သမီးအတွက် ပုံပြောစရာရှာရင်းနဲ့ သူတောင်မသိသေးတဲ့ ဗဟုသုတတွေ ရခဲ့တဲ့ဖေဖေ

Erin Donalson/Shutterstock

Reddit က user တစ်ယောက်ဖြစ်တဲ့ r/ExpiringFrog ကတော့ သမီးဖြစ်သူအတွက် ညဖက်အိပ်ခါနီး ပုံပြင်လေးတွေ၊ ဗဟုသုတလေးတွေ ပြောပြဖို့အတွက် အချက်အလက်လေးတွေလိုက်ရှာရင်းနဲ့ သူပါမသိတဲ့ ဗဟုသုတတွေကို ရှာတွေ့ခဲ့ပါတယ်တဲ့။ ဒါကို သူ့လိုပဲ မသိသေးတဲ့သူတွေအတွက်ဆိုပြီး ပြန်လည်မျှဝေထားခဲ့ပါတယ်။

ပင့်ကူတွေဟာ သူတို့အသိုက်မှာ ဖားသေးသေးလေးတွေကို မွေးထားလေ့ရှိပါတယ်တဲ့။ အကြောင်းကတော့ တချို့သူတို့တွေဖမ်းမစားနိုင်တဲ့ ပုရွက်ဆိတ်တို့လို အင်းဆက်သေးလေးတွေက ပင့်ကူဥတွေကို လာလာစားတတ်ကြတဲ့အတွက် အင်းဆက်လေးတွေကိုစားပေးဖို့ ဖားလေးတွေကို ဘော်ဒီဂတ်အဖြစ် ခေါ်ထားကြပါတယ်။

Paul1982Dutch/Shutterstock

ခွေးလေးတွေကို ရုပ်ရှင်ထဲခေါ်ရိုက်တဲ့အခါ သူတို့ရဲ့အမြီဒတွေကို CGI လို့ခေါ်တဲ့ အထူးပြုလုပ်ချက်နဲ့ အားလုံးနီးပါးပြန်ပြင်ပေးရပါတယ်တဲ့။ အကြောင်းကတော့ ရုပ်ရှင်ထဲမှာပါရတာ ရင်ခုန်ပြီးပျော်နေကြလို့ အမြဲတမ်းအမြီးတနံ့နံ့ဖြစ်နေတ်လို့ပါ။

Everett Collection/Shutterstock

ပင်လယ်ဖျံ့လေးတွေဟာ သူတို့အိပ်တဲ့အခါကျ လက်ကလေးတွဲပြီး အိပ်တတ်ကြတယ်ဆိုပဲ။

Erin Donalson/Shutterstock

ဥဥတဲ့သတ္တာဝိုင်းမှာ ချက်ပေါက်မပါဘူးဆိုတာ သိကြလား။

Luka Hercigonja/Shutterstock

ခွေးမွေးသူတွေဆိုရင် သိပါလိမ့်မယ်။ ကိုယ်အလုပ်ကနေအိမ်ကိုပြန်လာတဲ့အခါတိုင်း တံခါးဖွင့်လိုက်တာနဲ့ တန်းကြိုနေတဲ့ခွေးလေး။ သင်တို့ထင်တာ အသံကြားလို့ ကြိုစောင့်နေတယ်လို့ ထင်ကြပေမယ့် အသံမဟုတ်တဲ့ နောက်ထပ်အရာတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ အနံ့ပါ။ သင်ဘယ်အချိန်လောက်အိမ်ပြန်လာမလဲဆိုတာကို အိမ်ထဲမှာသင့်အနံ့ဘယ်လောက် ကျန်နေသလဲဆိုတာနဲ့ တိုင်းတာကြပါတယ်တဲ့။

READ
ကွယ်လွန်သူတွေကို ဂုဏ်ပြုတဲ့ ကမ္ဘာတစ်ဝှမ်းက အားလပ်ရက် တစ္ဆေပွဲတော်များ
victoras/Shutterstock

နွားလေးတွေမှာ အချစ်ရဆုံးသူငယ်ချင်းဆိုတာ ရှိတတ်သလိုပဲ သူတို့အချင်းချင်းကွေကွင်းရတဲ့အခါ အသည်းကွဲတတ်ကြပါတယ်။

waniuszka/Shutterstock

မြန်မာနိုင်ငံရဲ့ နိုင်ငံသတ္တဝါဟာ ဥဒေါင်းဖြစ်သလို စကော့တလန်ရဲ့ တရားဝင်သတ်မှတ်ထားတဲ့ နိုင်ငံ့သတ္တဝါကတော့ unicorn ပါတဲ့။

Jaroslav Moravcik/Shutterstock

အီဂျစ်မှာ ပိရမစ်တွေစဆောက်တုန်း ကမ္ဘာကြီးရဲ့တစ်နေရမှာ အမွှေးရှည်တွေနဲ့ရေခဲဆင် mammoths တွေရှိနေတုန်းဖြစ်ပြီး ကလီယိုပတ်ထရာလက်ထပ်ကတောင် ပရမစ်တွေဟာ  ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်လို့နေပါပြီတဲ့။

Reimar/Shutterstock

Penny

SHARE