သမီးဖြစ်သူ အားတက်အောင်လို့ ပရိသတ်ထဲကနေ ပန်းပွားအက လိုက်ကခဲ့တဲ့ ဖေဖေ

facebook/Scott Willard

မိဘနေရာ တာဝန်ယူရတာဟာ ခက်ခဲလွန်းပါတယ်။ အချိန်နဲ့အမျှ ကိုယ်ဟာ မိဘဖြစ်ထိုက်ဖို့ အရည်အချင်း ရှိသလား၊ မရှိဘူးလားဆိုတာ စမ်းသပ်ခံနေရတာပါ။ ကိုယ်မွေးထားတဲ့ သားသမီးကို လူတစ်လုံး သူတစ်လုံးဖြစ်ဖို့အရေး ကိုယ်တိုင်အနစ်နာခံပြီး ပျိုးထောင်ပေးရတာမျိုးကလည်း မိဘတွေပဲ လုပ်နိုင်တာပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ မိဘတွေရဲ့ သားသမီးအပေါ် ချစ်တဲ့အချစ်ကို ဘေးလူကိုယ်တိုင်မြင်ပြီး အံ့သြရတာတွေလည်း ရှိပါသေးတယ်။ ဥပမာပြောရရင် storypick ကနေ တဆင့် အခုတွေ့ရမယ့် ဗီဒီယိုလေးထဲကလိုမျိုးပါ။

facebook/Scott Willard

ဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ယောက်ဟာ ပရိသတ်ထဲကနေပြီး ပန်းပွားအက လိုက်ကနေခဲ့တာပါ။ သိရတာက ထိုနေရာဟာ ဘောလုံးပွဲစဉ်တစ်ခုမှာဖြစ်ပြီး ထိုအမျိုးသားရဲ့ သမီးဖြစ်သူက အသင်းသားတွေနဲ့ ကြည့်ရှုသူတွေ စိတ်အားတက်ကြွလာအောင် အားပေးရတဲ့ ပန်းပွားအသင်းကလို့ ဆိုပါတယ်။ ၄င်းအမျိုးသားနာမည်ကတော့ ဟီကီလီဟော်လန်လို့ သိရပါတယ်။

READ
ဓနရှင်တွေလက်ထဲက မိုးသစ်တောတွေကို ပြန်လည်လုယူနိုင်ခဲ့ပြီဖြစ်တဲ့ အမေဇုန်မျိုးနွယ်စု

ဒီဗီဒီယိုလေးကိုတော့ ဟီကီလီဟော်လန်နဲ့အတူ ဘောလုံးပွဲကြည့်ဖို့လာတဲ့ ပွဲကြည့်ပရိသတ်တစ်ဦးက ရိုက်ကူးထားတာပါ။ သမီးဖြစ်သူကို ပျော်ရွှင်စေဖို့ သူကိုယ်တိုင် တက်တက်ကြွကြွနဲ့ သမီးကနေတဲ့ ပန်းပွားကကွက်တွေကို လိုက်ကနေတဲ့ ဟီကီလီကိုတော့ ပျော်စရာကောင်းစွာ အခုလိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

This guy right here needs to go viral. By far CHEER DAD OF THE YEAR!!!!!! This dude rocks!!!! GO YORK FALCONS!!!! #cheerdad #countyneededthis #tabbstrong

Posted by Scott Willard on Friday, November 1, 2019

လင်းလင်း (ShweMom)

SHARE