လုပ်ငန်းခွင် နယ်ပယ်တွေထဲမှာ မိသားစုအချင်းချင်း ပြန်တွေ့ရတဲ့ အဖြစ်အပျက်တွေဆိုတာ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးကျရင် ဘယ်သူမဆို စိတ်ကြည်နူးမိမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ မိသားစုဝင်ဖြစ်တဲ့သူနဲ့ အလုပ်နယ်ပယ်တစ်ခုထဲမှာပဲ အတူတူပြန်တွေ့ဆုံရတဲ့ အခိုက်အတန့်မှာ ခံစားရတဲ့ စိတ်ခံစားချက်ဟာ ဘာနဲ့မှကို မလဲနိုင်ပါဘူး။ အခုပြောပြချင်တဲ့ အဖြစ်အပျက်လေးတစ်ခုကလည်း အဲဒီလိုပါပဲ။ ရဲသားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဖခင်ဖြစ်သူနဲ့ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတဲ့ သမီးဖြစ်သူတို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံတဲ့ အခိုက်လေးတစ်ခုပါပဲ။ အဲဒီလိုအချိန်မှာ ဖခင်ဖြစ်သူဟာ သမီးဖြစ်သူအတွက် ဝမ်းသာဂုဏ်ယူတဲ့ ပုံစံမျိုးနဲ့ အလေးပြုနေတဲ့ ဓာတ်ပုံလေးဟာ ဆိုရှယ်မီယာမှာ တော်တော်လေး ပျံ့နှံ့ခဲ့ပါတယ်။
#APPolice1stDutyMeet brings a family together!
Circle Inspector Shyam Sundar salutes his own daughter Jessi Prasanti who is a Deputy Superintendent of Police with pride and respect at #IGNITE which is being conducted at #Tirupati.
A rare & heartwarming sight indeed!#DutyMeet pic.twitter.com/5r7EUfnbzB
— Andhra Pradesh Police (@APPOLICE100) January 3, 2021
အဆိုပါ ဖြစ်ရပ်ကတော့ အိန္ဒိယနိုင်ငံ၊ Guntur မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူကတော့ Y Shyam Sundar လို့ အမည်ရတဲ့ ရဲသားကြီးတစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူကတော့ Jessi Prasanti လို့ အမည်ရတဲ့ DSP(Deputy Superintendent of Police) ရဲအရာရှိတစ်ယောက်ပဲ ဖြစ်ပါတယ်။ Jessi ဟာ ဂျူတီအချိန်မှာ တာဝန်ကျ ရဲတွေကို စစ်ဆေးဖို့အတွက် ကင်းလှည့်နေတုန်း အချိန်မှာ ဖခင်ဖြစ်သူ Y Shyam နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး တွေ့ဆုံမှုဟာ Jessi တို့ သားအဖကြားမှာ ပထမဦးဆုံး တွေ့ဆုံမှုဖြစ်ပြီး သားအဖနှစ်ယောက်စလုံးဟာ ဒီလိုမျိုး လုပ်ငန်းနယ်ပယ်ထဲမှာ တွေ့ဆုံရလို့ ပြုံးပျော်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Y Shyam ဟာ သူ့ရဲ့ သမီးတစ်ဖြစ်လဲ အထက်အရာရှိဖြစ်သူ Jessi ကို အလေးပြုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မက အဖေ့ကို အလေးမပြုဖို့ ပြောပါသေးတယ်။ ဒါပေမယ့် အဖေက ကျွန်မကို ပြုံးကြည့်ပြီး ကျွန်မအတွက် ဂုဏ်ယူနေတာကြောင့် အလေးပြုခဲ့ပါတယ်။ အဖေအလေးပြုတဲ့အချိန်မှာတော့ စိတ်ထဲခံစားရတာ တစ်မျိုးကြီးပါပဲ။ ဒါပေမယ့် အဖေကျွန်မအတွက် ဂုဏ်ယူနေလို့ ကျွန်မတော်တော်လေး ဝမ်းသာရပါတယ်။ ဒါ့ကြောင့် ကျွန်မလည်း အဖေ့ကို ပြန်အလေးပြုခဲ့ပါတယ်”လို့ Jessi က Times Now News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ Y Shyam တစ်ယောက် Jessi ကို အလေးပြုနေတဲ့ ဓာတ်ပုံလေးဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး ပျံ့နှံ့ခဲ့ပြီး react ပေးသူ 16.1k အထိ ရှိလာခဲ့ပါတယ်။
Oh my God. They say “ Nothing a man ever does can feel greater than the achievement of his offspring‘s”. I can feel the pride of Inspector Shyam Sundar. You are very blessed sir. God bless you both with a long healthy and wonderful life. Thank you for making all our day.🙏🙏🇮🇳🇮🇳
— Ranganathan Madhavan (@ActorMadhavan) January 5, 2021
Pyi Hein Kyaw