းကနေ ဒီတောင်တက်နံရံတည်ဆောက်နည်းတွေကို ကြည့်ပြီး သူ့သားတွေနဲ့အတူတူဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ လှေကားအတက်ဆင်း နံရံပတ်လည်ကို အဓိကထားတည်ဆောက်ခဲ့ပြီး မျက်နှာကြက်မှာတော့ Safety ကြိုးချိတ်ဖို့ ဝင်ရိုးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

“အခုတော့ နှစ်ယောက်လုံးမပျင်းတော့ဘူး။ အဲဒီနံရံကို နည်းမျိုးစုံနဲ့တက်နေကြတာ အလုအယက်ပဲ။ Safety ကြိုးနဲ့ Helmet လည်း ဆောင်းခိုင်းထားလို့ စိတ်ချရပါတယ်။ ဒီအချိန်ကတော့ အိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့ ကလေးတွေက ပျင်းနေကြမှာပဲ။ အိမ်မှာ သူတို့နေပျော်အောင် လုပ်ပေးဖို့က ကျွန်တော်တို့ မိဘတွေရဲ့ တာဝန်ပါပဲ” လို့ David က ပြောကြားခဲ့ပါတယ်။

[email protected] Oswell

Pyi Hein Kyaw

SHARE