ထားသွားတဲ့ဇနီးဟောင်းကို လက်စားချေတဲ့အနေနဲ့ (၆)နှစ်သမီးလေးကို ရေနှစ်သတ်တဲ့ဖခင်

အသက် 44 နှစ်အရွယ် Darren Flux-Edmonds အမည်ရ ကလေးဖခင်တစ်ဦးဟာ သူ့ကို ထားသွားတဲ့ ဇနီးသည်ကို
လက်စားချေတဲ့အနေနဲ့ 6 နှစ်အရွယ်သာရှိတဲ့ သမီးလေး Keziah Flux-Edmonds ကို နေအိမ်ရှိရေစိမ်ကြွေကန်ထဲမှာ
ရေနှစ်ပြီး သတ်ခဲ့ပါတယ်။ အဲဒီနောက် အိမ်မွေးခွေးတွေကိုပါ သတ်ပြီး၊ အလောင်းတွေကို အိပ်ယာပေါ်မှာ အတူတူထား
ပြီး ပြင်ဆင်ပေးခဲ့ပါတယ်။

Darren ဟာ သမီးနဲ့ခွေးကို သတ်ပြီး၊ မိမိကိုယ်ကိုယ်လည်း ဆွဲကြိုးချကာ အဆုံးစီရင်ခဲ့ပါတယ်။ သမီးလေးဟာ သက်ရှိ
ထင်ရှားရှိစဉ်တုန်းက အဆိုပါခွေးလေးကို အလွန်ချစ်မြတ်နိုးသူမို့ သေတဲ့အခါ သူမရဲ့လက်တွေနဲ့ ခွေးကို ဖက်နေတဲ့ပုံစံ ဖခင်က ဖန်တီးပေးခဲ့ပါတယ်။

Arnie နဲ့ Maximus လို့အမည်ရတဲ့ တယ်ရီယာခွေးနှစ်ကောင်ကိုလည်း Darren ကပဲ သတ်ခဲ့ပုံ ပေါ်ပါတယ်။ ဒီမတိုင်
ခင်မှာ Darren ဟာ စိတ်ကျရောဂါကို ခံစားနေရပြီး အိမ်ကနေ အလုပ်ကိုရောက်နေတဲ့ ဇနီးသည် Nikki ဆီကို 25 မိနစ်
ခန့်အကြာမှာ စာတိုတစ်စောင် ပို့ပေးခဲ့ပါတယ်။ သူက ” ဂုဏ်ယူပါတယ် … မင်းက ငါ့အတွက် ဘာမှ ချန်မထားခဲ့ဘဲနဲ့ ထားခဲ့သလို … ငါကလည်း မင်းအတွက် အမှတ်ရစရာတွေ ထားခဲ့ပါ့မယ်”လို့ ရေးခဲ့ပါတယ်။

READ
မက်ဆီနဲ့ရုပ်ချင်းဆင်တူလို့ နေ့ချင်းညချင်း နာမည်ကြီးလာတဲ့ လူငယ်လေး

စိတ်ရောဂါခံစားနေရတဲ့ Darren ဟာ Nikki နဲ့ အိမ်ထောင်သက် 12 နှစ်အပြည့်မှာ ၎င်းကိုယ်တိုင်ကွာရှင်းခဲ့တာဖြစ်ပြီး၊ ယခုနှစ် ဧပြီလကတည်းက ၎င်းရဲ့မိခင် June Flux ရဲ့အိမ်မှာ သွားရောက်နေထိုင်နေပါတယ်။ ယခင်ကလည်း Darren ဟာ Nikki နဲ့ သားသမီးတွေကို သတ်တဲ့အိပ်မက်တွေကိုသာ မက်နေခဲ့ကြောင်း ပြောခဲ့ပြီး စိတ်ရောဂါကုဆရာဝန်တွေနဲ့ မကြာခဏ ပြခဲ့ရသူ ဖြစ်ပါတယ်။

Nikki ဟာ ဒီသတင်းကို ရရချင်းမှာပဲ အင်္ဂလန်နိုင်ငံ Isle of Wight မှာတည်ရှိတဲ့ East Cowes မြို့က နေအိမ်ကို ရဲတပ်ဖွဲ့
တွေကို ခေါ်ကာ ရောက်သွားခဲ့ပါတယ်။ အိမ်ကိုရောက်သွားတော့ Darren ဟာ ဆွဲကြိုးချပြီး သေဆုံးနေတာကို တွေ့ရပါတယ်။ သမီးကတော့ အသက်ငွေ့ငွေ့လေးကျန်နေသေးလို့ ဆေးရုံကို ပို့ပေးခဲ့ပေမယ့် သိပ်မကြာခင်မှာ သေဆုံးသွားပါ
တယ်။

READ
အရုပ်မရမချင်းအရုပ်ကောက်စက်ကို သွားဒုက္ခပေးနေတဲ့အန်တီကြီးရဲ့ဗီဒီယိုဖိုင်

စိတ်ရောဂါသည် ဖခင်ကြောင့် အပြစ်မဲ့ကလေးငယ်နဲ့ ခွေးလေးတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး East Cowes မှာရှိတဲ့ လူ
တွေက စာနာထောက်ထားစွာနဲ့ လွမ်းသူပန်းခွေများ၊ ကစားစရာအရုပ်များ၊ လက်ဆောင်များ ပို့ပေးခဲ့ကြပါတယ်။

လင်းဇော်ကို (Shwemom)

source : mirror.co.uk

SHARE