နောက်ဆုံးအချိန်ရောက်နေပြီဖြစ်တဲ့ကင်ဆာရောဂါသည်ဖေဖေရဲ့ ကြေကွဲဖွယ်စိတ်ကူး

Youtube

အခု ပြောပြချင်တာကတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်း CGTN မှာ ထုတ်လွှင့်သွားခဲ့တဲ့ ဗီဒီယိုဖိုင်လေး တစ်ခုအကြောင်းပါ။ တစ်မိနစ်နဲ့ (၃၆) စက္ကန့်သာကြာတဲ့ ဒီ ဗီဒီယိုဖိုင်အတိုလေးက အဖေများနေ့အထိမ်းအမှတ်အတွက် တင်ဆက်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုပဲဖြစ်ပြီး ကင်ဆာရောဂါသည် ဖခင်တစ်ယောက်ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုကို ရိုက်ကူးထားခဲ့တာပါ။

တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်မှာနေထိုင်တဲ့ ၀မ်ယု ဆိုတဲ့အမျိုးသား ဟာ အဆုတ်ကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပြီး သူက နောက်ဆုံးအဆင့်ဖြစ်နေပါပြီ။ သူ့မှာ သားတစ်ယောက်နဲ့ ဇနီးသည်ရှိနေပြီး သူ့ရဲ့နောက်ဆုံးအချိန်တွေမှာ မိသားစုအတွက် တစ်ခုခုလုပ်ပေးဖို့ သူ စဉ်းစားခဲ့တယ်။

Youtube

ဝမ်ယု ဟာ သူ့ရဲ့ရောဂါအတွက် ကီမိုဆေးတွေ သွင်းနေရတဲ့အချိန်မှာပဲ ဘေဂျင်းမြို့ထဲက အသံသွင်း စတူဒီယို တစ်ခုကိုသွားပြီး အသံဖိုင်လေးတွေ သွင်းယူခဲ့တယ်။

READ
ဆရာဝန်ကိုငိုကြွေးစေခဲ့တဲ့ (၁)နှစ်သာအသက်ရှင်ဖို့ရှိတော့တဲ့ ကလေးမလေးရဲ့ စာတစ်စောင်

သူ့ရဲ့ နေ့စဉ်ဘ၀မှာ ပုံမှန်စကားပြောနေကြ အကြောင်းအရာတွေကိုပဲ အသံသွင်းခဲ့တာပါ။ အားလုံးက သူ့သားနဲ့ ပတ်သက်လို့နေတယ်။ “ထမင်းစားချိန်မှန်ဖို့ ဖေဖေသတိပေးထားတယ်နော်” ဆိုတာမျိုး ။ “စာလုပ်ဖို့မေ့မနေနဲ့ဦး” ဆိုတာမျိုး။ စတဲ့ သူ့သားကို မှာနေကျ စကားတွေကို အသံသွင်းပြီး သူ့ရဲ့အသံကို နေအိမ်မှာရှိတဲ့သူတွေ အမြဲကြားနေရအောင် စီမံခဲ့တာပါ။

သူက သားဖြစ်သူရဲ့ (၁၈)နှစ်ပြည့် မွေးနေ့ဆုတောင်းအထိ သူ့ရဲ့အသံကို ထည့်သွင်းထားခဲ့ပြီး အိမ်အတွင်းမှာ တပ်ထားတဲ့ စပီကာတွေကတစ်ဆင့် ကြားနိုင်အောင် စီစဉ်ခဲ့တယ်။

Youtube

(၂၀၁၇)ခုနှစ်မှာမှ သူ့ရဲ့ရောဂါအကြောင်း သိခဲ့ရတဲ့ ၀မ်ယု ဟာ တစ်နှစ်အတွင်းမှာ အဆိုးဆုံးအခြေအနေကို ရောက်ရှိသွားခဲ့ပြီး သူ့ရဲ့ရောဂါဆိုးနေပြီဆိုတာကို သားဖြစ်သူဆီ အသိမပေးရက်ခဲ့ပါဘူး။

ဒါပေမယ့် (၂၀၁၈) ဒီဇင်ဘာလမှာတော့ ၀မ်ယု တစ်ယောက် ဒီရောဂါကြောင့်ပဲ ကွယ်လွန်သွားခဲ့ရပြီး သူ့ရဲ့မိသားစုအတွက် အသံဖိုင်တွေသာ ချန်ထားနိုင်ခဲ့ပါတော့တယ်။

READ
ယာဉ်ကြောကြပ်တဲ့ဒဏ်ကို မခံစားနိုင်လို့ နေ့တိုင်း မြစ်ကိုဖြတ်သန်းသွားနေတဲ့ အမျိုးသား

ဒီ ဗီဒီယိုလေးဟာ ကြည့်ရှုသူတွေကို ခံစားမှုအပြည့်ပေးစွမ်းနိုင်ခဲ့ပြီး သားကိုချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ထင်ထင်ရှားရှားတွေ့နိုင်တယ်လို့ ကြည့်ရှုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Youtube ပေါ်ကို ဒီ ဗီဒီယို ဖိုင် ရောက်သွားတဲ့အချိန်မှာလည်း ကြည့်ရှုနှုန်းက သန်းချီရှိခဲ့ပြီး ၀မ်ယု ရဲ့ စိတ်ကူးကောင်းတဲ့ အကြံလေးကို ကြည့်ရှုသူတွေက ချီးကျူးခဲ့ကြတယ်။

Linn

Source : CGTN , shanghai.ist

SHARE