
အိမ်တစ်အိမ်မှာ သားသမီးတွေရဲ့ အဝတ်အစားကို ကိုယ်တိုင်အများဆုံးချုပ်ပေးတဲ့လူဟာ အမေပါပဲ။ ကျွန်တော်တို့ ငယ်ငယ်လေးတုန်းကတည်းကဆိုလည်း အမေဟာ အိမ်နေရင်းဝတ်တဲ့ အင်္ကျီတွေ၊ ဘောင်းဘီတွေကို စက်တစ်လုံးနဲ့ တဂျုံးဂျုံးချုပ်ပေးတတ်သူပါပဲ။ ဒါပေမယ့် အခုပြောပြခ်ျငတာကတော့ နည်းနည်းလေးထူးဆန်းပါတယ်။ ဖခင်တစ်ယောက်ဟာ သူ့သမီးဝတ်ဖွှို အဝတ်အစားတွေကို ငယ်ငယ်လေးကတည်းကနေ ဒီနေ့ဒီအချိန်အထိ တောက်လျှောက်ချုပ်ပေးလာခဲ့တာအခုဆိုရင် အဝတ်အစား အစုံ ၁၀၀ ကျော်တောင် ရှိသွားပြီဖြစ်ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အပေါ်မှာ မြင်ရတဲ့ အမျိုးသားကတော့ တရုတ်နိုင်ငံ၊ Jiangxi မြို့မှာ နေထိုင်တဲ့ Xu Ruiqin အမည်ရ အမျိုးသားတစ်ယော်ကပဲ ဖြစ်ပါတယ်။ Xu ဟာ သူ့အသမီးလေး ၄ နှစ်သမီးကတည်းက သမီးဖြစ်သူရဲ့ အဝတ်အစားတိုင်းကို ကိုယ်တိုင်ချုပ်လုပ်ပေးခဲ့သူပဲ ဖြစ်ပါတယ်။ တစ်ကယ်တမ်းတော့ Xu ဟာ သူ့သမီးဖြစ်သူကို ဝတ်သမျှအဝတ်အစားတိုင်း ကိုယ်တိုင် ချုပ်လုပ်ပေးရုံတင်မကပဲ သမီးဖြစ်သူကို မိတ်ကပ်ပါလိမ်းပေးတဲ့သူ ဖြစ်ပါတယ်။ Xu ဟာ ဒီလိုမျိုးစက်ချုပ်တဲ့ ပညာကို သူ့ရဲ့ မိခင်ဖြစ်သူဆီက သင်ယူခဲ့သလို သူ့သမီးငယ်ငယ်လေးကတည်းနေ အခုအချိန်အထိ သူ့သမီးဝတ်တဲ့ အဝတ်အစားတွေကို ကိုယ်တိုင် ချုပ်လုပ်ပေးခဲ့တဲ့ ဖခင်တစ်ယောက်လည်း ဖြစ်ပါတယ်။


“အဓိကကတော့ ကျွန်တော့်သမီးကို တန်ဖိုးထားတတ်စေချင်ပြီး သူဝတ်တဲ့အဝတ်အစားတိုင်းဟာ ဒီကမ္ဘာပေါ်မှာ တစ်စုံတည်းရှိတဲ့ အဝတ်အစားတွေ ဖြစ်ကြောင်း သိစေချင်တာပါ။ ကျွန်တော့်ပတ်ဝန်းကျင်က လူတွေကိုတော့ ကျွန်တော်ကိုယ်တိုင်း သမီးဖြစ်သူကို အဝတ်အစားတွေ ချုပ်ဝတ်ပေးတာ မသိစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို နားမထောင်ချင်လို့ပါ။ ကျွန်တော့ သမီးအတွက် အဝတ်အစားတွေချုပ်ပေးနေရရင် ကျွန်တော်ပျော်နေတတ်ပါတယ်”လို့ Xu Ruiqin က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw