ခင်ပွန်းကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အထူးလက်ဆောင်လေးတစ်ခု ပေးခဲ့တဲ့ ဇနီးသည်

ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာ ခင်ပွန်းသည်ဖြစ်သူရော၊ ဇနီးသည်ဖြစ်သူပါ အချင်းချင်း ဖေးဖေးမမရှိတဲ့ အပေးအယူမျှတဲ့ဆက်ဆံရေးတစ်ခုပါ။ ဒီလိုပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမျိုးကို ဟီရိုတိုအမည်ရတဲ့ ဂျပန်အမျိုးသားတစ်ဦးက ကံကောင်းစွာနဲ့ ပိုင်ဆိုင်ရရှိထားပါတယ်။ ဟီရိုတိုက လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ် နှောင်းပိုင်းမှာ လက်ထပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေဦးရာသီမှာတော့ ဟီရိုတိုရဲ့ ဇနီးသည်က သမီးမိန်းကလေးတစ်ဦးကို ဖွားမြင်ပါတယ်။

twitter

တွေ့ရတဲ့ ပုံလေးကတော့ ပါးဖောင်းဖောင်းအိအိလေးနဲ့ ချစ်စရာကောင်းလှတဲ့ ဟီရိုတိုရဲ့ သမီးဦးလေး ဖြစ်ပါတယ်။ ဟီရိုတိုအနေနဲ့ အရင်လို ဇနီးသည်တစ်ယောက်တည်း ရှိတာမဟုတ်ပဲ သမီးကလေးပါ တိုးလာတော့ ပိုပြီးအလုပ်ကြိုးစားရပါတယ်။ ခင်ပွန်းတစ်ယောက်ရဲ့ ၀တ္ထရားတွေတင်မကပဲ ဖခင်တစ်ယောက်ရဲ့ ၀တ္ထရားတွေပါ ပိုမှန်းမသိ ပိုလာခဲ့ပါတယ်။ ဟီရိုတိုက မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်းပီသအောင် ကြိုးစားရလွန်းလို့ သူ့အတွက် အနားယူဖို့ အချိန်တောင်မရှိဖြစ်နေတာကို ဇနီးသည်က သတိပြုမိဟန်တူပါတယ်။

twitter

တစ်ေန့တော့ ဇနီးသည်က သူ့ကို စာအိတ်လေးတစ်ခု ပေးပါတယ်။ စာအိတ်ရဲ့ အပြင်မှာတော့ စာလုံးမည်းကြီးတွေနဲ့ “ကျေးဇူးတင်စွာဖြင့်…” ဆိုပြီး ဂျပန်စကားလုံးနဲ့ ရေးသားထားပါတယ်။ စာအိတ်ထဲမှာတော့ ယန်း(၂) သောင်း (အမေရိကန်ဒေါ်လာ၁၈၀) ထည့်ပေးထားပါတယ်။ ပြီးတော့ လက်ရေးနဲ့ ရေးသားထားတဲ့ စာတစ်စောင်လည်း ပါပါတယ်။ စာထဲမှာ ဘာရေးထားသလဲဆိုတော့…

READ
သခင်ဖြစ်သူရဲ့အသက်ကို ကယ်ပေးနိုင်ခဲ့တဲ့ ကြောင်ဆိုးမလေးတစ်ကောင်

ရှင့်အတွက် လက်ဆောင်  : (၁) ရက်တာ အနားယူခွင့်

  • ဘယ်နေ့ဖြစ်ဖြစ် အဆင်ပြေပါတယ်။ နေ့ရွေးပြီးရင်သာ ကျွန်မကို အသိပေးပါ။
  • ပိုက်ဆံကို ရှင်စိတ်ကြိုက်သုံးနိုင်ပါတယ်။ (ဂိမ်းပဲဆော့ဆော့ ၊ ရေပူစမ်းပဲ သွားသွား၊ အပြင်မှာ တစ်ခုခုစားလဲရတယ်၊ သောက်လည်း ရပါတယ်)
  • ပြန်ချင်တဲ့ အချိန်မှ အိမ်ပြန်လာပါ။ (အရမ်းကြီးနောက်မကျရင် ရပါပြီ)
  • အဲဒီနေ့မှာ ရှင်အိမ်အလုပ်တွေ ဘာတစ်ခုမှလုပ်စရာမလိုပါဘူး။

ဒါက နေ့တိုင်းနေ့တိုင်း အဖေတစ်ယောက်အနေနဲ့ ကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့ ရှင့်အတွက်ပေးတဲ့ လက်ဆောင်ပါ။ အမြဲတမ်းအတွက် ကျေးဇူးတင်ပါတယ်။ 

ဆိုပြီး ရေးသားထားတာပါ။

ဇနီးဖြစ်သူရဲ့ သူ့အပေါ် စာနာနားလည်နိုင်စွမ်းနဲ့ ပတ်သက်လို့ ဟီရိုတိုက အင်မတန်နှစ်ခြိုက်ကျေနပ်ခဲ့ပါတယ်။ ဒီအကြောင်းကို “ကျွန်တော့်မိန်းမကို ကျွန်တော်သိပ်ကျေးဇူးတင်မိတယ်…” ဆိုတဲ့ စာသားနဲ့အတူ ဓာတ်ပုံလေးတွေပါ တွဲတင်ရင်း “တစ်ရက်တာ အနားယူခွင့်ကို ပျော်ပျော်ကြီး အသုံးချပါပြီ…” ဆိုပြီး တွစ်တာပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာအပေါ် မှတ်ချက်ချသူတွေကလည်း အခုလို ရှိပါတယ်။

READ
မိခင်အတွက် မုန့်ဖိုးစုပြီး စိန်လက်စွပ်ဝယ်ပေးခဲ့တဲ့ ၁၀ နှစ်သားလေး
twitter

“ငွေထက် စာတစ်စောင်က ပိုပြီး ထူးခြားတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်တယ်ဆိုတာ သိပ်သိသာတယ်…” “စိတ်ထားလှတဲ့ မိန်းမကောင်း ရထားတာ…” “မနက်ပိုင်း ဒါလေး ဖတ်ရတော့ စိတ်ထဲမှာ အရမ်းကြည်နူးသွားမိတယ်.. နှစ်ယောက် အမြဲတမ်းပျော်ရွှင်ပါစေ…”

twitter

ဇနီးသည်ကိုယ်တိုင်ကတောင် အခုလို အလိုက်တသိနဲ့ လွတ်လပ်ခွင့်ပေးမှတော့ ဟီရိုတာဟာ ဘယ်လောက်တောင် အိမ်ထောင်ဦးစီးကောင်း ပီသလိုက်သလဲလို့ အများက ချီးမွမ်းနေကြပါတယ်။ ဘာပဲပြောပြော ဟီရိုတိုမောင်နှံရဲ့ သမီးကလေးတော့ ကံထူးလွန်းစွာပဲ မိခင်ကောင်း၊ ဖခင်ကောင်းတို့ရဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာရတော့မှာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: soranews24

SHARE